ဤနေရာတွင် နုပျိုသောစွမ်းအင်များကိုရေရှည်ထိန်းထားနိုင်ရန် သို့မဟုတ် ထိုစွမ်းအင်များကိုပြန်လည်ရရှိရန်ရည်မှန်းထားသော သင်၏ဆန္ဒများကို လက်တွေ့အကောင်အထည်ပေါ်လာစေရန် ကျွန်ုပ်တို့ကူညီပြောင်းလဲပေးနိုင်သည်။ နောက်ဆုံးပေါ်အသိဉာဏ်တုနည်းပညာကိုအသုံးပြုထားသည့် ခေတ်မှီဆန်းသစ်သောအစီအစဉ်များဖြင့် ရှည်ကြာသောသက်ဝင်တက်ကြွမှုများရရှိစေရန် သင်၏ကျန်းမာရေးပြုပြင်ပြောင်းလဲမှုခရီးစဉ်တစ်လျှောက် ကျွန်ုပ်တို့လမ်းပြကူညီပေးမည်ဖြစ်သည်။ သင်တို့၏ကျန်းမာခြင်းကိုအဓိပ္ပာယ်ပြန်လည်ဖွင့်ဆိုသတ်မှတ်နိုင်ရန် ကျွန်ုပ်တို့ကျွမ်းကျင်ပညာရှင်များမှ လူနာတစ်ဦးတစ်ယောက်ခြင်းစီအတွက်သီးသန့်ဖြစ်သောအကြုံပြုမှုများ၊ တီထွင်ဆန်းသစ်ထားသောစစ်ဆေးမှုအစီအစဉ်များ နှင့် သိပ္ပံနည်းပညာအရသင့်လျော်သောကုထုံးများကို စီမံအကြုံပြုပေးနိုင်သည်။
သင့်ကျန်းမာရေးနှင့် နုပျိုသက်ဝင်မှုများကိုကူညီမြှင့်တင်ပေးနိုင်ရန်စီစဉ်ထားသည့် ကျွန်ုပ်တို့၏ပြီးပြည့်စုံသော ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်များကိုရှာဖွေလေ့လာပါ။
၁။ ကျန်းမာရေးရာဇဝင်
ပထမဦးဆုံးအနေဖြင့် သင်၏လက်ရှိကျန်းမာရေးအခြေအနေနှင့် ယခင်ကဖြစ်ပွားခဲ့ဖူးသောရောဂါများ၊ နေ့စဉ်ဘဝအလေ့အထများ၊ ကျန်းမာခြင်းအပေါ်ထားရှိသောသင်၏ခံယူချက်များ၊ ရည်မှန်းချက်များကိုအသေးစိတ်စိစစ်လေ့လာခြင်း။

၂။ အလုံးစုံအကဲဖြတ်စစ်ဆေးခြင်း
လူနာတစ်ဦးစီအတွက်သီးသန့်ဖြစ်သော ခေတ်မှီရောဂါရှာဖွေစစ်ဆေးခြင်း၊ အသေးစိတ်ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းအစီအစဉ်များဖြင့် ရောဂါဖြစ်ပွားနိုင်ချေအန္တရာယ်နှင့် အရေးကြီးသောကျန်းမာရေးဆိုင်ရာအမှတ်အသားများကိုရှာဖွေသတ်မှတ်ခြင်း။

၃။ သက်ရှည်နုပျိုခြင်းဆိုင်ရာအစီအစဉ်များ
နောက်ဆုံးပေါ်သိပ္ပံဆိုင်ရာစစ်ဆေးတွေ့ရှိမှုများအရ ဘက်ပေါင်းစုံမှခြုံငုံသုံးသပ်ထားသည့်အသိအမြင်များဖြင့် သင်မျှော်မှန်းထားသည့်ကျန်းမာရေးပန်းတိုင်သို့ရောက်ရှိစေရန် သီးသန့်ကျန်းမာရေးအစီအစဉ်များကိုရေးဆွဲပေးခြင်း။

၄။ ကျန်းမာရေးရှုထောင့်ပေါင်းစုံမှဖြည့်စွက်ကုသပေးနိုင်သည့်ကုထုံးများ
ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းစေရန်နှင့် ဖြစ်ပွားနေသောကျန်းမာရေးပြဿနာများကိုဖြေရှင်းပေးနိုင်ရန် ရည်ရွယ်စီစဉ်ထားသည့် ပြီးပြည့်စုံသောကုထုံးများဖြင့်သင်တို့၏ကျန်းမာရေးကိုအဆင့်မြှင့်တင်လိုက်ပါ။

