phuket
VitalLife Phuket မှကြိုဆိုပါ၏
VitalLife Phuket မှကြိုဆိုပါ၏

ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် သာယာလှပသော Phuket ကျွန်းကိုနောက်ခံအဖြစ်ထား၍ တည်ဆောက်ထားသည့် သက်ရှည်ကျန်းမာခြင်း၏မီးပြတိုက်သဖွယ်ဖြစ်သော VitalLife Phuket။ အစဉ်အမြဲသက်ဝင်လှုပ်ရှားရှင်သန်လျှက်ရှိသောဘန်ကောက်မြို့မှတစ်ဆင့် ကျွန်ုပ်တို့၏နယ်မြေကိုချဲ့ထွင်ခဲ့ပြီးနောက် အက်ဒမန်ကျွန်း၏ငြိမ်သက်အေးချမ်းလှသည့်အလှတရားများနှင့် ခေတ်မှီဆန်းသစ်သောကျန်းမာရေးစောင့်ရှောက်ကုသမှုတို့ပေါင်းစပ်ဆုံစည်းရာ ကျန်းမာခြင်းအသိုက်အမြုံတစ်ခုကို VitalLife မှဂုဏ်ယူဝင့်ကြွားစွာဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ 

Phuket ၏ထူးခြားလှပသော ကျန်းမာခြင်းပန်းချီကား

Phuket ကျွန်းသည် ပျားပန်းခပ်မျှဆူညံလှုပ်ရှားနေသည့်ဘန်ကောက်မြို့အဝေးမှ ငြိမ်သက်အေးချမ်းလှသည့်နိဗ္ဗာန်ဘုံသဖွယ်တည်ရှိနေပါသည်။ ၎င်း၏သန့်ရှင်းလှပသောကမ်းခြေများ၊ စိမ်းလန်းစိုပြေသောရှုခင်းများနှင့် ငြိမ်သက်အေးချမ်းသောအငွေ့အသက်များကြောင့် သင်၏စိတ်နှင့်ခန္ဓာတို့ကိုကုစားကာ ပြန်လည်နုပျိုသက်ဝင်စေရန် အနားယူအပန်းဖြေသင့်သောအကောင်းဆုံးနေရာတစ်ခုပင်ဖြစ်သည်။ VitalLife Phuket တွင်ဤသို့အတုမရှိနိုင်သောသဘာဝအနေအထားကိုအသုံးချပြီး သင့်ကျန်းမာရေးခရီးစဉ်ကိုအရှိန်မြှင့်တင်နိုင်ရန်နှင့် သိသာထူးခြားသောပြုပြင်ပြောင်းလဲမှုများ၊ ပြန်လည်ကုစားမှုများပြုလုပ်ရန် ဆိတ်ငြိမ်အေးချမ်းသောပတ်ဝန်းကျင်တစ်ခုကိုဖန်တီးခဲ့ခြင်းဖြစ်သည်။

သုခဘုံအတွင်းမှသင်နှင့်ထပ်တူကျနေမည့်ကျန်းမာရေးဝန်ဆောင်မှုများ
VitalLife Phuket တွင် ကျွန်ုပ်တို့ကတိပြုထားသောသက်ရှည်ကျန်းမာခြင်းဆိုင်ရာထူးချွန်ကျွမ်းကျင်မှုများကိုပေးစွမ်းနိုင်ရန် အထူးဂရုပြုရွေးချယ်ထားသောဝန်ဆောင်မှုများစွာရှိသည်။
ဇီဝအသက်စစ်ဆေးခြင်း :

ခေတ်မှီဆန်းသစ်သောရောဂါရှာဖွေစစ်ဆေးရေးကိရိယာများဖြင့် ကျန်းမာခြင်း၏လျှို့ဝှက်ချက်များကိုရှာဖွေဖော်ထုတ်နိုင်ရန် သင်၏ရှင်သန်ခြင်းဆိုင်ရာဖွဲ့စည်းတည်ဆောက်ပုံအသေးစိတ်ကိုစစ်ဆေးလေ့လာခြင်း

