ကျန်းမာရေးကောင်းမွန်စေရန် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပါ။
ကျွန်ုပ်တို့ကိုယ်ခံအားစနစ်သည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များ၊ ကပ်ပိုးမွှားများ၊ ပတ်ဝန်းကျင်ထဲရှိ အဆိပ်အတောက်များနှင့် မှိုကြောင့် ဖြစ်ပေါ်လာသော ရောဂါများမှ သဘာဝအလျှောက်ကာကွယ်ပေးနေပြီး ကိုယ်ခံအားစနစ် အားနည်းသွားသောအခါ အမျိုးမျိုးသောရောဂါများကို လွယ်ကူစွာခံစားရနိုင်သည်။ ကိုယ်ခံအားစနစ် ပိုမိုအားကောင်းမှသာလျှင် ရာသီတုပ်ကွေး (Flu)ကဲ့သို့ ရာသီအလိုက်ဖြစ်ပေါ်သောရောဂါများနှင့် အခြားကျန်းမာရေးပြဿနာများမှ ပိုမိုကာကွယ်နိုင်မည်ဖြစ်သည်။
ကိုယ်ခံအားစနစ် ဘယ်လိုအလုပ်လုပ်သလဲ။
ကျွန်ုပ်တို့ကိုယ်ခံအားစနစ်သည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ပိုးမွှား၊ ပတ်ဝန်းကျင်ရှိ အဆိပ်အတောက်များနှင့် မှိုကဲ့သို့ အန္တရာယ်ရှိအရာများမှ ကာကွယ်ပေးသည့် သဘာဝအလျောက်တည်ရှိနေသော ခန္ဓာကိုယ်ခုခံကာကွယ်ရေးစနစ်ဖြစ်သည်။
အဆိုပါအန္တရာယ်ရှိအရာများသည် ကျွန်ုပ်တို့အိမ်၊ ရုံးခန်းများနှင့် ပြင်ပပတ်ဝန်းကျင်များတွင် အများအပြားရှိနေကြသည့်အတွက် ကျန်းမာသောကိုယ်ခံအားစနစ်သည် ရောဂါကူးစက်မှုမှ ကာကွယ်ရန် အကောင်းဆုံးအတားအဆီးဖြစ်သည့် ကျွန်ုပ်တို့အသားအရေမှ စတင်ကာခုခံကာကွယ်ပေးပြီး ခန္ဓာကိုယ်ထဲ အန္တရာယ်ရှိသောအရာ (Antigen) တစ်ခု ဝင်လာပါက ကိုယ်ခံအားစနစ်ထဲရှိ အထူးပြုဆဲလ်များက ၎င်းတို့ မပြန့်ပွားခင် ဖျက်ဆီးပေးသည့်အပြင်
လိုအပ်လာပါက ကိုယ်ခံအားစနစ်တုံ့ပြန်မှုကို မြှင့်တင်ကာ ပြန့်ပွားနေသောပိုးမွှားများကို တိုက်ထုတ်ဖယ်ရှားကြသည်။
ကိုယ်ခံအားစနစ်ကို Immune System Fighter Plus Package နှင့်အားဖြည့်ခြင်း
Ozone Therapy
ဤကုထုံးသည် သွေးကြောအတွင်းထိုးသွင်းပေးသောကုသမှုဖြစ်ပြီး တစ်ကြိမ်လျှင် ၄၅ မိနစ် မှ မိနစ် ၆၀ အထိ ကြာမြင့်နိုင်သည်။ သွေးထဲတွင်အောက်စီဂျင်နှင့် အိုဇုန်းများပြည့်ဝလာသောအခါ အောက်ဆီဂျင်မကြိုက်သောဘတ်တီးရီးယားများနှင့် မှိုများမပြန့်ပွားနိုင်သည့် အောက်ဆီဂျင်ကြွယ်ဝသောပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးသည်။
Myer’s Cocktail
