ကျွန်ုပ်တို့သည် သင့်ခရီးသွားမှုကို အကျိုးရှိပြီး ကျန်းမာစွာဖြတ်သန်းနိုင်ရေးအတွက် လိုအပ်သော ကာကွယ်ဆေးထိုးခြင်းများ၊ အရေးအကြီးဆုံး ကာကွယ်ဆေးဝါးများနှင့် ပြဿနာကင်းသော ခရီးသွားမှုအတွက် အကြံဉာဏ်များ (ပိုးမွှားဖြင့်ပြန့်ပွားသည့်ရောဂါများနှင့် ခရီးသွားခြင်းကြောင့်ဖြစ်သောဝမ်းပျက်ခြင်းမှ ကာကွယ်ရန်) တို့အပါအဝင် နောက်ဆုံးအပ်ဒိတ်အကြံပြုချက်များကိုပေးနိုင်ပါသည်။
ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ သင့်ခရီးသည် မအောင်မြင်ဘဲဖြစ်နေသည်ကို မဖြစ်စေဘဲ စိတ်အေးချမ်းသာစွာနှင့် ကျန်းမာရေးကောင်းမွန်စွာဖြတ်သန်းနိုင်ရန်ဖြစ်ပါသည်။
| Situation - Thailand |
News related to the influenza situation:
|
| Global Situation |
|
| Situation - Thailand | News related to the influenza situation: The number of influenza cases in 2023 has risen fivefold when compared to last year's monthly averages and the Food and Drug Administration (FDA) is now warning against buying artificial influenza antiviral pills labelled oseltamivir that have been smuggled into the country. (Read more click link ) |
| Global Situation |
|
| Situation - Thailand |
News related to the influenza situation:
|
| Global Situation |
|
| Province Concern |
|
| Global Situation |
|
| Province Concern | Saudi Arabia (Update 29 August 2023) |
| Global Situation |
Kingdom of Saudi Arabia (Update 2 Oct 2024) The World Health Organization (WHO) was notified of one human case of Middle East respiratory syndrome coronavirus (MERS-CoV) on 5 September 2024, by the Ministry of Health of the Kingdom of Saudi Arabia (KSA). The case is a male from the Eastern Region of KSA aged between 50-55 years, with underlying health conditions. He had no history of contact with camels and was not a health worker. Since the beginning of the year, five cases including four deaths have been reported from KSA. (อ่านรายละเอียดเพิ่มเติม Click link ) |
Marburg virus disease
| Situation - Thailand | Currently, Thailand has not found any patients. 'Marburg virus', but now there are travel from different countries to Thailand. The Department of Disease Control will closely monitor the situation from the World Health Organization and other agencies. to continuously analyze and assess risks. At this time, no travel ban has been announced. But focusing on screening measures for travelers from Equatorial Guinea and neighboring countries (Read more click link ) |
| Global Situation |
|
ဘမ်ရွန်ဂရက် နိုင်ငံတကာဆေးရုံကြီးတွင် ဆရာဝန်နှင့်တွေ့ဆုံဆွေးနွေးရန် ရက်ချိန်းကိုအတည်မပြုမီ ထိုင်းနိုင်ငံ၏ဝင်ရောက်ခွင့်လိုအပ်ချက်များကို စဉ်းစားချင့်ချိန်သင့်ပါသည်။ ထိုင်းနိုင်ငံသို့ဝင်ရောက်ရန်အတွက် ကာကွယ်ဆေးထိုးနှံထားရန်နှင့် ဗီဇာလျှောက်ထားရန်လိုအပ်နိုင်ပါသည်။
အခြားနိုင်ငံအများစုသို့ခရီးသွားလာခြင်းကဲ့သို့ပင် ခရီးသွားများအားလုံးသည် ထိုင်းခရီးစဉ်မတိုင်မီ ကာကွယ်ဆေးထိုးနှံမှုများအားလုံးကို အပ်ဒိတ်ဖြစ်အောင်အမြဲပြင်ဆင်ထားရန် ကျန်းမာရေးအာဏာပိုင်များက အကြံပြုပါသည်။ ခရီးသွားသူတိုင်းသည် သူတို့၏ ပုံမှန်ကာကွယ်ဆေးများနှင့်ပတ်သက်ပြီး အပ်ဒိတ်ဖြစ်နေရန်လိုအပ်ပါသည်၊ ၎င်းတို့မှာ - thediphtheria-tetanus-pertussis ဆုံဆို့၊ မေးခိုင်၊ ကြက်ညှာ ကာကွယ်ဆေးများ၊ ရေကျောက်ကာကွယ်ဆေး၊ပိုလီယိုကာကွယ်ဆေး၊ ဝက်သက်၊ဂျိုက်သိုး၊ ပါးချိတ်ရောင်-mumps-rubella (MMR) ကာကွယ်ဆေးနှင့် ပုံမှန်တုပ်ကွေးကာကွယ်ဆေးတို့ဖြစ်ပါသည်။
ထို့အပြင် ထိုင်းနိုင်ငံသို့မဝင်မီ အချို့သောသီးသန့်လူပုဂ္ဂိုလ်များနှင့်သက်ဆိုင်သည့် ပိုမိုတိကျသောကာကွယ်ဆေးအကြံပြုချက်များအတွက် အောက်ပါဇယားကိုကြည့်ပါ။
ပိုမိုသိရှိလိုပါက ကျေးဇူးပြု၍ wwwnc.cdc.gov တွင် သွားရောက်လေ့လာပါ
|
Vaccine |
Who Needs It? |
Why? |
|
Measles |
All travelers: Infants 6 to 11 months old traveling internationally should get 1 dose of measles-mumps-rubella (MMR) vaccine before travel. This dose does not count as part of the routine childhood vaccination series. |
|
|
Routine vaccines |
All travelers |
There is a risk of contamination through food or water. |
|
Malaria |
Most travelers |
CDC recommends that travelers going to certain areas of Thailand take prescription medicine to prevent malaria. Depending on the medicine you take, you will need to start taking this medicine multiple days before your trip, as well as during and after your trip. Talk to your doctor about which malaria medication you should take. |
|
Hepatitis A |
Most travelers: Recommended for unvaccinated travelers one year old or older going to Thailand. Infants 6 to 11 months old should also be vaccinated against Hepatitis A. The dose does not count toward the routine 2-dose series. Travelers allergic to a vaccine component or who are younger than 6 months should receive a single dose of immune globulin, which provides effective protection for up to 2 months depending on dosage given. Unvaccinated travelers who are over 40 years old, immunocompromised, or have chronic medical conditions planning to depart to a risk area in less than 2 weeks should get the initial dose of vaccine and at the same appointment receive immune globulin. |