VitalLife Longevity Intervention:

ကြိုတင်ကာကွယ်ရေးနည်းဗျူဟာများချမှတ်ခြင်း၊ နေထိုင်မှုအလေ့အထများပြင်ဆင်ပြောင်းလဲခြင်း၊ ဆေးပညာဆိုင်ရာကျွမ်းကျင်မှုများဖြင့် သင့်ကျန်းမာရေးသက်တမ်းရှည်ကြာစေရန် လမ်းညွှန်အကြံပြုခြင်းတို့ ပေါင်းစည်းပါဝင်သော သင်နှင့်အံဝင်ခွင်ကျဖြစ်စေရန်စီမံရေးဆွဲထားသည့်အစီအစဉ်များကိုရယူပါ။ 

စဉ်ဆက်မပြတ်သောချင့်ချိန်တွက်ချက်မှုများ :

သင်၏ကျန်းမာရေးခရီးစဉ်သည်အစဉ်အမြဲပြောင်းလဲရွေ့လျားလျှက်ရှိသည်။ နောက်ဆုံးပေါ်ဆေးပညာသိပ္ပံဆိုင်ရာတိုးတက်ပြောင်းလဲမှုများနှင့်အတူ သင့်ကျန်းမာရေးစီမံချက်များကိုလည်း အဆင့်ဆင့်တိုးမြှင့်ပြုပြင်ပေးနိုင်ရန် ကျွန်ုပ်တို့အမြဲမပြတ်လေ့လာထိန်းညှိပေးလျှက်ရှိသည်။

Longevity program
ဖြင့်သင်၏သက်ရှည်ကျန်းမာခြင်းလမ်းစဉ်ကိုဖော်ထုတ်ပါ

ကျွမ်းကျင်သမားတော်အဖွဲ့နှင့် ကျော်ကြားသောသိပ္ပံဆိုင်ရာအကြံပေးပုဂ္ဂိုလ်များမှ နှစ် ၂၀ ကျော်အတွေ့အကြုံများကိုအခြေခံ၍ရေးဆွဲထုတ်လုပ်ထားသော VITAL သည် ၁ လ၊ ၃ လ၊ ၁ နှစ် စသောသီးသန့်အစီအစဉ်များစွာပါဝင်သည်။ သက်ရှည်ကျန်းမာခြင်းအသွင်ပြောင်းရာတွင် သင်၏ထူးခြားသောဇီဝဆိုင်ရာဖွဲ့စည်းတည်ဆောက်မှုများအကြောင်းကို အကုန်အစင်နားလည်သဘောပေါက်နေရန် အဓိကကျသည်။ ကျွမ်းကျင်သမားတော်များမှ အသိဉာဏ်တုနည်းပညာအသုံးပြု၍ဇီဝအမှတ်အသားများကို ပိုင်းခြားစိတ်ဖြာလေ့လာခြင်း၊ ပညာရပ်နယ်ပယ်အမျိုးမျိုးမှအသိအမြင်များဖြင့်လေ့လာသုံးသပ်ခြင်း၊ ကွန်ပျူတာနည်းပညာထည့်သွင်းထားသော အာရုံခံစက်ပစ္စည်းများကိုအသုံးပြု၍စောင့်ကြည့်စစ်ဆေးခြင်းတို့ဖြင့် သင့်ခန္ဓာကိုယ်အတွက်ကွက်တိကျသောကျန်းမာရေးလမ်းညွှန်မြေပုံများ၊ သင့်ကိုယ်ပိုင်လိုအပ်ချက်နှင့်ကိုက်ညီသောအစီအစဉ်များကိုရေးဆွဲပေးမည်ဖြစ်သည်။ .

