ဟော်မုန်းတွေက ဘာတွေလုပ်ဆောင်ပေးလဲ
ဟော်မုန်းများသည် ကျွန်ုပ်တို့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အဆက်မပြတ်လှည့်လည်နေပြီး လုပ်ဆောင်ချက်အသီးသီးကိုညွှန်ကြားပေးနေတဲ့ ခန္ဓာကိုယ်အချက်ပြစနစ်များဖြစ်ပါတယ်။ ၎င်းတို့ကို endocrine ဂလင်းများမှ ထုတ်လုပ်ပြီး ကျွန်ုပ်တို့ခန္ဓာကိုယ်ရဲ့ကြီးထွားမှု၊ ပြုပြင်မှု၊ မျိုးပွားမှု၊ အစာခြေမှုနှင့် ဇီဝကမ္မဖြစ်စဉ်ကဲ့သို့သော အခြေခံလုပ်ငန်းစဉ်များကို ဟော်မုန်းများမှထိန်းညှိပေးသည့်အတွက် ဟော်မုန်းများညီမျှနေသည့်အခါတွင် ခန္ဓာကိုယ်သည်အကောင်းဆုံးလုပ်ဆောင်နိုင်ပြီး ဟော်မုန်းအမျိုးအစားတစ်ခု အနည်းငယ်မျှမညီမျှခြင်းရှိပါက ကျွန်ုပ်တို့၏အလုံးစုံကျန်းမာရေးနှင့်ကောင်းမွန်စွာနေထိုင်နိုင်မှုအပေါ် သိသိသာသာ သက်ရောက်မှုရှိနိုင်ပါတယ်။
ဟော်မုန်းမညီမျှမှုနှင့် ဆက်စပ်နေသော လက္ခဏာများ
ဟော်မုန်းမညီမျှမှုများသည် မည်သည့်အသက်အရွယ်မဆို ဖြစ်ပေါ်နိုင်ပြီး ကိုယ်အလေးချိန် အလွန်အမင်း တက်၊ ကျခြင်း၊ ရာသီသွေး မမှန်ခြင်း၊ ကြွက်သားထု လျော့နည်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်း၊ လိင်စိတ် နည်းပါးခြင်း၊ အသားအရေ ပါးလာခြင်းနှင့် ဆံပင်ကျွတ်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း (စိုးရိမ်ပူပန်ခြင်း၊ ဝမ်းနည်းခြင်း)၊ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ၊ အရိုးသိပ်သည်းဆ လျော့နည်းခြင်း (osteopenia) နှင့် အရိုးပွရောဂါ (osteoporosis)စတဲ့ လက္ခဏာများကိုဖြစ်ပေါ်စေနိုင်ပါတယ်။
ဟော်မုန်းစစ်ဆေးခြင်း
အလုံးစုံပါဝင်တဲ့ ကျွန်ုပ်တို့ဟော်မုန်းစစ်ဆေးမှုသည် မိမိခန္ဓာကိုယ်၏လက်ရှိဟော်မုန်းအဆင့်နှင့်ပက်သက်သည့်အကျဉ်းချုပ်ကို အသေးစိတ်ကျကျပေးစွမ်းနိုင်ပြီး ဟော်မုန်းမညီမျှမှုများ ရှိနေပါကလည်း လိုအပ်သည့် ဆေးဝါးများ၊ ဖြည့်စွက်အားဆေးများနှင့် နေထိုင်မှုပုံစံ ပြောင်းလဲမှုများအတွက် လိုအပ်သည့် သီးသန့်အကြံပေးနိုင်မည်ဖြစ်ပြီး သင့်၏တိုးတက်မှုကို စောင့်ကြည့်ရန်နှင့် ဟော်မုန်းအဆင့်များ ကျန်းမာရေးနှင့်ညီညွတ်သော မျှတမှုသို့ ပြန်လည်ရောက်ရှိစေရန်အတွက် နောက်ထပ်ရက်ချိန်းတွေ့ဆုံမှုတစ်ခုကိုလည်း စီစဉ်ပေးသွားမည် ဖြစ်ပါတယ်။
ပါဝင်သည့်အရာများ
- Free T3
- Free T4
- TSH
- Estradiol (E2)
- LH
- FSH
- Progesterone
- DHEA-S
- Free - Testosterone
- IGF - I
- Cortisol
- Insulin
- IGFBP-3
ငွေပေးချေရန်နည်လမ်းများ
- ငွေကြေးနှင့်အာမခံဆိုင်ရာ အချက်အလက်များ သိလိုပါက - နှိပ်ပါ။
ညွှန်ကြားချက်များ
-
ယခုအစီအစဉ်ကို စတင်ရန် အနည်းဆုံး ၁၀ နာရီကြိုတင်ပြီး ရေသန့်တစ်မျိုးတည်းမှလွဲ၍ အစားအစာနှင့် အခြားသောက်စရာများ အားလုံးရှောင်ကြဉ်ရန် လိုအပ်ပါမည်။
- တကယ်လို့ မိမိသည် ဆေးကုသမှုခံယူနေသူ သို့မဟုတ် ရောဂါကုသမှုတခုခုအတွက် ဆေးဝါးများ သောက်သုံးနေရသူ ဖြစ်ပါက သူနာပြုကိုကြိုတင်၍အသိပေးထားရန် လိုအပ်ပါမည်။
- ဟော်မုန်းများ အတက်ကြွဆုံးအချိန်ဖြစ်သည် မနက်ခင် ၁၀ နာရီ မတိုင်ခင်တွင် ယခုစစ်ဆေးမှုကို လုပ်ဆောင်ရန် အကြံပေးအပ်ပါသည်။