There is a high risk of contamination through food or water. |
|
Typhoid |
Most travelers: Recommended for most travelers, especially those staying with friends or relatives or visiting smaller cities or rural areas. |
There is a risk of contamination through food or water. |
|
Cholera |
Some travelers: There is no longer active cholera transmission and vaccine is not recommended. |
There is a risk for contamination through food or water, especially in areas where there is an active transmission. |
|
Hepatitis B |
Some travelers: Recommended for unvaccinated travelers of all ages to Thailand. |
Hepatitis B is transmitted through sexual contact, as well as through contaminated needles and other blood products. |
|
Japanese Encephalitis |
Some travelers: Recommended for travelers who are moving to an area with Japanese encephalitis to live spend long periods of time, such as a month or more, in areas with Japanese encephalitis frequently travel to areas with Japanese encephalitis consider vaccination for travelers spending less than a month in areas with Japanese encephalitis but will be doing activities that increase risk of infection, such as visiting rural areas, hiking or camping, or staying in places without air conditioning, screens, or bed nets going to areas with Japanese encephalitis who are uncertain of their activities or how long they will be there not recommended for travelers planning short-term travel to urban areas or travel to areas with no clear Japanese encephalitis season. |
There have been reports of transmissions in Northern Thailand, as well as the coastal areas of Southern Thailand. |
|
Rabies |
Some travelers: Rabid dogs are commonly found in Thailand. However, if you are bitten or scratched by a dog or other mammal while in Thailand, rabies treatment is often available. Consider rabies vaccination before your trip if your activities mean you will be around dogs or wildlife.Travelers more likely to encounter rabid animals include campers, adventure travelers, or cave explorers (spelunkers) veterinarians, animal handlers, field biologists, or laboratory workers handling animal specimens visitors to rural areas since children are more likely to be bitten or scratched by a dog or other animals, consider rabies vaccination for children traveling to Thailand. |
Although rabies is not a major risk in Thailand, it can be found in some animals, especially street dogs and cats. |
|
Yellow Fever |
Some travelers: Required if traveling from a country with risk of YF virus transmission and ≥9 months of age, including transit >12 hours in an airport located in a country with risk of YF virus transmission.1 |
There is no risk of yellow fever contamination in Thailand. However, the government of Thailand requires proof of vaccination against yellow fever from all travelers who are coming from countries that have a risk of contamination. To determine if you are one of these travelers, please see this list from the Centers for Disease Control and Prevention |
ငှက်ဖျားရောဂါ - ထိုင်းနိုင်ငံအတွင်း ခရီးသွားလာနေစဉ် ငှက်ဖျားရောဂါကိုကာကွယ်ရန်အတွက် ခြင်ကိုက်ခံရခြင်းများကို ရှောင်ကြဉ်သင့်သည်။ သင်မည်သည့်နေရာသို့သွားရောက်မည်၊ မည်သည့်ကာလတွင်ခရီးသွားမည်၊ အခန်းအတွင်း သို့မဟုတ် ပြင်ပ၌ အိပ်စက်ခြင်း ရှိ/မရှိ စသည့် သင့်ခရီးစဉ်၏ အစီအစဉ်ပေါ်တွင်မူတည်ပြီး ငှက်ဖျားရောဂါကာကွယ်ရန် ခရီးစဉ်မစတင်မီ၊ ခရီးစဉ်ကာလအတွင်းနှင့် ခရီးစဉ်အပြီးတွင် ဆေးညွှန်းပါဆေးဝါးများကို သောက်သုံးရန် လိုအပ်နိုင်ပါသည်။ ခရီးသွားနေစဉ် ငှက်ဖျားရောဂါအား မည်သို့ကာကွယ်နိုင်မည်ကို ဆရာဝန်နှင့်ဆွေးနွေးပါ။. ငှက်ဖျားဖြစ်ပွားနိုင်ခြေမြင့်သော ထိုင်းနိုင်ငံ၏ဒေသများမှာ - အဓိကအားဖြင့် မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော တိုင်းဒေသကြီးများ၊ ထို့အပြင် Kalasin၊ Krabi (Plai Phraya ခရိုင်)၊ Nakhon Si Thammarat၊ Narathiwat၊ Pattani၊ Phang Nga (Phang Nga မြို့အပါအဝင်)၊ Rayong ၊ Sakon Nakhon၊ Songkhla၊ Surat Thani နှင့် Yala ပြည်နယ်များ၊ အထူးသဖြင့် အဆိုပါတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်သစ်တောနှင့် သစ်တောနယ်နိမိတ်များ ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏အခြားဒေသများဖြစ်သည့် Krabi ပြည်နယ်၏ အခြားအပိုင်းများနှင့် ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်၊ Koh Phangan၊ Koh Samui နှင့် Phuket မြို့များအပါအဝင်အခြားဒေသများတွင် ရောဂါဖြစ်ပွားမှုအနည်းငယ်သာရှိပါသည်။
Krabi ပြည်နယ် (Koh Phi Phi၊ Koh Yao Noi၊ Koh Yao Yai နှင့် Ko Lanta) နှင့် ပတ္တယားမြို့တို့တွင်ကူးစက်မှု မရှိပါ။
ထိုင်းနိုင်ငံရှိ ငှက်ဖျားရောဂါ အသေးစိတ်အချက်အလက်များကို ကြည့်ပါ။.