သွေးကြောသွင်းဗီတာမင်ကုထုံးသည် နာတာရှည်ရောင်ရမ်းမှု၊ ကြွက်သားနာကျင်မှု၊ ပင်ပန်းနွန်းနယ်မှုနှင့် စိတ်ဖိစီးမှုများကို သက်သာစေနိုင်သည်။ ဗီတာမင်အမျိုးမျိုးနှင့် ရေဓာတ်ကို မျှတစွာရောစပ်ထားခြင်းကြောင့် ကိုယ်ခံအားစနစ်ကိုအားဖြည့်ပေးကာ ခေါင်းတခြမ်းကိုက်ခြင်းနှင့် ကြွက်တက်ခြင်းတို့မှ ကာကွယ်ပေးနိုင်သည့်အပြင် စိတ်နှင့်ခန္ဓာညီညွတ်မျှတမှုကိုပြန်လည်ရရှိစေပြီး ပေါ့ပါးလန်းဆန်းစေသည်။
Weber လေဆာ
Weber လေဆာကုထုံးသည် နာတာရှည်ရောဂါများအတွက် ဆေးဝါးအသုံးပြုရန်မလိုအပ်ပဲကုသနိုင်သော ဆေးဘက်ပညာအရအတည်ပြုလက်ခံထားပြီးဖြစ်သည့် ခေတ်မီကုသနည်းတစ်ခုဖြစ်သည်။ ကိုယ်ခံအားစနစ်ကိုကြံ့ခိုင်စေကာ ဇီဝဖြစ်စဥ်များကိုလည်းသင့်တင့်မျှတစေသည်။
- အနီရောင်လေဆာ (Red Laser) ကုထုံး
သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး သွေးဖိအားကိုလျော့ကျစေခြင်းကြောင့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းကဲ့သို့သော နာတာရှည်ပြင်းထန်ရောဂါဖြစ်နိုင်ချေများကို လျော့နည်းစေသည်။ ထို့အပြင် melatonin ဟော်မုန်းထုတ်လုပ်မှုကို အရှိန်မြှင့်တင်ပေးခြင်းကြောင့် ပိုမိုကောင်းမွန်စွာအိပ်ပျော်စေပြီး ကိုယ်ခံအားစနစ်ကောင်းမွန်လာခြင်းနှင့် စွမ်းအင်မြှင့်တင်ခြင်းတို့အတွက် များစွာအထောက်အကူဖြစ်စေသည်။ - အပြာရောင်လေဆာ (Blue Laser) ကုထုံး
အိုမင်းရင့်ရော်မှုကိုတွန်းလှန်ကာကွယ်နိုင်စွမ်း နှင့် ရောင်ရမ်းမှုဖြစ်ပွားခြင်းများကိုတားဆီးပေးနိုင်စွမ်းရှိသည်။ ထို့အပြင် အမျိုးအစား (၂) ဆီးချိုရောဂါ နှင့် ဆီးချိုကြောင့်ဖြစ်ပွားတတ်သော နောက်ဆက်တွဲလက္ခဏာများဖြစ်ပွားခြင်းမှကာကွယ်ပေးနိုင်သည်။ အပြာရောင်လေဆာကုထုံးသည် သိမြင်နိုင်စွမ်းများကိုလည်းအားကောင်းစေသည်။
Immune System Fighter Plus Package ရယူရန်သင့်တော်သူများ
- ဖြစ်နိုင်ချေအန္တရာယ်မြင့်မားသူများ
- မကြာခဏခရီးသွားနေရသူများအနေဖြင့် ပုံမှန်မဟုတ်သောအိပ်စက်ချိန် နှင့် များပြားလှသောအချိန်ဇယားတို့ကြောင့် ကျန်းမာရေးထိခိုက်နိုင်ချေပိုများသည်။ လေကြောင်းခရီးသွားလာမှုသည် အောက်စီဂျင်ပမာဏနည်းပါးခြင်း နှင့် လူအများအကြားအောက်စီဂျင်ကိုထပ်တလဲလဲမျှဝေသုံးစွဲရခြင်းတို့ကို ရင်ဆိုင်ရခြင်းကြောင့် ကျွန်ုပ်တို့၏ကိုယ်ခံအားစနစ်ကိုအားနည်းစေနိုင်ပြီး ဖျားနာမှုများကိုခံစားရနိုင်ချေမြင့်မားသည်။
