မျိုးရိုးဗီဇစစ်ဆေးမှုတစ်ခုတည်းကိုသာ အလေးပေးထားသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုများသည် ကျွန်ုပ်တို့ခန္ဓာကိုယ်နှင့် ကျန်းမာရေးအပေါ် သက်ရောက်ပြောင်းလဲစေနိုင်သည့် အကြောင်းအရင်းများအားလုံးကို စစ်ဆေးသိရှိနိုင်ရန် မလုံလောက်ပေ။ ကျွန်ုပ်တို့၏ မွေးရာပါဗီဇအရင်းအမြစ်များတူညီနေနိုင်သော်လည်း Phenotypes ခေါ် ရုပ်ပိုင်းဆိုင်ရာဖော်ပြမှုများက မတူညီသောဘဝခရီးအခြေအနေအလိုက် အမျိုးမျိုးကွဲပြားနိုင်သည်။ မတူညီသောဘဝ၏အချိန်အပိုင်းအခြားတလျောက်တွင်လည်း DNA Methylation၊ RNA၊ အသားဓာတ်များ၊ ဇီဝဖြစ်စဉ်များမှထွက်လာသောဒြပ်ပေါင်းများ နှင့် ခန္ဓာကိုယ်အတွင်းရှိအကျိုးပြုပိုးမွှားများ (microbiome) စသည့် ခန္ဓာပြောင်းလဲမှုများအပေါ်လွှမ်းမိုးထားသောအကြောင်းအရင်းများစွာလည်း ရှိနေတတ်သည်။
ယခုလက်ရှိတွင် DNA သို့မဟုတ် ဗီဇသင်္ကေတများကိုသာအခြေခံ၍ ကျန်းမာရေးပြဿနာများ၊ ဖြစ်နိုင်ချေအန္တရာယ်များကိုရှာဖွေစစ်ဆေးခြင်းသည်ခန္ဓာကိုယ်အတွင်းရှိ ရှုပ်ထွေးလှသောဇီဝစနစ်များကို နားလည်နိုင်ရန် နှင့် ယနေ့ခေတ်တွင် ဖြစ်ပွားနေသည့် ရှုပ်ထွေးလှသောရောဂါအမျိုးမျိူးကိုရှာဖွေစစ်ဆေးနိုင်ရန် လုံလောက်မှုမရှိပေ။
အကယ်၍ နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုများ၊ သွေးစစ်ဆေးမှုများမှတစ်ဆင့် အရေးကြီးရောဂါများ၏ ဖြစ်နိုင်ချေအန္တရာယ်ကို နှစ်ပေါင်းများစွာကတဲကကြိုတင်ခန့်မှန်းနိုင်မည်ဆိုလျှင် အကျိုးရှိနိုင်မလား?ကျွန်ုပ်တို့၏ ခေတ်မီဆန်းသစ်သော အသားဓာတ်များကိုလေ့လာစစ်ဆေးခြင်း (Proteomics Testing) သည် ထိုကဲ့သို့ လုပ်ဆောင်ပေးနိုင်ပါသည်။ သင်၏သွေးထဲရှိ အသားဓာတ်အမျိုးအစား ၇,၀၀၀ ကျော်ကို ဆန်းစစ်လေ့လာခြင်းဖြင့် လက်ရှိကျန်းမာရေးပြဿနာများကိုသိရှိစေနိုင်ပြီး အဆိုပါပြီးပြည့်စုံသောစစ်ဆေးမှုသည် လက်ရှိရုပ်ပိုင်းဆိုင်ရာအခြေအနေနှင့် အနာဂတ်ကျန်းမာရေးအန္တရာယ်များအကြောင်းကို နက်နက်နဲနဲသိမြင်စေနိုင်သည်။
ပါဝင်သည့်စစ်ဆေးမှုများ
တိတ်တဆိတ်ဖြစ်ပွားတတ်သော အောက်ပါရောဂါ (၄) မျိုး၏ ဖြစ်နိုင်ချေအန္တရာယ်များကိုအကဲဖြတ်စစ်ဆေးခြင်း