အောက်ပါဟိုတယ်များသည် Bumrungrad International Hospital ၏ရောဂါစင်တာများအတွက် ကုမ္ပဏီနှုန်းများကို ထောက်ပံ့ပေးပါသည်။ ဒီမှာ ကလစ်လုပ်ပါ!
ပိုမိုသိရှိလိုပါက ထိုင်းသံရုံးနှင့် ကောင်စစ်ဝန်ရုံးများသို့ သွားရောက်ကြည့်ရှုနိုင်ပါသည်
အချို့သော နိုင်ငံများမှနိုင်ငံသားများသည် ဗီဇာလျှောက်ထားရန်သာလိုအပ်သည့်အတွက် အဆိုပါနိုင်ငံသားများအနေဖြင့် အီးဗီဇာ (E-Visa) လျှောက်ထားသည့်အခါ နိုင်ငံကူးလက်မှတ်နှင့် မူရင်းအထောက်အထားများကို တော်ဝင်ထိုင်းသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးသို့ ကိုယ်တိုင်သွားရောက်တင်ပြရန် မလိုအပ်ပါ။ လျှောက်ထားသူများသည် သူတို့၏လျှောက်လွှာကိုစောင့်ကြည့်ရန်အတွက် ရည်ညွှန်းနံပါတ်ကို အီးမေးလ်မှတဆင့် ရရှိပါလိမ့်မည်။
E-Visa လျှောက်လွှာကိုအတည်ပြုပြီးသွားသည့်အခါ လျှောက်ထားသူများထံ အတည်ပြုချက်အီးမေးလ်တစ်စောင်ပေးပို့ပါသည်။ ခရီးသွားရန်အသင့်ဖြစ်သောအခါ အတည်ပြုချက်အီးမေးလ်၏မိတ္တူကို ပရင့်ထုတ်ထားရန်မှာ အကောင်းဆုံးဖြစ်ပါသည်။ ထိုင်းနိုင်ငံသို့ခရီးသွားရာတွင် လေကြောင်းလိုင်းများနှင့် ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးအရာရှိများအား တင်ပြသွားရမည်ဖြစ်ပါသည်။
E-visa နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက https://thaievisa.go.th/ သွားရောက်လေ့လာပါ

Thai Custom: Guidelines for Airport Passengers click here
လူနာ၏အခွင့်အရေးမ်ား
သင်နှင့်သင့်မိသားစုသည် ကျွန်ုပ်တို့၏ဝန်ထမ်းများနှင့် အတူတကွပူးပေါင်းလက်တွဲနိုင်ပါက ပိုမိုကောင်းမွန်သောစောင့်ရှောက်မှုအား ပေးနိုင်မည်ဖြစ်ပါသည်။ လူနာတစ်ယောက်အနေဖြင့် သင့်တွင်ရှိသောအခွင့်အရေးများကို သင့်အားအသိပေးရန်မှာ ကျွန်ုပ်တို့၏တာဝန်ဖြစ်ပြီး သင္၏ကုသမှုတွင်လည်း သင့်တွင်တာဝန်များရှိပါသည်။ မေးခွန်းများမေးရန်၊ ကြိုတင်အသိရှိပြီး သင္၏ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တွင် တက်ကြွစွာပါဝင်ရန် မေတ္တာရပ်ခံပါသည်။ မေးမြန်းစရာများ၊ သိလိုသည်များရှိပါက ဝန်ထမ်းတစ်ဦးဦး သို့မဟုတ် မန်နေဂျာတစ်ယောက်ယောက်နှင့် မေးမြန်းတိုင်ပင်ပါ။
သင်ဆေးရုံတွင်ရှိနေစဉ် လူနာတစ်ယောက်အနေဖြင့် အချို့သောအခွင့်အရေးများရှိပါသည်။
၁။ ထိုင်းဥပဒေတွင်ဖော်ပြထားသည့်အတိုင်း လူနာတိုင်းတွင် ခွဲခြားဆက်ဆံခံရခြင်းမရှိပဲ ကျန်းမာရေးစောင့်ရှောက်သူထံမှ ကျန်းမာရေးစောင့်ရှောက်မှုစံနှုန်းများနှင့်အညီ ကျန်းမာရေးဝန်ဆောင်မှုများရရှိရန် အခြေခံအခွင့်အရေးရှိသည်။
၂။ လူနာအနေဖြင့် ၎င်း၏ရောဂါအခြေအနေ၊ ကုသမှု၏အကျိုး၊ အပြစ်များကို ပြည့်စုံစွာသိရှိရန် အခွင့်အရေးရှိပါသည်။ အရေးပေါ်ကုသမှု လိုအပ်သော အသက်ဘေးနီးအခြေအနေများမှလွဲ၍ လူနာအနေဖြင့် ကုသမှုပြု၊ မပြုဆုံးဖြတ်နိုင်ရန် မိမိနားလည်သောဘာသာစကားဖြင့် ကျန်းမာရေးစောင့်ရှောက်သူမှ ကျန်းမာရေးဝန်ဆောင်မှုကိုပေးရမည်။
၃။ အရေးပေါ်အခြေအနေတွင်ရှိသောလူနာများသည် သင့်တော်သောအရေးပေါ်ကုသမှုကို ကျန်းမာရေးစောင့်ရှောက်သူများထံမှ မတောင်းဆိုသည့်တိုင် ချက်ခြင်းရရှိရမည်။
၄။ လူနာအနေဖြင့် မိမိအားစောင့်ရှောက်ပေးသော ကျန်းမာရေးစောင့်ရှောက်သူသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် ၎င်း၏အထူးပြုနယ်ပယ်ကို သိရှိပိုင်ခွင့်ရှိသည်။