၅။ ပုံမှန်စောင့်ကြည့်လေ့လာခြင်းနှင့် ပြင်ဆင်ညှိနှိုင်းမှုများ
စဉ်ဆက်မပြတ်သောပြန်လည်စစ်ဆေးမှုများနှင့် ရေရှည်တည်တံ့သောသက်ဝင်ကျန်းမာခြင်းအတွက် အသစ်အသစ်သောအသိအမြင်များအရ လိုအပ်သောပြင်ဆင်ညှိနှိုင်းမှုများကိုလုပ်ဆောင်ခြင်း။

ကျန်းမာရေးရှုထောင့်ပေါင်းစုံမှရရှိနိုင်သောပညာရှင်ဆိုင်ရာထူးချွန်မှုများ
VitalLife သည် ကုသမှုအဆင့်မှီအရည်အသွေးပြည့်ဝသောကျန်းမာရေးစောင့်ရှောက်မှုများကိုရရှိစေရန် ဘမ်ရွန်ဂရက်ဆေးရုံကြီးနှင့် ပူးပေါင်းလက်တွဲလုပ်ဆောင်လျှက်ရှိသည်။ ဤနည်းအားဖြင့် သင်၏စိတ်နှင့်ခန္ဓာတို့ပါဝင်ဆက်စပ်နေသည့် သက်ရှည်ကျန်းမာခြင်းခရီးစဉ်တစ်လျှောက်တွင် ပြီးပြည့်စုံသောအထောက်အပံ့များကိုပေးစွမ်းနိုင်ရန်ရည်ရွယ်သည်။

ကမ္ဘာအနှံ့ဦးဆောင်နိုင်မှု
ဆေးပညာနှင့်နည်းပညာပိုင်းဆိုင်ရာတိုးတက်ပြောင်းလဲမှုများတွင် ဆယ်စုနှစ်နှစ်ခုတိုင်ရှေ့တန်းမှဦးဆောင်နေသည့် ကျန်းမာရေးစင်တာတစ်ခုအနေဖြင့် ကျွန်ုပ်တို့၏ကမ္ဘာနှင့်ချီသောအသိအမှတ်ပြုကျွမ်းကျင်ပညာရှင်အဖွဲ့အစည်းမှ သင်တို့အတွက်အဆန်းသစ်ဆုံးသော နောက်ဆုံးပေါ်နည်းပညာများ၊ ကုသမှုများကိုပေးစွမ်းနိုင်သည်။ ထို့အတွက်ကျွန်ုပ်တို့၏အတွေ့အကြုံများကိုယုံကြည်စိတ်ချကာ သင့်ကျန်းမာရေးအတွက်အကြံပေးလမ်းပြမှုများကိုရယူနိုင်ပါသည်။

သင့်အတွက်ကိုယ်ပိုင်ဖြစ်သော
သင်၏ကျန်းမာခြင်းသည် သင်တစ်ဦးတည်းအတွက်သာသီးသန့်ဖြစ်စေရန်ရည်ရွယ်၍ သင့်လိုအပ်ချက်များအရသင့်တော်သောခေတ်မှီရောဂါရှာဖွေရေးနည်းလမ်းများ၊ ဖြေရှင်းရန်နည်းလမ်းများ၊ ကုသနည်းများအားလုံးကို ဖြည့်စွက်ရေးဆွဲပေးထားသည့် ကိုယ်ပိုင်ကျန်းမာရေးအစီအစဉ်များကိုရယူလိုက်ပါ။

ပြန်လည်ကုစားခြင်း နှင့် အဆင့်အတန်းမြင့်မားကောင်းမွန်သောဝန်ဆောင်မှုတို့ဆုံစည်းရာ
သက်တောင့်သက်သာရှိမှုနှင့် နုပျိုသစ်လွင်သောခံစားမှုများကိုရရှိစေရန်စီစဉ်ထားသည့် ကျွန်ုပ်တို့၏ဆိတ်ငြိမ်အေးချမ်းသောနေရာတွင် အဆင့်အတန်းမြင့်မားကောင်းမွန်သော ပြန်လည်ကုစားခြင်းအတွေ့အကြုံများကိုရယူခံစားလိုက်ပါ။ ကျွန်ုပ်တို့အဖွဲ့သားများအနေဖြင့်သင့်အတွက်ချွင်းချက်မရှိသော ကျန်းမာရေးစောင့်ရှောက်မှုများကိုပေးစွမ်းနိုင်ရန်၊ သင်၏ကျန်းမာရေးပြုပြင်ပြောင်းလဲမှုခရီးစဉ်တစ်လျှောက်အားဖြည့်ကူညီပေးရန်ကတိပြုထားပြီးဖြစ်သည်။

