ဘန်ကောက်မြို့လယ်ရှိအချက်အချာကျသောနေရာတွင် ၂၀၀၁ ခုနှစ်မှစတင်တည်ထောင်ခဲ့သည့် ကျန်းမာခြင်းနှင့်သက်ဝင်ရှင်သန်ခြင်းတို့၏အသိုက်အမြုံ VitalLife မှကြိုဆိုပါသည်။ ဤနေရာတွင် သက်ရှည်ကျန်းမာခြင်းနှင့် နုပျိုခြင်းဆိုင်ရာကျန်းမာရေးစောင့်ရှောက်ကုသမှုများကို အသွင်ပြောင်းတိုးမြှင့်နိုင်ရန်ရည်ရွယ်ပြီး သင့်အားအသက်ရှည်အနာမဲ့စွာရှင်သန်နေထိုင်နိုင်သော ဘဝတစ်ခုရရှိစေရန်ကူညီထောက်ပံ့ပေးလျှက်ရှိပါသည်။

ကျွန်ုပ်တို့အနေဖြင့် အသက်အရွယ်ဆိုသည်မှာနံပါတ်တစ်ခုသာဖြစ်ပြီး လူသားတိုင်းနာတာရှည်ဖျားနာမှုများမှကင်းဝေးကာ မိမိတို့ဘဝတစ်လျှောက်လုံးကျန်းမာပျော်ရွှင်ခြင်းကိုရရှိခံစားနိုင်သည့် အနာဂတ်တစ်ခုရှိရမည်ဟုယုံကြည်ပါသည်။ ယခု VitalLife တွင်ဤအနာဂတ်ကိုအစစ်အမှန်ရရှိခံစားနိုင်ရန် လက်တွေ့အကောင်အထည်ဖော်လျှက်ရှိသည်။
ရောဂါလက္ခဏာများကိုကုသခြင်းထက်ကျော်လွန်သော ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းတစ်ခုကိုပေးစွမ်း
နိုင်ရန်ယုံကြည်၍ အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းနှင့် ဖျားနာမှုများကိုဖြစ်စေသောအခြေခံအကြောင်းရင်းများကိုဖော်ထုတ်ကုသပေးနိုင်ရန်ရည်ရွယ်သည်။ အိုမင်းရင့်ရော်ခြင်းနှင့် ရောဂါဝေဒနာတို့၏ဝိသေသလက္ခဏာ ၁၂ ချက်ကိုဖော်ထုတ်စစ်ဆေးလေ့လာခြင်းဖြင့် ကိုယ်တွင်းလုပ်ငန်းဆောင်တာများသင့်တင့်မျှတကာကျန်းမာကြံ့ခိုင်စေရန်၊ သင့်ခန္ဓာကိုယ်အားထိန်းချုပ်ပြောင်းလဲပေးရန်ဖြစ်သည်။ ကျွန်ုပ်တို့၏ လူတစ်ဦးတစ်ယောက်ခြင်းစီအတွက်သီးသန့်ဖန်တီးပေးနိုင်သော ခေတ်မှီဆန်းသစ်သည့်ကုသမှုနည်းပညာများသည် သင့်ကျန်းမာခြင်းကိုပြန်လည်ကောင်းမွန်စေရန်၊ ငယ်ရွယ်ပျိုမျစ်သောစွမ်းအင်များနှင့်အတူ ရောဂါဝေဒနာများကိုတွန်းလှန်ခုခံနိုင်စွမ်းပြည့်ဝသည့်ဘဝတစ်ခုရရှိစေရန်ကူညီပေးနိုင်သည်။
VitalLife ၏တာဝန်မှာ သင်တို့အတွက်ပိုမိုကျန်းမာသော၊ သက်တမ်းရှည်ကြာသော၊ နုပျိုသစ်လွင်သောဘဝတစ်ခုရရှိစေရန် ကူညီလမ်းပြပေးရန်ဖြစ်သည်။ ကျွန်ုပ်တို့၏ဦးဆောင်အဖွဲ့သည်လည်း သက်ရှည်ကျန်းမာခြင်းနယ်မြေအသစ်ကိုဆန်းသစ်ချဲ့ထွင်ရန်နှင့် အဆင့်မြင့်ကျန်းမာရေးစောင့်ရှောက်မှုများကို လူတိုင်းအသေအချာရရှိခံစားနိုင်ရန်ကြိုးပမ်းလျှက်ရှိသည်။

အုပ်ချုပ်ရေးအဖွဲ့၏ ဓာတ်ပုံများတွင် ဘယ်မှညာသို့ –
Asst.Prof.Dr. Polakit Teekakirikul,၊ VitalLife နှင့် Esperance ၏ အမှုဆောင်အရာရှိချုပ်၊ Bumrungrad နိုင်ငံတကာဆေးရုံနှင့် VitalLife ၏ သိပ္ပံအရာရှိချုပ်၊
Dr. Suwanna Suwannaphong, VitalLife ၏ ပရိုဂရမ်ဒါရိုက်တာ၊
Dr. Artirat Charukitpipat, Bumrungrad နိုင်ငံတကာဆေးရုံ၏ အမှုဆောင်အရာရှိချုပ်နှင့် VitalLife ၏ အကြံပေးအရာရှိအမှုဆောင်၊
Dr. Wanviput Sanphasitvong, VitalLife ၏ စီးပွားဖြစ်ဖွံ့ဖြိုးတိုးတက်ရေးဒါရိုက်တာ တို့ဖြစ်ပါသည်။
သီးသန့်ကျန်းမာရေးစောင့်ရှောက်မှုများ၊ ပညာရပ်ဆိုင်ရာကျွမ်းကျင်တတ်မြောက်မှုများ၊ ကတိကဝတ်ပြုထားသောတာဝန်များနှင့်အတူ ရှည်ကြာသောသက်ဝင်ကျန်းမာခြင်းလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရန် VitalLife နှင့်လက်တွဲကာ သင်၏အသွင်ပြောင်းလဲခြင်းခရီးစဉ်ကိုစတင်လိုက်ပါ။