၅။ လူနာအနေဖြင့် မိမိအားကောင်းကောင်းမစောင့်ရှောက်တော့မည်ကို စိုးရိမ်စရာမလိုပဲ အခြားသောကျန်းမာရေးစောင့်ရှောက်သူများထံမှ ဒုတိယအကြံဉာဏ်တောင်းဆိုပိုင်ခွင့်ရှိပြီး သက်ဆိုင်ရာ ကျန်းမာရေးအာမခံ၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အခြားကျန်းမာရေးစောင့်ရှောက်ပေးသူ (သို့မဟုတ်) ဆန္ဒရှိပါက အခြားဆေးရုံဆေးခန်းသို့လည်း ပြောင်းရွှေ့ရန် တောင်းဆိုပိုင်ခွင့် ရှိသည်။
၆။ လူနာတွင် လျှို့ဝှက်ထားရန်လည်းအခွင့်အရေးရှိသည်။ လူနာအချက်အလက်များအား လူနာသဘောတူညီမှသာ သို့မဟုတ် တိုက်ရိုက်ဆေးဘက်ဆိုင်ရာ အကျိုးခံစားခွင့်များပေးဆောင်ရန် လိုအပ်မှသာ ထုတ်ပြန်နိုင်သည်။
၇။ လူနာအနေဖြင့် ကျန်းမာရေးစောင့်ရှောက်သူများမှပြုလုပ်မည့် မည်သည့် သုတေသနပြု စမ်းသပ်မှုများတွင်မဆို ပါဝင်လိုခြင်းရှိမရှိဆုံးဖြတ်နိုင်ရေးအတွက် အလုံးစုံ သိရှိနားလည်ထားရန် အခွင့်အရေးရှိသည်။
၈။ ဆေးမှတ်တမ်းများတွင် မှတ်တမ်းတင်ထားသည့်အတိုင်း လူနာအချက်အလက်များထုတ်ပြန်ခြင်းသည် အခြားသူများ၏အခွင့်အရေးကို မထိခိုက်ပါက လူနာအနေဖြင့် ၎င်းတို့၏ကုသမှုကို သိရှိပိုင်ခွင့်ရှိသည်။
၉။ အသက် ၁၈ နှစ်အောက်ကလေး သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ နှင့်/သို့မဟုတ် စိတ်ပိုင်းဆိုင်ရာချို့ယွင်းပြီး မိမိကိုယ်ကိုဆုံးဖြတ်နိုင်စွမ်းမရှိသော သူများအတွက် မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူတွင် အထက်ပါအခွင့်အရေးများရှိသည်။
သင့်တွင်မေးမြန်းစရာများ၊ အကြံပြုစရာများရှိပါက
အောက်ပါနည်းလမ်းတစ်ခုခုဖြင့် ဆက်သွယ်နိုင်ပါသည်။
၁။ ကျွန်ုပ်တို့၏ဝန်ထမ်းကို တိုက်ရိုက်ပြောခြင်း (စောင့်ရှောက်နေသော သူနာပြု သို့မဟုတ် ဆရာဝန်)
၂။ BH Application ထဲရှိ “Care to Share” ခေါင်းစဉ်အောက်တွင် သင်၏အကြံပြုစာကိုထည့်ရေးပေးပါ။
၃။ ဆေးရုံဆက်သွယ်ရေးဌာနသို့ ဖုန်းခေါ်ဆိုခြင်း (ဆေးရုံတွင်းဖုန်းမှခေါ်ပါက “၀၀” ကိုနှိပ်ပါ သို့မဟုတ် ပြင်ပဖုန်းမှခေါ်ဆိုပါက 0-2066-8888 ကိုခေါ်ပါ။)
၄။ [email protected] သို့ အီးမေးလ်ပို့ပေးပါ။
လူနာ၏ တာဝန်ဝတ္တရားများ
၁။ လူနာများသည် မိမိအား ကုသမည့် သို့မဟုတ် ရောဂါရှာဖွေမည့်လုပ်ဆောင်ချက်များနှင့်ပတ်သက်သော အချက်အလက်များနှင့် ဖြစ်တတ်သောအန္တရာယ်များကို သဘောတူညီကြောင်းလက်မှတ်မထိုးခင် မေးမြန်းထားရန်တာဝန်ရှိပါသည်။
၂။ လူနာအနေဖြင့် မိမိအားကုသမည့် ကျန်းမာရေးစောင့်ရှောက်သူများအား မိမိကျန်းမာရေးအခြေအနေနှင့် အခြားသက်ဆိုင်သော အကြောင်းအရာများအတွက် ပြည့်စုံမှန်ကန်သည့် အချက်အလက်များပေးရန် တာဝန်ရှိပါသည်။
၃။ လူနာများသည် မိမိအားကုသပေးသည့် ကျန်းမာရေးစောင့်ရှောက်သူ၏ ကုသမှုဆိုင်ရာညွှန်ကြားချက်များအား ပူးပေါင်းပါဝင်လိုက်နာရန် တာဝန်ရှိပါသည်။ လိုက်နာရန်မဖြစ်နိုင်ပါက ကျန်းမာရေးစောင့်ရှောက်သူအား အသိပေးသင့်ပါသည်။
၄။ လူနာများသည် ဆေးရုံ၏စည်းမျဉ်း၊ စည်းကမ်းများကို အောက်ပါအတိုင်း ပူးပေါင်းပါဝင်လိုက်နာရန် တာဝန်ရှိပါသည်။
၄.၁ လူနာများသည် အာမခံကုမ္ပဏီမှငွေပြန်လည်တောင်းဆိုရန်အတွက် ဆေးရုံမှပြေစာရရှိပြီးနောက် တတ်နိုင်သမျှမြန်မြန် ပြည့်စုံမှန်ကန်သောအချက်အလက်များပေးရန် တာဝန်ရှိပါသည်။