သင့်အောင်မြင်မှု
ကျွန်ုပ်တို့၏တီထွင်ဆန်းသစ်သောကုသမှုနည်းပညာများဖြင့် မိမိတို့ရည်မှန်းထားသောကျန်းမာခြင်းကိုရယူထားနိုင်သည့် ထောင်သောင်းမကသောသူများတွင်သင်ပါဝင်လိုက်ပါ။ VitalLife အနေဖြင့် ရှင်းလင်းပြတ်သားသောလမ်းညွှန်မှုများ၊ လက်တွေ့လိုက်နာလုပ်ဆောင်ရန်လွယ်ကူသောအကြံပြုချက်များကိုပေးစွမ်း၍ သင့်ခရီးစဉ်တစ်လျှောက်တည့်မတ်စွာလျှောက်လှမ်းနိုင်ရန်ကူညီပေးလျှက်ရှိပါသည်။

သက်ရှည်နုပျိုခြင်းအဆင့်မြှင့်တင်ခြင်း
ကျွန်ုပ်တို့တာဝန်မှာ သက်ရှည်ကျန်းမာနုပျိုခြင်းဆိုသည့် စည်းဘောင်များကိုပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်နိုင်ရန်ဖြစ်သည်။ ကမ္ဘာ့အဆင့်မှီသိပ္ပံပညာရှင်များ၊ သမားတော်များပါဝင်သည့်အဖွဲ့မှဦးဆောင်ကာ တင်းကျပ်စွာစိစစ်ကောက်နှုတ်ထားသော သုတေသနလေ့လာချက်များကိုအခြေပြု၍ ခေတ်မှီဆန်းသစ်သောသိပ္ပံနည်းကျဖြေရှင်းနည်းများကို ထောက်ပံ့ပေးစွမ်းနေသည်။

ကျွန်ုပ်တို့သည် သက်ရှည်ကျန်းမာနုပျိုခြင်းဆိုသည့် စည်းဘောင်များကိုပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်နိုင်ရန်နှင့် သက်ဝင်တက်ကြွခြင်း၏စစ်မှန်သောအနှစ်သာရကိုဖော်ထုတ်နိုင်ရန်ရည်ရွယ်သည်။ ထို့ကြောင့်ပင် သက်ရှည်နုပျိုခြင်းဆိုင်ရာစွန့်ဦးသိပ္ပံပညာရှင်များ၊ ဆေးကုသမှုဆိုင်ရာသမားတော်များပါဝင်သည့် ထင်ရှားကျော်ကြားသောအဖွဲ့အစည်းမှဦးဆောင်၍ အိုမင်းရင့်ရော်ခြင်းဖြစ်စဉ်ကိုတွန်းလှန်နိုင်ရန် သုတေသနလေ့လာမှုများကိုမရပ်မနားပြုလုပ်လျှက်ရှိသည်။

Evelyne Bischof MD, PhD, MPH
ပါမောက္ခ Evelyne Bischof သည် Shanghai ဆေးတက္ကသိုလ်တွင်ပါမောက္ခအနေဖြင့်လည်းကောင်း၊ Jiaotong Shanghai Renji တက္ကသိုလ်ဆေးရုံတွင် ကုသရေးဆိုင်ရာတွဲဖက်ဌာနမှူး အနေနှင့်လည်းကောင်းတာဝန်ထမ်းဆောင်လျှက်ရှိသည်။ သူမသည် Harvard ဆေးပညာတက္ကသိုလ်နှင့်သက်ဆိုင်သောဆေးရုံခွဲများ

Claudio Viecelli, PhD
Dr. Claudio Viecelli သည် ETH Zurich

Christopher Mason, PhD
ပါမောက္ခ Christopher Mason သည် Weill Cornell ဆေးတက္ကသိုလ်၏ မျိုးရိုးဗီဇ၊ ဇီဝကမ္မဗေဒနှင့် ဇီဝသိပ္ပံပညာရပ်ဆိုင်ရာပါမောက္ခတစ်ဦးဖြစ်သည်။

