ကျွန်ုပ်တို့အနေဖြင့် ဘဝ၏အနှစ်သာရဆိုသည်မှာ အသက်ရှည်စွာနေထိုင်နိုင်ခြင်းတစ်ခုတည်းမဟုတ်ပဲ အားမာန်ပြည့်ဝတက်ကြွစွာရှင်သန်နေထိုင်နိုင်ရန်လည်းလိုအပ်သည်ဟုယုံကြည်ပါသည်။ ဤယုံကြည်ချက်ဖြင့် ကျန်းမာခြင်း၊ သက်ဝင်နုပျိုခြင်း၊ အသက်ရှည်အနာမဲ့ခြင်းတို့နှင့်ပြည့်စုံသည့် နယ်မြေအသစ်ဆီသို့ပြန်လည်ခေါ်ဆောင်ပေးနိုင်မည့် သက်ရှည်ကျန်းမာခြင်းအစီအစဉ်ကိုရေးဆွဲခဲ့ခြင်းဖြစ်သည်။
တိကျသေချာစွာရေးဆွဲဖန်တီးထားသောဤအစီအစဉ်သည် နုပျိုသစ်လွင်ခြင်း၏လျှို့ဝှက်ချက်များကိုဖော်ထုတ်ပေးပြီး ခေတ်မှီဆန်းသစ်သောနည်းပညာပေါင်းစပ်မှုများ၊ သီးသန့်ရောဂါရှာဖွေရေးနည်းလမ်းများနှင့် ပညာရှင်များမှလမ်းညွှန်အကြံပေးမှုများကိုတစ်ပြိုင်နက်ပေးစွမ်းနိုင်သည်။ ပြီးပြည့်စုံသောစစ်ဆေးမှုနှင့် စဉ်ဆက်မပြတ်သောစောင့်ကြည့်လေ့လာမှုများမှသည် တီထွင်ဆန်းသစ်သောကုသမှုနှင့် တက်ကြွလန်းဆန်းစေသောလေ့ကျင့်ခန်းအစီအစဉ်များအထိပါဝင်သည်။ သင်၏ငယ်ရွယ်နုပျိုများကိုပြန်လည်ရယူပြီး သိမြင်နိုင်စွမ်းနှင့်ကိုယ်ခံအားစနစ်ကိုမြှင့်တင်နိုင်ရန် သက်ရှည်ကျန်းမာခြင်း၏အနှစ်သာရအစစ်အမှန်ကိုရှာဖွေကြည့်ပါ။
ရှင်သန်တိုးတက်လာမည့် သင့်အနာဂတ်လမ်းစကိုဖော်ထုတ်ရန်ကျွန်ုပ်တို့နှင့်ယနေ့ပင်လက်တွဲလိုက်ပါ။
ကျွန်ုပ်တို့ခရီးစဉ်ကို နှစ်စဉ်အသင်းဝင်ခြင်းဖြင့်ရရှိနိုင်သည့် "Core Program" နှင့်စတင်သည်။ ဤအစီအစဉ်သည် သင်တစ်ဦးတည်းအတွက်သီးသန့်ဖြစ်သောကျန်းမာခြင်းဆိုင်ရာတော်လှန်ရေး၏ပထမအဆင့်ဖြစ်သည်။
စစ်မှန်သောကျန်းမာခြင်းသည်အပေါ်ယံမျက်နှာပြင်တစ်ခုထက် များစွာကျော်လွန်၍ရှိနေနိုင်သည်။ ကျွန်ုပ်တို့၏သက်ရှည်ကျန်းမာခြင်းအစီအစဉ်သည် ကျန်းမာခြင်း၏အခြေခံကျသောလက္ခဏာများသာမက အိုမင်းရင့်ရော်မှုနှင့်ရောဂါများကိုဖြစ်စေသည့် ပိုမိုခက်ခဲရှုပ်ထွေးသော၊ မကြာခဏလှစ်လျူရှုမိလေ့ရှိသောအကြောင်းအရာများကိုပါ ရှာဖွေဖော်ထုတ်ရန်စီမံဖန်တီးထားခြင်းဖြစ်သည်။ Core Program နှင့်တိုးတက်ပြောင်းလဲမှုရှိပါက သင့်အတွက်အံဝင်ခွင်ကျဖြစ်စေမည့်အထူးအစီအစဉ်များကို ထပ်ပေါင်းထည့်သွင်းပေးသွားမည်ဖြစ်သည်။


ကျွန်ုပ်တို့သည် အလှအပရေးရာနှင့် သက်ရှည်ကျန်းမာခြင်း၏သိပ္ပံဆိုင်ရာအတွေးအခေါ်များကိုပေါင်းစပ်ကာ သင့်ရုပ်ရည်အသွင်အပြင်ပြောင်းလဲခြင်းထက်ပိုသော မျက်နှာ၊ ဆံပင်နှင့် ခန္ဓာကိုယ်ဆိုင်ရာကုသမှုများစွာကိုလုပ်ဆောင်ပေးလျှက်ရှိပါသည်။ ဤကုသမှုများသည် သင့်ကိုယ်တွင်းကျန်းမာခြင်း၏အသီးအပွင့်များဖြစ်ပြီး မိမိကိုယ်ကိုယ်ယုံကြည်မှုတိုးစေရုံသာမက ယခင်ထက်ပိုမိုသက်ဝင်တက်ကြွသောဘဝနှင့် ကျန်းမာသောရွေးချယ်မှုများကိုပြုလုပ်စေနိုင်မည့် တွန်းအားတစ်ခုဖြစ်သည်။