- ဖြစ်နိုင်ချေအန္တရာယ်မြင့်မားသူများတွင် အလုပ်လုပ်ချိန်ရှည်လျားသူများ၊ နာတာရှည်စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှုခံစားနေရသူများ သို့မဟုတ် အရွယ်မတိုင်မီအိုမင်းရင့်ရော်မှုပြဿနာအတွက်စိုးရိမ်နေသူများလည်းပါဝင်သည်။
ညွှန်ကြားချက်များ
- G6PD ချို့တဲ့သူများအနေဖြင့် ဤကုထုံးခံယူရန်မသင့်ပါ။
- နာတာရှည်ရောဂါရှိသူများ သို့မဟုတ် ဆေးဝါးသောက်သုံးနေရသူများရှိပါက ကုသမှုစတင်မီ သူနာပြုထံကြိုတင်အကြောင်းကြားရန်လိုအပ်ပါသည်။
- အကောင်းဆုံးရလဒ်များရရှိစေရန်အတွက် VitalLife မှ ဆရာဝန်၏ဆုံးဖြတ်ချက်အရ ဗီတာမင်ဖော်စပ်မှုများ နှင့် ဗီတာမင်ပမာဏများကို ပြင်ဆင်ချိန်ညှိပိုင်ခွင့်ရှိပါသည်။
အစီအစဥ်အတွင်းပါဝင်မှုများ
- Ozone ကုထုံး
- ခန္ဓာကိုယ်၏ သဘာဝအလျောက်ကုစားနိုင်စွမ်းကိုအထောက်အပံ့ပေးသည်။
- သွေး နှင့် အသည်းမှအဆိပ်အတောက်ဖယ်ရှားသည့်လုပ်ငန်းစဉ်ကို တိုးမြင့်စေသည်။
- ဓာတ်တိုးဆန့်ကျင်ပစ္စည်းပမာဏများကို မြင့်မားစေသည်။
- ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသည်။
- Myer’s Cocktail
- ကိုယ်ခံအားစနစ်ကို မြန်ဆန်စွာမြှင့်တင်ပေးသည်။
- ခန္ဓာကိုယ်အားနည်းမှုနှင့် နာတာရှည်ပင်ပန်းနွမ်းနယ်မှုကိုသက်သာစေသည်။
- ကြွက်တက်ခြင်း၊ ကြွက်သားတောင့်တင်းခြင်းများကိုလျော့နည်းစေသည်။
- Weber လေဆာကုထုံး
- အနီရောင်လေဆာကုထုံး
သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး သွေးဖိအားကိုလျော့ကျစေခြင်းကြောင့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းကဲ့သို့သော နာတာရှည်ပြင်းထန်ရောဂါဖြစ်နိုင်ချေများကို လျော့နည်းစေသည်။ - အပြာရောင်လေဆာကုထုံး
အိုမင်းရင့်ရော်မှုကိုတွန်းလှန်ကာကွယ်နိုင်စွမ်း နှင့် ရောင်ရမ်းမှုဖြစ်ပွားခြင်းများကိုတားဆီးပေးနိုင်စွမ်းရှိသည်။
- အနီရောင်လေဆာကုထုံး
ငွေပေးချေရန်နည်လမ်းများ
- ငွေကြေးနှင့်အာမခံဆိုင်ရာ အချက်အလက်များသိရှိလိုပါက - နှိပ်ပါ။