ပညာရပ်နယ်ပယ်အမျိုးမျိုးမှလေ့လာသုံးသပ်ခြင်း : သင်၏ဇီဝဆိုင်ရာဖွဲ့စည်းတည်ဆောက်မှုလျို့ဝှက်ချက်များကိုရှာဖွေဖော်ထုတ်ပါ

VITAL သည် ကျန်းမာရေးမြေပုံများကိုရေးဆွဲရာတွင်ခေတ်ရှေ့ပြေးနည်းပညာများကိုအဓိကအသုံးပြုသည်။ ဘမ်ရွန်ဂရက်ဆေးရုံကြီးရှိ မျိုးရိုးဗီဇဆေးပညာဠာနနှင့်ပူးပေါင်းပြီး သင့်ဗီဇဆဲလ်များ၏ဇီဝဓာတုဆိုင်ရာအချက်အလက်များ၊ ၎င်းဗီဇဆဲလ်တို့၏ဆေးဝါးအမျိုးမျိုးအပေါ်တုံ့ပြန်ချက်များ (Pharmacogenomics) အပြင် အသားဓာတ် (Proteome) ၊ ဇီဝဖြိုခွဲမှုများမှထွက်လာသောအကြွင်းအကျန်ပစ္စည်းများ (Metabolome) နှင့် အဏုဇီဝပိုးမွှားဆိုင်ရာ စစ်ဆေးလေ့လာချက်များစွာကိုလည်းပြုလုပ်လျှက်ရှိသည်။ ထိုသို့လေ့လာမှုများမှတဆင့် ကိုယ်တွင်းစနစ်တစ်ခုနှင့်တစ်ခုအကြား ရှုပ်ထွေးလှသောအပြန်အလှန်တုံ့ပြန်ဆက်သွယ်မှုများ နှင့် လက္ခဏာမပြသေးသောဓာတ်မညီမျှခြင်းများ၊ ဖြစ်လာနိုင်ချေအန္တရာယ်ရှိသောရောဂါများအကြောင်းကို နက်နဲစွာနားလည်သိရှိနိုင်သည်။ 

ချင့်ချိန်တွက်ချက်ခြင်း : သက်ရှည်ကျန်းမာခြင်းခရီးစဉ်၏ပထမအဆင့်

သင်၏ VITAL ခရီးစဉ်ကို ပြီးပြည့်စုံသောချင့်ချိန်တွက်ချက်ခြင်းဖြင့်စတင်မည်။ ကျွန်ုပ်တို့၏ပညာရှင်အဖွဲ့သည် သင့်ကိုယ်တွင်းမှရှုပ်ထွေးလှသောလုပ်ဆောင်ချက်များကိုသိရှိနားလည်စေရန် မော်လီကျူးနှင့် ကိန်းဂဏန်းဆိုင်ရာယူနစ်အမှတ်အသားများ၊ သိမြင်နိုင်စွမ်းနှင့်ရုပ်ပိုင်းဆိုင်ရာအကဲဖြတ်စစ်ဆေးမှုများစွာကိုပြုလုပ်ပေးမည်ဖြစ်သည်။ ဤသို့ရှုထောင့်ပေါင်းစုံမှလေ့လာသုံးသပ်ချက်များသည် သင့်ကိုယ်ပိုင်သက်ရှည်ကျန်းမာခြင်းခရီးစဉ်အတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်ပြီး သင့်ခန္ဓာကိုယ်အားယခုလက်ရှိအချိန်နှင့် နောင်အနာဂတ်အထိသင့်တင့်မျှတမှုရှိနေစေရန်ရည်ရွယ်သည်။ 