-
လာမည့် ၅ နှစ်အတွင်း အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ
-
လာမည့် ၅ နှစ်အတွင်း ပရိုစတိတ်ကင်ဆာ ဖြစ်နိုင်ခြေ
-
လာမည့် ၄ နှစ်အတွင်း နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါ ဖြစ်နိုင်ခြေ
-
လာမည့် ၅ နှစ်နှင့် ၂၀ နှစ်အတွင်း ဉာဏ်ရည်ကျဆင်းမှု (Dementia) ဖြစ်နိုင်ခြေ
-
လာမည့် ၄ နှစ်အတွင်း ကျောက်ကပ်ရောဂါ (Chronic Kidney Disease) ဖြစ်နိုင်ခြေ
လက်ရှိရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေကိုအကဲဖြတ်ခြင်း
- Glucose Tolerance: ဆီးချိုရောဂါကာကွယ်နိုင်ရန် အရေးကြီးသောအချက်ဖြစ်သည့် ခန္ဓာကိုယ်၏ သွေးတွင်းသကြားဓာတ်များအပေါ် စီမံထိန်းညှိနိုင်စွမ်းကို အကဲဖြတ်ခြင်း
- Cardiorespiratory Fitness: နှလုံးနှင့် အသက်ရှုလမ်းကြောင်းစနစ်တို့၏ ကျန်းမာသန်စွမ်းမှုအဆင့်ကို လေ့လာအကဲဖြတ်ခြင်း
- Alcohol Impact: အသည်းကျန်းမာရေးနှင့် အလုံးစုံသောကျန်းမာခြင်းကို သိရှိနိုင်ရန် ခန္ဓာကိုယ်အပေါ် အရက်သောက်သုံးခြင်း၏သက်ရောက်မှုကို တိုင်းတာခြင်း
- Visceral Fat (ကိုယ်တွင်းအင်္ဂါများရှိအဆီ): သိသာသော ဇီဝဖြစ်ပျက်မှုအခြေအနေပြ အညွှန်းကိန်းဖြစ်သည့် ကိုယ်တွင်းအင်္ဂါများတွင်ရှိသော အဆီပမာဏအား အကဲဖြတ်ခြင်း
- Liver Fat: အသည်းထဲရှိအဆီပမာဏကိုတိုင်းတာသိရှိထားခြင်းဖြင့် အသည်းအဆီဖုံးရောဂါဖြစ်နိုင်ချေများကို အကဲဖြတ်ခြင်း
- Resting Energy Rate: ကိုယ်အလေးချိန်နှင့်ခန္ဓာကိုယ်စွမ်းအင်များကို ထိရောက်စွာစီမံခန့်ခွဲနိုင်ရန် အနားယူနေချိန်အတွင်းရှိ စွမ်းအင်အသုံးပြုနှုန်းအား ဆုံးဖြတ်ခြင်း
- Tobacco Exposure(ဆေးလိပ်ငွေ့ထိတွေ့မှု) : ဆေးလိပ်ငွေ့များကိုရှုရှိုက်ထိတွေ့မှုမှ ဖြစ်ပွားလာနိုင်ချေရှိသော ကျန်းမာရေးအန္တရာယ်များကို စစ်ဆေးအကဲဖြတ်ခြင်း
ဤစစ်ဆေးမှုအစီအစဉ်အားလုပ်ဆောင်ရန် သင့်တော်သူများ