သင့်ခရီးစဉ်အတွက် အလှအပရေးရာထက်ပိုသောဝန်ဆောင်မှုများနှင့်အတူ သွားနှင့်ခံတွင်းကျန်းမာရေးကိုပါထည့်သွင်းလုပ်ဆောင်ပါ။ ခံတွင်းကျန်းမာသန့်ရှင်းရေးနှင့် ကိုယ်တွင်းစနစ်အလုံးစုံကျန်းမာရေးတို့ ဆက်စပ်မှုရှိကြောင်းသိရှိပြီးနောက် နာတာရှည်ရောင်ရမ်းခြင်းများကိုတွန်းလှန်ကုသရန် ပြီးပြည့်စုံသောသွားနှင့်ခံတွင်းဆိုင်ရာဖြေရှင်းကုသနည်းများကိုလည်း ကျွန်ုပ်တို့ပေးစွမ်းလျှက်ရှိသည်။
မှတ်ပုံတင်ခြင်းနှင့် စစ်တမ်းမေးခွန်းများဖြေဆိုခြင်း
သွေးစစ်ခြင်းနှင့်အခြားသောရောဂါရှာဖွေရေးစစ်ဆေးမှုများ
ဝတ်ဆင်ရလွယ်ကူသော loT စက်များဖြင့်စောင့်ကြည့်လေ့လာခြင်း
Physical Sleep
သက်ဆိုင်ရာလူမှုရေးအချက်အလက်များကောက်ယူခြင်း
စိတ်ကျန်းမာရေးဆိုင်ရာလေ့လာဆန်းစစ်မှုများပြုလုပ်ခြင်း
စစ်ဆေးမှုရလဒ်များကိုလေ့လာဆန်းစစ်ခြင်း
နေထိုင်မှုပုံစံရမှတ်များတွက်ချက်ခြင်း
အစားအသောက် နှင့် လေ့ကျင့်ခန်းအကြံပြုချက်
loT စက်များကိုပြန်လည်စစ်ဆေးခြင်း
ကုသမှုလုပ်ငန်းစဉ်များ
သင့်သက်ရှည်ကျန်းမာခြင်းခရီးစဉ်သည် သင်ကဲ့သို့ပင်အများနှင့်မတူကွဲပြားစွာရှိနေသင့်သည်။
VitalLife သက်ရှည်ကျန်းမာခြင်းအစီအစဉ်၏ ခရီးစဉ်တစ်လျှောက်တစ်သက်တာထောက်ပံ့စောင့်ရှောက်မှုများနှင့်အတူ သင့်အနေဖြင့်ဝန်ဆောင်မှုတစ်ခုအတွက်စာရင်းသွင်းပါဝင်လိုက်ရုံသာမဟုတ်ပဲ စွန့်စားဖြတ်သန်းရမည့်ခရီးရှည်တစ်ခုကိုစတင်လိုက်ခြင်းပင်ဖြစ်သည်။ ပုံမှန်ရက်ချိန်းပြခြင်းနှင့် နှစ်စဉ်အလုံးစုံကျန်းမာရေးပြန်လည်စစ်ဆေးခြင်းများ၊ ကျန်းမာရေးနည်းပြများမှမကြာခဏအကြံပေးညွှန်ကြားမှုများနှင့် ကျွန်ုပ်တို့နှင့်အပြန်အလှန်တုံ့ပြန်ဆက်သွယ်နိုင်သော Application တို့သည် ခရီးစဉ်အဆင့်တိုင်းအတွက်သင့်အားကူညီထောက်ပံ့ပေးနေမည်ဖြစ်သည်။
၎င်းသည်သတ်မှတ်ထားသောအစီအစဉ်တစ်ခုသာမဟုတ်ပဲ သင့်ကျန်းမာရေးအတွက်ကူညီစောင့်ရှောက်ရန်ထားရှိသောကတိတစ်ခုပင်ဖြစ်သည်။ ဤအစီအစဉ်တွင် ကမ္ဘာ့အဆင်မှီကျွမ်းကျင်ပညာရှင်များ၏အကူအညီဖြင့် အိုမင်းရင့်ရော်မှုကိုနှောင့်နှေးစေရန်၊ ရောဂါဖြစ်ပွားခြင်းမှကာကွယ်ရန် နှင့် သင်၏စိတ်နှင့်ခန္ဓာကိုယ်ပြန်လည်သစ်လွင်ကျန်းမာစေရန် ထောက်ပံ့လုပ်ဆောင်သွားမည်ဖြစ်သည်။