အလှအပနှင့်ကျန်းမာရေးအတွက် Hyperbaric အောက်စီဂျင်ကုထုံး
သဘာဝအလျောက်ကုစားနိုင်စွမ်းကို လှုံ့ဆော်ပေးသည့်အောက်စီဂျင်
Hyperbaric အောက်စီဂျင်ကုထုံးသည် အနားယူရင်းသက်တောင့်သက်သာရယူနိုင်သောကုသမှုဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် လေထုဖိအားမြင့်သည့်အခန်းတွင်းမှ အောက်စီဂျင်ကိုသာ ရှုရှိုက်ရန်လိုအပ်ပြီး ထိုသို့အသက်ရှူလိုက်ရုံဖြင့် မိမိ၏သွေးကြောများ၊ ဆဲလ်များ၊ ကိုယ်တွင်းအင်္ဂါများနှင့် ဦးနှောက်အထိ အောက်စီဂျင်ဖြန့်ဝေမှုကို တိုးမြှင့်စေသည်။ ဤကုသမှုသည် ခန္ဓာကိုယ်အားခွဲစိတ်ထိုးဖောက်ခြင်းမဟုတ်သည့်အတွက် မည်သူအတွက်မဆို သင့်တော်သောကုသမှုဖြစ်သည်။
ကျန်းမာသောသွေးလည်ပတ်မှုသည် ကျွန်ုပ်တို့ခန္ဓာကိုယ်ကိုပြန်လည်နုပျိုသစ်လွင်စေသည်။ ပျက်စီးသွားသောအရေပြားဆဲလ်များကို ပြန်လည်ပြုပြင်ပေးပြီး ထိခိုက်ဒဏ်ရာရရှိထားသည့်အသားအရေကို ပြန်လည်ကျန်းမာလာစေရန်ကုစားပေးနိုင်သောကြောင့် အရေးအကြောင်းများကိုလျော့နည်းစေသည်။
ခန္ဓာကိုယ်အတွင်းအောက်စီဂျင်လည်ပတ်စီးဆင်းမှုများပြားလာခြင်းက အရေပြားရောဂါများကြောင့်ပျက်စီးသွားသောနေရာများသို့ အောက်စီဂျင်ရောက်ရှိစေပြီး သဘာဝကုစားမှုလုပ်ငန်းစဉ်ဖြစ်သည့် ကော်လာဂျင်ထုတ်လုပ်မှု နှင့် တစ်ရှူးဆဲလ်များပြန်လည်ဖွဲ့စည်းမှုကို ပြန်လည်စတင်နိုင်စေရန်ကူညီပေးသည်။
Hyperbaric အောက်စီဂျင်ကုထုံး၏ အကျိုးကျေးဇူးများ
- အရေပြားဆဲလ်များကိုပြန်လည်သက်ဝင်စေပြီး သွေးလည်ပတ်မှုကောင်းမွန်စေခြင်း
- သဘာဝကုစားနိုင်စွမ်း နှင့် ကိုယ်ခံအားမြင့်တင်ပေးခြ
- သက်ဝင်တက်ကြွမှု၊ အာရုံစူးစိုက်နိုင်စွမ်းနှင့် မှတ်ဉာဏ်ကောင်းမွန်စေခြင်း
- ပင်ပန်းနွမ်းနယ်မှုကို လျော့နည်းစေကာ ခွန်အားနှင့်အမောခံနိုင်မှု၊ အကြမ်းခံနိုင်မှုတို့ကို တိုးမြင့်စေခြင်း
- ပင်ပန်းနွမ်းနယ်မှုကို လျော့နည်းစေကာ ခွန်အားနှင့်အမောခံနိုင်မှု၊ အကြမ်းခံနိုင်မှုတို့ကို တိုးမြင့်စေခြင်း
- ခေါင်းမကြည်ခြင်း၊ အိပ်ရေးမဝခြင်း စသည့်ခံစားမှုများကိုဖယ်ရှားပေးခြင်း
အစီအစဥ်အတွင်းပါဝင်မှုများ
- Hyperbaric အောက်စီဂျင်ကုထုံး ၄၅ - ၆၀ မိနစ်
ညွှန်ကြားချက်များ
- HBOT ကုသမှုပြုလုပ်နေစဥ်အတွင်း လေဖိအားပြောင်းလဲမှုများသည် ကျန်းမာရေးပြဿနာရှိသူများ၊ နားမကောင်းသူများ သို့မဟုတ် အကူနားကြားကိရိယာအသုံးပြုနေရသူများအတွက် မသက်မသာဖြစ်ခြင်းအနည်းငယ် ခံစားရစေနိုင်သည်။ သို့ဖြစ်ပါ၍ ပထမဆုံးကုသမှုမတိုင်မီ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းရယူရန် အကြံပြုပါသည်။
- အကယ်၍သင်သည် ဆေးကုသမှုခံယူနေသူ သို့မဟုတ် ရောဂါတစ်ခုခုအတွက် ဆေးဝါးများ သောက်သုံးနေရပါက သူနာပြုအားကြိုတင်၍အသိပေးထားရန် လိုအပ်ပါမည်။
- ကုသမှုမစတင်မီ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှု ရယူပါ။
ငွေပေးချေရန်နည်လမ်းများ
- ငွေကြေးနှင့်အာမခံဆိုင်ရာ အချက်အလက်များသိရှိလိုပါက - နှိပ်ပါ။