၄.၂ လူနာများသည် မိမိခံယူလိုသောကုသမှုနှင့်ပတ်သက်ပြီး ကြိုတင်ပေးလိုသောညွှန်ကြားချက်များ၊ မိမိအလိုရှိသည်များ၊ ကြိုတင်ရေးသားထားသော ဖြစ်လိုသည့်ဆန္ဒများ၊ ဆုံးဖြတ်ချက်များအတွက် စာရွက်စာတမ်းမိတ္တူပေးထားရန် တာဝန်ရှိပါသည်။
၄.၃ လူနာများသည် ရက်ချိန်းများအတိုင်းလာရောက်ရန်တာဝန်ရှိပြီး ရက်ပြောင်းရွှေ့လိုပါက ဆေးရုံသို့အကြောင်းကြားရန် တာဝန်ရှိပါသည်။
၄.၄ လူနာများသည် မကျေနပ်ချက်အားဖြေရှင်းနိုင်ရေးအတွက် ဆေးရုံစီမံခန့်ခွဲရေးဝန်ထမ်းနှင့် တိုက်ရိုက်ပြောဆိုရန် တာဝန်ရှိပါသည်။
၄.၅ လူနာများသည် မရှိမဖြစ်လိုအပ်သော တစ်ကိုယ်ရည်သုံးပစ္စည်းများကိုသာ ဆေးရုံသို့ယူဆောင်လာရန် တာဝန်ရှိပါသည်။ တန်ဖိုးရှိပစ္စည်းများအား ယူဆောင်မလာရ။
၄.၆ လူနာ၏အန္တရာယ်ကင်းလုံခြုံရေးအတွက် လူနာများသည် ဆရာဝန် သို့မဟုတ် သူနာပြု၏ခွင့်ပြုချက်မပါပဲ ဆေးရုံမှထွက်ခွာခြင်း မပြုလုပ်ရန် တာဝန်ရှိပါသည်။
၄.၇ လူနာများသည် ဆေးရုံမှပေးသော ဆေးကုသမှုနှင့် သူနာပြုစောင့်ရှောက်မှုများကိုသာ လက်ခံရန်တာဝန်ရှိပါသည်။ ဆေးရုံမှ လူနာစောင့်များအား သို့မဟုတ် လူနာကိုယ်တိုင်အား မိမိဘာသာပြုလုပ်ရန် ညွှန်ကြားထားသည့် အခြေအနေများမှလွဲ၍ ဖြစ်ပါသည်။
၅။ လူနာများသည် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၊ အခြားလူနာများနှင့်ဧည့်သည်များအား ယဉ်ကျေး၊ လေးစားစွာဆက်ဆံရန် တာဝန်ရှိပါသည်။
၆။ လူနာများသည် ကျန်းမာရေးအာမခံဆိုင်ရာ ခံစားခွင့်များအတွက် မှန်ကန်သောစာရွက်စာတမ်းများအား ဆေးရုံသို့ပေးအပ် အကြောင်းကြားထားရန် တာဝန်ရှိပါသည်။
၇။ လူနာများသည် အောက်ပါတို့အား သိရှိထားရန် တာဝန်ရှိပါသည်။
၇.၁ ကျင့်ဝတ်နှင့်အညီဆောင်ရွက်သော ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအား ဥပဒေအရအကာအကွယ်ပေးထားပြီး တရားမျှတမှုမရှိသော စွပ်စွဲချက်များမှလည်းကာကွယ်နိုင်သည့် အခွင့်အရေးရှိသည်။
၇.၂ ဆေးကုသမှုဆိုသည်မှာ သိပ္ပံပညာအထောက်အထားများကိုအခြေခံပြီး ဆိုးကျိုးထက်ကောင်းကျိုးပိုပေးနိုင်သော လက်ရှိကုသချက်များကိုဆိုလိုသည်။
၇.၃ ဆေးကုသမှုသည် ရောဂါအားလုံးအတွက် ရောဂါဖော်ထုတ်ခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်း ပြုလုပ်နိုင်မည်မဟုတ်ပါ။
၇.၄ ကျန်းမာရေးစောင့်ရှောက်မှုပေးသူမှ အစွမ်းကုန်ဂရုပြုသော်လည်း မည်သည့်ဆေးကုသမှုတွင်မဆို မမျှော်လင့်သော နောက်ဆက်တွဲပြဿနာများ ရှိတတ်သည်။
၇.၅ ရောဂါစစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသမှုထိရောက်ခြင်းရှိမရှိစောင့်ကြည့်ခြင်းတို့အတွက်ပြုလုပ်သော မည်သည့်စစ်ဆေးမှုတွင်မဆို နည်းပညာကန့်သတ်ချက်ကြောင့်သော်လည်းကောင်း၊ စံနှုန်းများဖြင့်ထိန်းချုပ်မရသော အခြားအခြေအနေများကြောင့်သော်လည်းကောင်း တိကျသောအဖြေမရရှိခြင်းများဖြစ်နိုင်သည်။
၇.၆ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် ကောင်းကျိုးပေးသည်ဟုလေ့လာတွေ့ရှိထားသော ကုသမှုနည်းလမ်းအားရွေးချယ်ခြင်း၊ အခြားသူများနှင့်ဆွေးနွေးတိုင်ပင်ခြင်း၊ လူနာအားအခြားသို့ လွှဲပြောင်းခြင်းတို့အား ပြုလုပ်ပိုင်ခွင့်ရှိသည်။
၇.၇ ကျန်းမာရေးစောင့်ရှောက်သူများမှ လူနာသည် အရေးပေါ်အခြေအနေ သို့မဟုတ် အသက်ဘေးနီးအခြေအနေမဟုတ်ပါက အခြားသူများနှင့်ဆွေးနွေးတိုင်ပင်ခြင်း သို့မဟုတ် အခြားသို့ လွှဲပြောင်းခြင်းများ ပြုလုပ်နိုင်သည်။