Brian Kennedy, PhD
ပါမောက္ခ Brain Kennedy သည် The Yong Loo Lin School of Medicine, National University of Singapore (NUS) ရှိဇီဝဓာတုနှင့် ဇီဝကမ္မဗေဒဠာနတို့၏ပါမောက္ခ၊ Healthy Longevity Translational Research Programme နှင့် Bia-Echo Asia Centre for Reproductive Longevity and Equality

Evelyne Bischof MD, PhD, MPH
MassachusettsGeneral, Beth Israel, Brigham and Women's, Dana-Farber Cancer Institute, Columbia University NewYork-Presbyterian Hospital နှင့် Basel University Hospital အစရှိသည့် များစွာသောဆေးရုံများတွင် လက်တွေ့သင်ကြားမှုများကိုလေ့လာတတ်မြောက်ခဲ့ပြီးဖြစ်သည်။ ဆေးပညာနှင့် ကင်ဆာဗေဒဆိုင်ရာအထူးပြုသမားတော်တစ်ဦးဖြစ်သည့်အလျောက် သူမ၏သုတေသနလေ့လာမှုများသည် ကျန်းမာသောသက်ရှည်နုပျိုခြင်းဆိုင်ရာဆေးပညာ၊ အသိဉာဏ်တုအချက်အလက်နှင့်နည်းပညာအသုံးပြုကုသရေးတို့အပြင် ကင်ဆာဗေဒ၊ ကာကွယ်ရေးနှင့်အနုစိတ်ဆေးပညာ၊ အိုမင်းရင့်ရော်ခြင်းဆိုင်ရာဇီဝဗေဒ နှင့် လူတို့သက်တမ်းတစ်လျှောက် အသက်အရွယ်အလိုက်ဖြစ်တတ်သောရောဂါဗေဒလေ့လာခြင်းများကို အထူးပြုသည်။
ပါမောက္ခ Bischof သည် ဆယ်စုနှစ်တစ်စုမကသောကာလတစ်လျှောက်တွင် ဆေးပညာလက်တွေ့အသုံးပြုကုသခြင်း၊ ဆေးတက္ကသိုလ်များတွင်သင်ခန်းစာများဟောပြောပို့ချခြင်းသာမက New York, Shanghai, Basel, Switzerland နိုင်ငံတို့တွင်ပြုလုပ်နေသော ကုသရေးနှင့်ဘာသာပြန်ဆိုခြင်းဆိုင်ရာသုတေသနလုပ်ငန်းများတွင်လည်း ဦးစီးဆောင်ရွက်လျှက်ရှိသည်။ Fudan Cancer Institute and Hospital, Zhongshan Hospital (Fudan University), Renji Hospital (Jiaotong University) နှင့် Shanghai East Hospital (Tongji University) စသော နာမည်ကြီးသင်ကြားရေးဆေးရုံများတွင်လည်း ကုသရေးနှင့်ဆေးပညာသိပ္ပံဆိုင်ရာသုတေသနများကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာပြုလုပ်ခဲ့ပြီးဖြစ်သည်။
ထို့အပြင် သိပ္ပံနှင့်ဆေးပညာဆိုင်ရာညီလာခံများတွင် မကြာခဏတက်ရောက်ဟောပြောလေ့ရှိသူဖြစ်ပြီး ဆေးပညာသုံးသပ်ချက်စာစောင်ပေါင်း ၁၈၀ ကျော်ကိုလဲရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။ ဤသို့သောပါဝင်လှုပ်ရှားမှုများကြောင့် သူမ၏ထူးချွန်ထက်မြက်သောလုပ်ဆောင်ချက်များအတွက် နိုင်ငံတကာကအသိအမှတ်ပြုလက်ခံခြင်းကိုလည်းရရှိခဲ့သည်။ European Federation of Internal Medicine, The Swiss Society of Internal Medicine နှင့် The Royal Society of Medicine အစရှိသောအဖွဲ့အစည်းများ၏ဘုတ်အဖွဲ့တွင်လည်းတာဝန်ထမ်းဆောင်လျှက်ရှိသည်။