ဖြေရှင်းကုသနည်းများ : နုပျိုခြင်းရေစင်ကိုရှာဖွေဖော်ထုတ်ခြင်း

VITAL ဆိုသည်မှာ ဆယ်စုနှစ်မကသောအတွေ့အကြုံတို့၏အဆုံးသတ်ရလဒ်ကိုကိုယ်စားပြုသည်။ ဤအစီအစဉ်တွင် သင့်အတွက်သီးသန့်စီစဉ်ရေးဆွဲပေးထားသည့် အမျိုးမျိုးသောရောဂါရှာဖွေကုသရေးနည်းလမ်းများပါဝင်ပြီး ကျန်းမာခြင်းကိုမြှင့်တင်ပေးရန်နှင့် ဖြစ်ပွားနေသောကျန်းမာရေးပြဿနာတို့၏ အခြေခံအကြောင်းအရင်းများကိုရှာဖွေသတ်မှတ်ရန်ရည်ရွယ်သည်။ နောက်ဆုံးပေါ်သုတေသနလေ့လာချက်များကိုအခြေခံ၍ အထူးဂရုပြုရွေးချယ်ထားသောခေတ်မှီကုသမှုများသည် သင်၏ကျန်းမာရေးရည်မှန်းချက်နှင့် ဦးစားပေးနှစ်သက်မှုများ၊ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များနှင့် ကိုက်ညီနေစေရန်စီမံထားပြီး ခန္ဓာကိုယ်မှစွမ်းအင်ထုတ်လုပ်နိုင်စွမ်းပြန်လည်ကောင်းမွန်လာစေရန်ကူညီပေးနိုင်သည်။

သက်ရှည်ကျန်းမာခြင်းဆိုင်ရာဖြည့်စွက်စာများ : ကျန်းမာရေးအခြေခံအုတ်မြစ်ကိုပိုမိုခိုင်မာစေခြင်း

အိုမင်းရင့်ရော်ခြင်းဝိသေသလက္ခဏာ ၁၂ ချက်အရအထူးစီမံဖော်စပ်ထားသောဖြည့်စွက်စာများသည် VITAL ခရီးစဉ်ကိုပိုမိုအားကောင်းစေနိုင်သည့် အထောက်အပံ့တစ်ခုပင်ဖြစ်သည်။ ထို့အတူသင့်ခန္ဓာကိုယ်၏သဘာဝခုခံအားစနစ်ကိုပိုမိုကြံ့ခိုင်စေရန်၊ ဆဲလ်တို့၏လုပ်ဆောင်ချက်များမျှတမှုရှိစေရန် နှင့် ကျန်းမာသောဘဝသက်တမ်းရှည်ကြာစေရန် အားဖြည့်ပေးနိုင်မည့် အထူးတွက်ချက်စီမံထားသောနည်းစနစ်များစွာလဲပါဝင်သည်။ 

ထပ်ဆောင်းပါဝင်မှုများ : ပြန်လည်နုပျိုသန်စွမ်းရေးကုသမှုများ၏အကျိုးသက်ရောက်မှုများ

အမျိုးမျိုးသောအခြေအနေများနှင့် ထိခိုက်ဒဏ်ရာများအတွက် ပြန်လည်နုပျိုသန်စွမ်းရေးကုသမှုများ၏  ထူးခြားသောအကျိုးသက်ရောက်နိုင်စွမ်းကိုနားလည်သိရှိခြင်းဖြင့် ကျွန်ုပ်တို့ဆေးပညာအဖွဲ့မှ သင့်ခန္ဓာကိုယ်၏သဘာဝပြန်လည်ကုစားနိုင်စွမ်းကိုအခြေခံ၍ အထူးကုသမှုနည်းလမ်းများကို စီမံပြုလုပ်ပေးလျှက်ရှိသည်။ ကျွမ်းကျင်ပညာရှင်များမှသင်နှင့်အတူလက်တွဲကာ သင့်ကိုယ်ပိုင်လိုအပ်ချက်များအတွက် အထိရောက်ဆုံးသောဖြေရှင်းနည်းများကိုရှာဖွေဖော်ထုတ်ပြီး ခေတ်မှီ​ကုသစောင့်ရှောက်မှုနည်းလမ်းများနှင့် ထိတွေ့ကုသရခြင်းအပေါ်သင်၏အတွေ့အကြုံများကိုကောင်းမွန်စေရန် ပံ့ပိုးကူညီသွားမည်ဖြစ်သည်။ 

သင့်တင့်မျှတသော သက်ဝင်နုပျိုခြင်းနှင့် သက်ရှည်ကျန်းမာခြင်းတို့အတွက် အဖက်ဖက်မှပြီးပြည့်စုံသောနည်းလမ်းများ