၇.၈ လူနာအနေဖြင့် ကျန်းမာရေးရာဇဝင် သို့မဟုတ် အခြေအနေမှန်ကို အသိမပေးပါက ကျန်းမာရေးစောင့်ရှောက်သူများမှပေးသော ဆေးကုသမှုသည် ထိရောက်မှုနည်းနိုင်သည်။
၇.၉ အရေးပေါ်ဌာနသည် အရေးပေါ်လူနာများနှင့် အသက်ဘေးနီးလူနာများအတွက်သာ ဖြစ်ပါသည်။
ဆေးရုံဝန်ထမ်းများအား ကိုယ်ထိလက်ရောက်စော်ကားခြင်း၊ နှုတ်ဖြင့်ခြိမ်းခြောက်စကားများ ပြောဆိုခြင်းအား ခွင့်ပြုမည်မဟုတ်ပါ။ ဆေးရုံဝန်ထမ်းများအား အကြမ်းဖက်သော မည်သူ့ကိုမဆို တရားစွဲဆိုနိုင်ပြီး ဆေးရုံ၏ဝန်ဆောင်မှုများမရနိုင်တော့ရန် တားမြစ်ခြင်းများပြုလုပ်နိုင်သည်။
ကျင့်ဝတ်ပိုင်းနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်ခြင်း
ကျွန်ုပ်တို့ဆေးရုံ၏ ကျင့်ဝတ်ဆိုင်ရာကော်မတီသည် ကျင့်ဝတ်ဆိုင်ရာပြဿနာကြုံတွေ့ရသော သို့မဟုတ် မိမိတို့ရွေးချယ်သော ကုသမှုများနှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာရှိသော လူနာနှင့်မိသားစုများအတွက် တိုင်ပင်ဆွေးနွေးနိုင်ရန် အသင့်ရှိနေပါသည်။ တိုင်ပင်ဆွေးနွေးနိုင်ရန်အတွက် ဆေးရုံ၏ဆက်သွယ်ရေးဌာနသို့ ဆေးရုံတွင်းဖုန်းဖြင့်ဆိုလျှင် “၀၀” နှိပ်၍လည်းကောင်း၊ အပြင်ဖုန်းမှခေါ်လျှင် 02-066-8888 သို့လည်းကောင်း ခေါ်ဆိုပြီး ကျင့်ဝတ်ဆိုင်ရာကော်မတီအဖွဲ့ဝင်တစ်ဦးဦးနှင့် စကားပြောဆိုလိုကြောင်း ပြောပါ။
ကျေးဇူးပြု၍ ဤအီးမေးလ် [email protected] ထံသို့လည်းပို့ပေးနိုင်ပါသည်။
Last reviewed in May 2024
ထိုင်းနိုင်ငံသည် ကမ္ဘာတစ်ဝှမ်းမှ ထောင်ပေါင်းများစွာသော ခရီးသွားများနှင့် နေထိုင်သူအသစ်များကို ဆက်လက်ဆွဲဆောင်လွ်က်ရှိပြီး သူတို့အားလုံးသည် အမျိုးမျိုးသော ရေမြေရှုခင်းများ၊ ကမ္ဘာကျော်ဟင်းလျာများနှင့် ရှေးဟောင်းယဉ်ကျေးမှုတို့ကြောင့် ရောက်လာကြပါသည်။ ထိုင်းနိုင်ငံ၏ခရီးသွားများနှင့် ဒေသခံများသည် ထိုင်းနိုင်ငံအတွင်းရှိနေစဉ် အေးချမ်းမှုနှင့် လုံခြုံမှုကို အတော်အသင့်ခံစားနိုင်သော်လည်း ထိုင်းနိုင်ငံ၏လက်ရှိအခြေအနေများကို သိရှိထားရန်အရေးကြီးပါသည်။
ထိုင်းနိုင်ငံ၏အစိုးရဖွဲ့စည်းပုံကို စည်းမျဉ်းခံဘုရင်စနစ်အဖြစ်လူသိများပြီး လက်ရှိထိုင်းနိုင်ငံ၏ဘုရင်မင်းမှာ Maha Vajiralongkorn ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ဘုရင်မင်း Bhumibol Adulyadej နတ်ရွာစံပြီးနောက် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင်ထီးနန်းတက်ခဲ့ပါသည်။
၂၀၀၅ ခုနှစ်မှစ၍ ထိုင်းနိုင်ငံသည် နိုင်ငံရေးမငြိမ်သက်မှုများစွာကို ကြုံတွေ့ခဲ့ရပါသည်။ ၎င်းတို့မှာ ၂၀၀၆ ခုနှစ်တွင် စစ်အာဏာသိမ်းမှုတစ်ခုအပါအဝင် ထိုအချိန်ကဝန်ကြီးချုပ်ထက်ဆင်ချီနာဝတ်ကိုဖယ်ရှားခြင်းနှင့် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများနှင့် နှစ်ပေါင်းများစွာကြာ ပြိုင်ဘက်နိုင်ငံရေးပါတီများအကြား ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် စစ်အစိုးရအား တရားဝင်အဆုံးသတ်ခဲ့သော်လည်း၊ တပ်မတော်က အစိုးရသစ်ကို ဆက်လက်လွှမ်းမိုးလျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်၊ မတ်လ အထွေထွေရွေးကောက်ပွဲတွင် ပရာယွတ်ချန်အိုချာ၏ ဝန်ကြီးချုပ်ရာထူးအောက်တွင် စစ်တပ်နှင့်မဟာမိတ်ဖြစ်သော ဖာလန်ပရာချာရတ် (PP) ပါတီက ဦးဆောင်သော ညွန့်ပေါင်းအစိုးရပေါ်ပေါက်လာခဲ့ပါသည်။