Claudio Viecelli, PhD
မှ ကြွက်သားတည်ဆောက်မှုဆိုင်ရာဇီဝကမ္မဗေဒပညာရပ်အတွက် ပါရဂူဘွဲ့ရရှိထားသော မော်လီကျူးနှင့်ဆဲလ်ဆိုင်ရာဇီဝပညာရှင်တစ်ဦးဖြစ်သည်။ သူ၏သုတေသနလေ့လာချက်များသည် စမတ်ဖုန်းကဲ့သို့သော နေရာအနှံ့အပြားတွင်အလွယ်တကူရရှိနိုင်သည့်နည်းပညာများကိုအသုံးပြုခြင်းဖြင့် ခုခံအားလေ့ကျင့်ခန်းများတွင် လှုပ်ရှားမှုတစ်ခုအတွက် ကိုယ်တွင်းဆဲလ်နှင့်ဇီဝတစ်ရှူးစုများ၏အာရုံခံစားမှုများ၊ တုံ့ပြန်မှုအပြောင်းအလဲဖော်ပြချက်များကိုသိရှိနိုင်ကြောင်းထောက်ပြနိုင်ခဲ့သည်။ ထိုနည်းပညာများကို လူတစ်ဦးချင်းစီအလိုက် သင့်တော်သောပုံမှန်လေ့ကျင့်ခန်းအစီအစဉ်များစီမံရေးဆွဲပေးရန်နှင့် တိုးတက်မှုအခြေအနေစောင့်ကြည့်မှတ်သားရာတွင်အသုံးပြုနိုင်သည်။ ဒေါက်တာမှ သက်ရှည်ကျန်းမာခြင်းအတွက် ဤသို့သောခုခံလေ့ကျင့်ခန်းများကအရေးပါကြောင်း အသားပေးဖော်ပြထားသည့်သုံးသပ်ချက်များစွာကိုရေးသားထုတ်ဝေခဲ့ပြီး တုံ့ပြန်မှုဖော်ပြချက်များအကြောင်းနှင့် အသက်အရွယ်၊ လိင်အမျိုးအစား၊ မျိုးရိုးဗီဇတည်ဆောက်ပုံတို့၏သက်ရောက်မှုအကြောင်းအရာများကိုလည်းရေးသားဖော်ပြခဲ့သည်။
ပါရဂူဘွဲ့ရရှိခဲ့ပြီးနောက် Dr. Viecelli သည် ETH Zurich တွင်သုတေသနပညာရှင်တစ်ဦးအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုစဉ်အတွင်းမှာပင် မော်တာတပ်ဆင်ထားသောခုခံလေ့ကျင့်ခန်းစက်တစ်မျိုးကိုတီထွင်ခဲ့ပြီး လူတစ်ဦးချင်းစီအလိုက်သင့်တော်သောကိုယ်ပိုင်လေ့ကျင့်ခန်းအစီအစဉ်များရေးဆွဲပေးရန်လိုအပ်သည်များကိုရှာဖွေလေ့လာခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် Keyoniq Switzerland AG ၏သိပ္ပံဆိုင်ရာဦးဆောင်အရာရှိတစ်ဦးအဖြစ်ပူးပေါင်းပါဝင်ခဲ့သည်။