- မျိုးရိုးဗီဇစစ်ဆေးမှုထက်သာလွန်၍ မိမိကျန်းမာရေးကို ကြိုတင်ကာကွယ်စောင့်ရှောက်လိုသူ အသက် ၄၀ နှင့်အထက် အမျိုးသား၊ အမျိုးသမီးအားလုံးအတွက် ဤစစ်ဆေးမှုပြုလုပ်ရန်အကြံပြုပါသည်။ ခန္ဓာကိုယ်အတွင်းရှိ ပရိုတင်းဓာတ်များသည် နေထိုင်မှုပုံစံအပေါ်မူတည်ကာ အဆက်မပြတ်ပြောင်းလဲနေသည့်အတွက် ၆ လတစ်ကြိမ် (သို့) ဆရာဝန်၏ဆုံးဖြတ်ချက်အရ စစ်ဆေးမှုခံယူရန် အကြံပြုပါသည်။
- အသက် ၁၈ နှစ်မှ ၃၉ နှစ်အတွင်းရောက်ရှိနေသူများလည်းစစ်ဆေးမှုခံယူနိုင်သည်။ သို့သော် အနာဂတ်ကျန်းမာရေးအန္တရာယ်များကို ကြိုတင်ခန့်မှန်းရာတွင် ဆရာဝန်မှစဉ်းစားဆုံးဖြတ်ပြီး လိုအပ်သောအထူးညွှန်ကြားချက်များကိုအကြံပြုပေးမည်ဖြစ်သည်။
စစ်ဆေးမှုလုပ်ဆောင်ရန် မသင့်လျော်သူများ
- အသက် ၁၈ နှစ်မပြည့်သေးသောသူများ
- Systemic Lupus Erythematosus (SLE) (သို့) Lupus စသည့် ကိုယ်ခံအားစနစ်ဖောက်ပြန်မှုကြောင့်ဖြစ်တတ်သောရောဂါရှိသူများ
- နှစ်ရှည်ကျောက်ကပ်ရောဂါခံစားနေရသူများ
- ကိုယ်ဝန်ဆောင်မိခင်များ
- လွန်ခဲ့သော တစ်လအတွင်း ခွဲစိတ်ကုသမှုခံယူထားသူများ
အဖြေရရှိရန်ကြာမြင့်ချိန်: ၂ လ
လက်ရှိကျန်းမာရေးအခြေအနေနှင့် အနာဂတ်ကျန်းမာရေးအန္တရာယ်များကို ရှင်းလင်းသေချာစွာဖော်ပြပေးနိုင်မည့် Proteomics စစ်ဆေးမှုအတွေ့အကြုံများကို VitalLife Scientific Wellness Center တွင်လက်တွေ့ခံစားလိုက်ပါ။ ကျွန်ုပ်တို့သည် သင့်ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှုများဖြင့် ရောဂါများမဖြစ်ပွားမီကပင် တားဆီးကာကွယ်နိုင်ရန်၊ သီးသန့်ကျန်းမာရေးစောင့်ရှောက်မှုများကိုလမ်းညွှန်ပေးနိုင်ရန် နှင့် ရေရှည်တည်တံ့သောသက်ဝင်တက်ကြွမှုများကိုရရှိစေနိုင်ရန် ကြိုးစားပေးလျက်ရှိပါသည်။
ငွေပေးချေရန်နည်လမ်းများ
- ငွေကြေးနှင့်အာမခံဆိုင်ရာ အချက်အလက်များသိရှိလိုပါက - နှိပ်ပါ။
လိုက်နာရန်ညွှန်ကြားချက်များ
- သွေးစစ်ဆေးမှုမတိုင်မီ အစာနှင့်ရေများကိုရှောင်ကြဉ်ရန် မလိုအပ်ပါ။
- အကယ်၍သင်သည် ဆေးကုသမှုခံယူနေသူ သို့မဟုတ် ရောဂါတစ်ခုခုအတွက် ဆေးဝါးများ သောက်သုံးနေရပါက သူနာပြုအားကြိုတင်၍အသိပေးထားရန် လိုအပ်ပါမည်။
- ဤစစ်ဆေးမှုကို အသက် ၁၈ နှစ်နှင့်အထက်ပြည့်ပြီးသူများအားလုံးစစ်ဆေးနိုင်ပါသည်။