ယခုအခါတွင် ထိုင်းနိုင်ငံ၏နိုင်ငံရေးအခြေအနေသည် အတော်အသင့်ငြိမ်သက်နေပြီး ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် အခြေခံဥပဒေအသစ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ သို့သော် နိုင်ငံ၏တောင်ပိုင်းဒေသသည် တိုင်းရင်းသားနှင့်အမျိုးသားရေး ပုန်ကန်တော်လှန်သူများကြောင့် ဆူပူမှုနှင့်အကြမ်းဖက်မှုများ ဆက်လက်ခံစားနေရပါသည်။ ထိုဒေသများသို့ ခရီးသွားရာတွင် သတိထားရန်နှင့် လက်ရှိနိုင်ငံရေးအခြေအနေကို အမြဲတမ်းသိရှိထားရန် ခရီးသွားများနှင့်ဒေသခံများကို တာဝန်ရှိသူများက ဆက်လက်အကြံပေးနေပါသည်။ ဘန်ကောက်တွင် လမ်းမပေါ်နိုင်ငံရေးဆန္ဒပြပွဲများ တစ်ခါတရံဖြစ်ပွားတတ်ပြီး ယာဉ်သွားလာမှုကို ထိခိုက်စေနိုင်ပါသည်။
ထိုင်းနိုင်ငံသည် ကောင်းမွန်၍ အတော်အသင့်တစ်သမတ်တည်းရှိသည့် သတင်းအချက်အလက်နှင့်သတင်းစာပညာရှိပြီး လက်ရှိနိုင်ငံရေးဖြစ်ရပ်များနှင့် လက်တွေ့အခြေအနေများကို အင်္ဂလိပ်နှင့် ထိုင်းဘာသာနှစ်မျိုးလုံးဖြင့်ဖော်ပြပါသည်။ သာဓကအဖြစ် အရင်းအမြစ်တစ်ခုမှာ ဘန်ကောက်ပို့စ် ဖြစ်ပါသည်။
ထိုင်းနိုင်ငံအတွင်းခရီးသွားခြင်းသည် အတော်အသင့် ရိုးရှင်းပါသည်။ ဘတ်စ်ကား၊ ရထား၊ လေယာဉ်နှင့် လှေများဖြင့် နိုင်ငံ၏ဒေသအားလုံးနီးပါးကို အလွယ်တကူရောက်ရှိနိုင်ပါသည်။ ဘန်ကောက်မြို့အတွင်းတွင် တက္ကစီများ၊ မော်တော်ဆိုင်ကယ်များ၊ ကားများနှင့် ကျယ်ပြန့်သောမြေအောက်ရထားစနစ်စသည်တို့ဖြင့် မြို့တစ်မြို့လုံးကိုဆက်သွယ်ထားပါသည်။ ထိုင်းနိုင်ငံတွင် ကားမောင်းရန်ရွေးချယ်သူများအတွက် ထိုင်းနိုင်ငံအတွင်းကားမောင်းခြင်းနှင့်ပတ်သက်သော ဥပဒေနှင့်စည်းမျဉ်းများနှင့် ပတ်သက်ပြီး ထည့်သွင်းစဉ်းစားရန်အရေးကြီးသောအချက်အချို့ရှိပါသည်။ Driving in Thailand ("ထိုင်းနိုင်ငံတွင် ကားမောင်းခြင်း") ဝက်ဘ်ဆိုက်သည် ထိုင်းနိုင်ငံတွင်ကားမောင်းခြင်းနှင့်အတူ လိုက်ပါလာသော စည်းမျဉ်းစည်းကမ်းများနှင့် ဆောင်ရန်ရှောင်ရန်များနှင့်ပတ်သက်ပြီး ပြည့်စုံကျယ်ပြန့်သော အချက်အလက်များကို ဖော်ပြပေးထားပါသည်။
.jpg)


ရောဂါထိန်းချုပ်ရေးဌာနက သတ်မှတ်ထားသော ဘေးကင်းလုံခြုံရေးဆိုင်ရာအစီအမံများနှင့်အညီ လူနာ၊ ဧည့်သည်များနှင့် ဝန်ထမ်းများအတွက် ဘေးကင်းလုံခြုံပြီး စနစ်တကျရှိသည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်နိုင်စေရန်အတွက် လုပ်ထုံးလုပ်နည်းများ ချမှတ်ထားပါသည်
.png)
နိုင်ငံရေးအခြေအနေ
နိုင်ငံအန္တရာယ်အကဲဖြတ်ချက်
Coface မှ ဖော်ပြထားတဲ့ နိုင်ငံအန္တရာယ်အကဲဖြတ်ဆန်းစစ်မှုကို ကြည့်ရှုပါ။

ရာသီဥတုအခြေအနေ
လက်ရှိ ရာသီဥတုကိုသိရှိနိုင်ရန် Click here
ထိုင်းနိုင်ငံ၏ COVID-19 အခြေအနေစီမံခန့်ခွဲမှုစင်တာ (CCSA) သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံလုံးဆိုင်ရာ COVID-19 အရေးပေါ်အမိန့်ကို အဆုံးသတ်ကြောင်းကြေညာခဲ့ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ COVID-19 ကို "အန္တရာယ်ရှိသောကူးစက်ရောဂါ" အဆင့်မှ "အချိန်ပြည့်စောင့်ကြည့်ရမည့်ကူးစက်ရောဂါ" အဆင့်သို့ ပြန်လည်သတ်မှတ်ခဲ့ပါသည်။
(ဓာတ်ပုံ)

Source: Department of Disease Control, Ministry of Public Health