Christopher Mason, PhD
ပါမောက္ခ Mason သည် Yale Law School ၏ မျိုးရိုးဗီဇ၊ လူမျိုးနွယ်နှင့်ဥပဒေစသော လူ့အဖွဲ့အစည်းဆိုင်ရာအချက်အလက်စီမံကိန်းတွင် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်းယာယီအဖွဲ့ဝင်အဖြစ်လုပ်ဆောင်ခဲ့ပြီး ထိုသို့တာဝန်ထမ်းဆောင်နေစဉ်မှာပင် ၂၀၀၁ ခုနှစ်တွင် University of Wisconsin-Madison မှ မျိုးရိုးဗီဇနှင့်ဇီဝဓာတုဗေဒပူးတွဲဘွဲ့၊ ၂၀၀၆ ခုနှစ်တွင် Yale University မှမျိုးရိုးဗီဇဗေဒဆိုင်ရာပါရဂူဘွဲ့နှင့် ၂၀၀၉ ခုနှစ်တွင် Yale Medical School မှမျိုးရိုးဗီဇကုသမှုဆိုင်ရာလက်တွေ့သင်ကြားလေ့လာမှုများကိုရရှိတတ်မြောက်ခဲ့ပြီးဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် Weill Cornell ဆေးတက္ကသိုလ်တွင်လက်ထောက်ပါမောက္ခဖြစ်လာခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်တွဲဖက်ပါမောက္ခအဖြစ်ရာထူးတိုးမြှင့်ခြင်းခံခဲ့ရသည်။ ထို့နောက် ၂၀၁၇ ခုနှစ်တွင် WorldQuant ၏ Initiative for Quantitative Prediction စီမံချက်တွင်ဒါရိုက်တာအဖြစ်လုပ်ဆောင်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင်ပါမောက္ခချုပ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရသည်။
သူသည် Cornell, Memorial Sloan-Kettering Cancer Center နှင့် Rockefeller University, The Sandra and Edward Meyer Cancer Center, The Feil Family Brain and Mind Research Institute (BMRI) စသည့် တက္ကသိုလ်သုံးခုမှပူးပေါင်းပြုလုပ်သော ကွန်ပျူတာအသုံးပြုဇီဝဗေဒနှင့် ဆေးပညာပရိုဂရမ်တွင်ဦးဆောင်ညွှန်ကြားရန်ခန့်အပ်ခြင်းခံခဲ့ရပြီး Harvard ဆေးပညာတက္ကသိုလ်၏ The Consortium for Space Genetics မဟာဠာနအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ The New York Genome Center (NYGC) ၏ဗဟိုအဖွဲ့ဝင်အဖြစ်လည်းကောင်းပါဝင်ခဲ့သည်။ ထို့ကြောင့်ပင်ပါမောက္ခဒေါက်တာ Mason ကို Popular Science မှတင်စားသတ်မှတ်ထားသော အလွန်ထက်မြက်ကျွမ်းကျင်သည့်ပါရမီသိပ္ပံပညာရှင်ဆယ်ယောက်အနက်မှတစ်ယောက်အဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ TEDMED တွင်လည်းပင်တိုင်ဟောပြောသူတစ်ဦးဖြစ်ခဲ့ပြီး New York 92NY မှ “The Genius of Genetics” ဇီဝဗေဒပညာရပ်၏ပါရမီရှင် ဟုတင်စားခေါ်ဝေါ်ခဲ့ကြသည်။
Dr. Mason သည် သဘာဝဗေဒ၊ သိပ္ပံပညာရပ်၊ ကလာပ်စည်းဆဲလ်ဗေဒ၊ သဘာဝဇီဝနည်းပညာ၊ အဏုဇီဝဗေဒ၊ အာရုံကြောဆဲလ်အဖွဲ့အစည်းများနှင့်သက်ဆိုင်သောပညာရပ်ဆိုင်ရာကိစ္စများ နှင့် သုံးသပ်ချက်စာစောင်ပေါင်း ၃၅၀ ကျော်ကိုရေးသားခဲ့ပြီး အမေရိကန်ခရိုင်တရားလွှတ်ရုံးများနှင့်တရားရုံးချုပ်တို့မှလည်း Dr. Mason အားဆေးပညာနဲ့စပ်လျဉ်းသော ဥပဒေရေးရာရှင်းလင်းချက်များကိုသုံးသပ်တင်ပြရန် ဆင့်ခေါ်ခဲ့ကြသည်။ သူသည်မူပိုင်ခွင့် ၅ ခုကိုတီထွင်ခဲ့ပြီး FDA အသိအမှတ်ပြုရောဂါရှာဖွေစစ်ဆေးမှု ၅ မျိုး၏တွဲဖက်တီထွင်ဖန်တီးသူ၊ ဇီဝနည်းပညာကုမ္ပဏီ ၁၀ ခုနှင့် အမြတ်အစွန်းမရည်ရွယ်သောကုမဏီ ၃ ခုတို့၏တွဲဖက်တည်ထောင်သူတစ်ဦးသာမက အခြားသောအဖွဲ့အစည်း ၃၂ ခုတို့တွင်လည်းအကြံပေးအဖြစ်လုပ်ဆောင်ခဲ့သည်။