VitalLife မှနောက်ဆုံးပေါ်သက်ရှည်ကျန်းမာခြင်းအစီအစဉ် VITAL နှင့်အတူ နာတာရှည်ရောဂါများနှင့် နာမကျန်းဖြစ်ခြင်းတို့မှကင်းဝေးကာ ပိုမိုကျန်းမာတက်ကြွသော အသက်ရှည်အနာမဲ့သောဘဝတစ်ခုကိုရရှိရန်လုပ်ဆောင်လိုက်ပါ။ ကျန်းမာရေးကောင်းမွန်စေရန်နှင့် ဆန်းသစ်သောနောက်ဆုံးပေါ်ဖြေရှင်းနည်းများနှင့်အတူသင့်ဘဝကိုပြောင်းလဲရန် ကျွန်ုပ်တို့၏အကောင်းဆုံးသောဝန်ဆောင်မှုများကိုရယူပါ။ စောင့်ဆိုင်းမနေပဲ ယနေ့ပင်သင့်ကျန်းမာရေးကိုထိန်းချုပ်ကာကွယ်ပါ။ ယခုပဲရက်ချိန်းရယူလိုက်ပါ။

ကျွန်ုပ်တို့၏သက်ရှည်ကျန်းမာခြင်းဆေးပညာဆိုင်ရာအထူးကုများ

VitalLife Phuket မှသမားတော်များသည် သက်ရှည်ကျန်းမာခြင်းဆိုင်ရာဆေးပညာနယ်ပယ်တွင် အထူးကျွမ်းကျင်သောပါရဂူများဖြစ်ကြသည်။ ဤသမားတော်များမှ တူညီသောစိတ်အားထက်သန်မှုများနှင့်အတူ ကြွယ်ဝသောအသိအမြင်များ၊ ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုများကိုယူဆောင်လာခဲ့ပြီး နောက်ဆုံးပေါ်သိပ္ပံဆိုင်ရာတိုးတက်မှုများနှင့် လူနာတစ်ဦးချင်းစီအတွက်ပြီးပြည့်စုံသောသီးသန့်ကုသရေးလမ်းစဉ်များကိုပေါင်းစပ်ကာ စောင့်ရှောက်ကုသပေးလျှက်ရှိသည်။ ၎င်းတို့၏ကျွမ်းကျင်မှုများသည် အာဟာရနှင့်အားကစားဆိုင်ရာအသိအမြင်များမှသည် ဆဲလ်ကုထုံးနှင့်ပြန်လည်ကျန်းမာသန်စွမ်းရေးဆေးပညာများအထိ ကျယ်ပြန့်သောဘာသာရပ်များစွာပါဝင်သည်။ ထိုကြောင့်ပင် အိုမင်းရင့်ရော်ခြင်း၏ရှုထောင့်ပေါင်းစုံမှစိန်ခေါ်မှုများကိုသိရှိဖော်ထုတ်နိုင်သည့် အထောက်အပံ့များစွာကိုဖန်တီးပေးစွမ်းနိုင်ခဲ့သည်။

ကျန်းမာခြင်းခေတ်သစ်မှကြိုဆိုပါသည်။ 

Dr. Anurak Kamthong
Dr. Brian Supawut Kunakom
Dr. Kojchakorn Charoenpholphibool
Dr. Nuttakul Lungkorn
ပြီးပြည့်စုံသောကျန်းမာခြင်းအနာဂတ်ဆီသို့ဝင်ရောက်ခြင်း
A 360° Tour of Vitallife Phuket’s New Cutting- Edge Facility

ခန္ဓာကိုယ်တစ်ခုလုံးအတွက်ပြန်လည်နုပျိုသစ်လွင်မှုများကိုရရှိစေရန် ဖန်တီးတည်ဆောက်ထားသည့် ကျွန်ုပ်တို့၏ခေတ်မီတိုးတက်သောဆေးခန်းကိုရှာဖွေလေ့လာပါ။ ကျွန်ုပ်တို့၏တီထွင်ဆန်းသစ်သောကုသခန်းများ၊ ဇိမ်ခံအနားယူနိုင်သောဆေးသွင်းကုသဆောင်များ၊ ဧည့်နားနေဆောင်များကိုလှည့်လည်ကြည့်ရှုလိုက်ပါ။