ဘန်ကောက်သို့ခရီးသွားရန် ဆုံးဖြတ်ပြီးပါက ထိုင်းနိုင်ငံအကြောင်းနှင့် ခရီးစဉ်ကိုအကောင်းဆုံးအသုံးချနိုင်မည့် နည်းလမ်းများအကြောင်း ပိုမိုသိရှိလိုသည်များ ရှိပါလိမ့်မည်။ သိရှိလိုသည်များကို လေ့လာသုံးသပ်ရန်အတွက် အကောင်းဆုံးနေရာမှာ ထိုင်းနိုင်ငံ၏ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့၏ ဝက်ဘ်ဆိုက်ဖြစ်မည်ဖြစ်ပြီး ၎င်းတွင် အောက်ပါကဲ့သို့သောအကြောင်းအရာမျိုးစုံကို ဖော်ပြထားသည် -
ထိုင်းနိုင်ငံ၏ရာသီဥတုနှင့်ပတ်သက်ပြီး မျှော်မှန်းပြင်ဆင်ထားရမည့်အရာများ
ထိုင်းနိုင်ငံသို့ခရီးသွားခြင်းနှင့်ပတ်သက်၍ မကြာခဏမေးလေ့ရှိသည့်မေးခွန်းများ
ရှင်းလင်းချက်း ယခုဖော်ပြပါသတင်းအချက်အလက်များသည် ထိုင်းနိုင်ငံဗဟိုဘဏ်မှထုတ်ပြန် ထားသော နိုင်ငံခြားသားများနှင့်သက်ဆိုင်သည့် အထွေထွေသတင်းအချက်အလက်များအပေါ်မူတည်၍ အခြေခံထားပါသည်။ ပုဂ္ဂလိကဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုချင်း၏ စည်းမျဉ်းစည်းကမ်းများ ပေါ်မူတည်၍ သတင်းအချက်အလက်များ ကွဲပြားမှုရှိနိုင်သည်။
အောက်ဖော်ပြပါများသင်လိုအပ်လိမ့်မည်၊
၁။ ထိုင်းနိုင်ငံသားခံယူထားသူ/(PR) ရရှိထားသောနိုင်ငံခြားသားများ
(၁)အိမ်ထောင်စုစာရင်း မိတ္တူ
(၂) နိုင်ငံကူးလက်မှတ် (passport)
၂။ အလုပ်လုပ်ခွင့်ပါမစ် (Work permit) ရရှိထားသောနိုင်ငံခြားသားများ
(၁) အလုပ်လုပ်ခွင့်ပါမစ် (Work permit)
(၂) နိုင်ငံကူးလက်မှတ် (passport)
၃။ နှစ်ရှည်နေထိုင်ခွင့်ဗီဇာ ရရှိထားသောနိုင်ငံခြားသားများ
(၁) လုပ်ငန်း/အလုပ်အတွက် ရွှေ့ပြောင်းနေထိုင်သူမဟုတ်သောဗီဇာ (Non-immigrant B
visa)၊ O-A long stay visa (သို့မဟုတ်) ရွှေ့ပြောင်းနေထိုင်သူမဟုတ်သော ၃
နှစ်နေထိုင်ခွင့် ဗီဇာ (3-year non-immigrant visa)
(၂) နှစ်ရှည်နေထိုင်ခွင့်ဗီဇာ (Long-Term Resident Visa (LTR))
(၃) ထိုင်းနိုင်ငံ၏အထူးအကျိုးခံစားခွင့် (Thailand Privilege) ရရှိထားသူ၊
အချို့ဘဏ်များသည် အောက်ပါအချက်အလက်များကိုထပ်မံတောင်းဆိုနိုင်သည်၊
• ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့် သက်သေအထောက်အထား (ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်ပါမစ်၊ မီး/ရေနှင့်အခြားသော သုံးစွဲမှုငွေရပြေစာ၊ ငှါးရမ်းမှုစာချုပ် အစရှိသဖြင့်)
• သင်၏မိခင်နိုင်ငံတွင်နေထိုင်ခွင့် သက်သေအထောက်အထား (မီး/ရေနှင့်အခြားသော သုံးစွဲမှုငွေရပြေစာများ၊ ဘဏ်ရှင်းတမ်း၊ ယဉ်မောင်းလိုင်စင် အစရှိသဖြင့်)
• ထိုင်းနိုင်ငံအတွင်း ပိုင်ဆိုင်မှုသက်သေအထောက်အထားများ
• သင်၏နိုင်ငံဆိုင်ရာသံရုံး၊ ဘဏ် (သို့မဟုတ်) ထိုင်းနိုင်ငံ၏ ပညာရေးအဖွဲ့အစည်းတစ်ခုခုမှ ရရှိထားသော ထောက်ခံစာ
ဘမ်ရွန်ဂရက် နိုင်ငံတကာဆေးရုံကြီးတွင် သင့်၏ချိန်းဆိုမှုကိုအတည်ပြုပြီးသည်နှင့် ခရီးမထွက်မီ သိရှိထားရန်လိုအပ်သည့် အရေးကြီးသောသတင်းအချက်အလက်များနှင့်ပတ်သက်သည်များကို ကျွန်တော်တို့၏ ဆေးကုသမှုခရီးစဉ်အဖွဲ့က ပို့ပေးပါလိမ့်မည်။ သင့်ရဲ့ဆေးကုသမှုခရီးစဉ်ကို ပိုကောင်းစွာပြင်ဆင်ရာတွင် အထောက်အကူဖြစ်စေရန် ဤခရီးစဉ်အတွက်စစ်ဆေးရန်စာရင်းကို ကြည့်ပါ။
ယေဘုယျအားဖြင့် အောက်ပါအခြေအနေများရှိပါက လေကြောင်းဖြင့်ခရီးသွားလာခြင်းကို တားမြစ်ထားပါသည်
လေယာဉ်ပျံသန်းနေစဉ် -
ခရီးသွားလာရေးအတွက် အန္တရာယ်အခြေအနေ အကဲဖြတ်ခြင်း

(Travel Risk Assessment) ကို ဒေါင်းလုဒ်လုပ်ပါ