Brian Kennedy, PhD
စင်တာတို့၏ဒါရိုက်တာပင်ဖြစ်သည်။ ထပ်မံ၍ The National University Health System မှ Healthy Longevity စင်တာ၏ဒါရိုက်တာတစ်ဦးလည်းဖြစ်သည်။ အချုပ်အားဖြင့်ဆိုရလျှင် NUS ၏အိုမင်းရင့်ရော်ခြင်းဆိုင်ရာလေ့လာမှုများသည် သက်ရှည်ကျန်းမာခြင်းသို့ဦးတည်သောလုပ်ဆောင်ချက်များ၊ ကုသမှုများကို လူသားတို့၏ဘဝသက်တမ်းရှည်ကြာစေရန်၊ ရောဂါများကင်းဝေးစေရန်နှင့် လုပ်ဆောင်နိုင်စွမ်းမြင့်မားသောနေထိုင်မှုဘဝများရရှိစေရန် အသုံးချနိုင်ကြောင်း သက်သေထောက်ပြရန်ရှာဖွေလေ့လာလျှက်ရှိသည်။
Dr. Kennedy ၏သုတေသနလေ့လာချက်များသည် ဇီဝသက်တမ်းအိုမင်းရင့်ရော်မှုကိုမြန်ဆန်စေသော ဖြစ်စဉ်များအကြောင်းကို လေ့လာဖော်ထုတ်ရန်အဓိကထားပြီး ဘဝသက်တမ်းသာမက ကျန်းမာရေးသက်တမ်းကိုပါရှည်ကြာစေနိုင်မည့်နည်းလမ်းများကို ရှာဖွေရန်ရည်ရွယ်သည်။ သူ၏လေ့လာချက်များက အိုမင်းရင့်ရော်မှုဖြစ်စဉ်အားထိန်းညှိရာတွင် Sirtuins နှင့် mTOR pathway တို့၏အရေးပါပုံကိုရှာဖွေတွေ့ရှိနိုင်ခဲ့သည့် သော့ချက်တစ်ခုဖြစ်ခဲ့သည်။ မကြာသေးမီကပင်အိုမင်းရင့်ရော်မှုဖြစ်စဉ်ကိုပြသနိုင်သည့် ဇီဝအမှတ်အသားများဖြစ်ပေါ်လာခြင်းအကြောင်းကိုလည်းလေ့လာလျှက်ရှိသည်။
Dr. Kennedy သည် ၂၀၁၀ မှ ၂၀၁၆ ခုနှစ်အတွင်း Buck Institute မှပြုလုပ်သောအိုမင်းရင့်ရော်ခြင်းဆိုင်ရာသုတေသနလုပ်ငန်းစဉ်များတွင် ဥက္ကဌအဖြစ်ကြီးမှူးလုပ်ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် ၂၀၂၀ ခုနှစ်တွင်ပါမောက္ခဖြစ်လာခဲ့သည်။ ထို့အပြင် ၂၀၀၁ မှ ၂၀၁၀ ခုနှစ်အထိမဟာဌာနအဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သော Washington တက္ကသိုလ်၏ဇီဝဓာတုဌာနနှင့် Davis School of Gerontology at the University of Southern California (USC) တက္ကသိုလ်တွင်လည်း တွဲဖက်ရာထူးတစ်ခုစီရရှိခဲ့သည်။ သူ၏ပါရဂူဘွဲ့အား Laboratory of Leonard Guarente at MIT တွင်ရရှိခဲ့ပြီးနောက်ပထမဦးဆုံးအနေဖြင့် Sirtuins နှင့် အိုမင်းရင့်ရော်ခြင်းတို့၏ဆက်နွယ်မှုအကြောင်းကို စာစောင်တစ်ခုရေးသားထုတ်ဝေခဲ့သည်။
Dr. Kennedy သည် ၂၀၁၁ မှ ၂၀၂၁ ခုနှစ်အထိ Aging Cell တွင် တွဲဖက်အယ်ဒီတာဖြစ်ခဲ့သည်။ ၂၀၀၉ မှ ၂၀၁၄ ခုနှစ်များအတွင်း တရုတ်နိုင်ငံ Aging Research Institute at Guangdong Medical College တွင်ဧည့်ပါမောက္ခအဖြစ်သွားရောက်ပညာသင်ကြားပေးခဲ့ပြီးနောက်ပိုင်း တရုတ်သိပ္ပံပညာရှင်များနှင့်လည်းအချိန်အတော်ကြာပူးတွဲလုပ်ကိုင်ခဲ့သည်။

Evelyne Bischof MD, PhD, MPH

Claudio Viecelli, PhD

Christopher Mason, PhD

Brian Kennedy, PhD