 

VitalLife မှကတိပြုခြင်း

 

VitalLife ကိုရွေးချယ်ခြင်းမှာ ဝန်ဆောင်မှုအပိုင်းတွင်ကျွမ်းကျင်ကောင်းမွန်ပြီး လူနာတစ်ဦးစီတိုင်းအတွက်သီးသန့်ဖြစ်စေရေး နှင့် တီထွင်ဆန်းသစ်ပြောင်းလဲရေးတို့ကိုအဓိကဦးစားပေးသည့် ကျန်းမာရေးတွဲဖက်အဖွဲ့နှင့်ယုံကြည်စွာလက်တွဲလိုက်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့နှင့်ဘမ်ရွန်ဂရက်ဆေးရုံကြီး၏ဆက်နွယ်မှုကလည်း ကမ္ဘာ့အဆင်မှီကျန်းမာရေးစောင့်ရှောက်မှုများကိုရရှိစေမည်ဆိုသောကတိကို ထပ်မံအားဖြည့်ထောက်ပံ့ပေးလျှက်ရှိသည်။ Phuket တွင် ဆေးပညာသိပ္ပံနယ်ပယ်အတွင်းခေတ်အမီဆုံးဆိုသည့်နောက်ဆုံးပေါ်နည်းပညာများနှင့် သဘာဝတရားကြီး၏ပြန်လည်ကုစားနိုင်စွမ်းတို့ကိုပေါင်းစပ်ထားသည့် ဘက်ပေါင်းစုံမှပြီးပြည့်စုံသောကုသမှုအတွေ့အကြုံများကိုပေးစွမ်းနိုင်ရန် ရိုးရာကျန်းမာရေးစောင့်ရှောက်မှုများထက်သာလွန်သည့်နည်းလမ်းများကိုအသုံးပြုသည်။

 
ပိုမိုကျန်းမာကြံ့ခိုင်သော၊ နုပျိုသက်ဝင်သောသင်၏ကျန်းမာခြင်းခရီးစဉ်ကို VitalLife Phuket မှစတင်လိုက်ပါ။ ယနေ့ပင် အသွင်ပြောင်းလဲသောကျန်းမာခြင်းဆီသို့လျှောက်လှမ်းရန် ပထမခြေလှမ်းကိုစတင်လိုက်ပါ။

ငြိမ်သက်အေးချမ်းလှပသောအိုအေစစ်တစ်ခုတွင် အသက်ရှည်ခြင်းနှင့်ကျန်းမာခြင်းတို့ကိုရှာဖွေတွေ့ရှိနိုင်ရန် VitalLife Phuket မှသင်တို့ကိုဖိတ်ခေါ်အပ်ပါသည်။ Phuket ၏ခမ်းနားထည်ဝါသောသဘာဝအလှတရားများအလယ်ရှိ သက်ဝင်နုပျိုကျန်းမာသောဘဝဆီသို့ခေါ်ဆောင်နိုင်ရန် ကျွန်ုပ်တို့ကိုလမ်းပြခွင့်ပြုပါ။

Address


VitalLife Scientific Wellness
Center- Phuket
 
78/3 Moo 4 Chengtalay Sub-District,
Thalang District, Phuket 83110

Contact

 

Phone:

+66 7632 4888

 
Email:
[email protected]
 
LineID:
@VitalLifePhuket

Office Hours


VitalLife Scientific Wellness
Center- Phuket

Monday to Friday : 09.00 – 17.00 hrs.
Saturday to Sunday: 09.00 – 17.00 hrs.
Google Maps တွင် ကျွန်ုပ်တို့ကိုရှာဖွေရန်-
VitalLife Scientific Wellness Center အီလက်ထရွန်းနစ်သတင်းလွှာအတွက် စာရင်းသွင်းပါ