Concentrated serum သည် ကမ္ဘာတစ်ဝှမ်းမှအသိအမှတ်ပြုထားသော အရည်အသွေးမြင့်ပါဝင်ပစ္စည်းများကို ဂရုတစိုက်ရွေးချယ်ရောစပ်ကာထုတ်လုပ်ထားခြင်းကြောင့် နုပျိုဝင်းပ၍ကျန်းမာစိုပြေသောအသားအရေရရှိစေရန် လိုအပ်သည့်အာဟာရဓာတ်များကိုဖြည့်တင်းပေးနိုင်မည့် အားကောင်းသောအရေပြားကုသမှု serum တစ်ခုဖြစ်သည်။
အရေးအကြောင်းများကို ထိရောက်စွာကာကွယ်ကုသပေးနိုင်ခြင်း
- Acetyl Hexapeptide-8 (Argireline):
ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်များမှ ရွေးချယ်အသုံးပြုကြသော အာနိသင်ပြည့်ဝသည့် Peptide တစ်ခုဖြစ်ပြီး အရေးအကြောင်းများကိုသက်သာစေကာ အထူးသဖြင့် နဖူးနှင့်မျက်လုံးတဝိုက်ရှိအရေးအကြောင်းများကို လျော့ပါးစေသည်။
နူးညံ့ပြီး ဘေးအန္တရာယ်ကင်းကာ ထင်ရှားသောအရေးအကြောင်းများနှင့် နက်ရှိုင်းသောအရေးအကြောင်းများကို ၁ လအတွင်း ၂၇% မှ ၆၀% ခန့်အထိလျော့ပါးစေနိုင်သည်။
(ရလဒ်မှာ လူတစ်ဦးချင်းစီ၏ အသားအရေအခြေအနေအပေါ်မူတည်ပါသည်)။ - Powerful Hyaluronic serum:
ပရိုတင်းနှင့် type-I ကော်လာဂျင်ထုတ်လုပ်မှုကိုလှုံ့ဆော်ပေးနိုင်သော သေးငယ်သည့် Hyaluronic Acid Molecule Renovhyal® ၏ရေဓာတ်ဖြည့်တင်းပေးနိုင်စွမ်း နှင့် ၂၄ နာရီအစိုဓာတ်ထိန်းပေးနိုင်သော Cristalhyal® Hyaluronic Acid တို့ကို ပေါင်းစပ်ထားခြင်းကြောင့် အသားအရေကိုသိသိသာသာတင်းရင်းစိုပြေစေသည်။ - ANTARCTICINE C (P06-PD030):
အန်တာတိကသမုဒ္ဒရာရှိ Pseudoalteromonas Antarctica NF3 ဘက်တီးရီးယားမှ ထုတ်ယူထားသည့် စွမ်းအားပြည့်ပရိုတင်း - အလွန်အေးမြသောအထိအတွေ့ကိုရယူရန် အန်တာတိကသမုဒ္ဒရာမှရှာဖွေထားခြင်းဖြစ်သည်။ သုတေသနပညာရှင်များက ဤပရိုတင်းသည် အပူလွန်ကဲသော အသားအရေ၏ မသက်မသာခံစားရမှုကို အမြန်ဆုံးသက်သာစေပြီး အသုံးပြုပြီး ၅ နာရီအတွင်း အသားအရေကို ၁၂၅% တင်းရင်းစေကာ keratinocytes ထုတ်လုပ်မှုကိုလည်းလှုံ့ဆော်ပေးနိုင်ကြောင်းတွေ့ရှိရသည်။ ထို့ကြောင့် ၄ နာရီအတွင်း အသားအရေ၏ကျန်းမာရေးကို ၃၆% အထိ တိုးမြှင့်ပေးနိုင်သည်။ - Neodermyl®:
အရေပြားအတွင်း ကော်လာဂျင်ထုတ်လုပ်မှုကိုဖြစ်ပေါ်စေသောအခြေခံပစ္စည်းဖြစ်သည့် ပရိုလိုင်း နှင့် လိုင်ဆင်း အမိုင်နိုအက်ဆစ်များဖြစ်ပြီး type I နှင့် type III ကော်လာဂျင်နှင့် အီလက်စတင်ထုတ်လုပ်မှုကိုလှုံ့ဆော်သောကြောင့် ၂ ပတ်အတွင်း နက်ရှိုင်းထင်ရှားသောအရေးအကြောင်းများကို သိသိသာသာလျော့ပါးစေသည်။
အားကောင်းသောအသားဖြူလိမ်းဆေး (Powerful Whitening Concentrate)
- ဉမေသီး အဆီအနှစ်:
ခန္ဓာကိုယ်အတွင်းတွင် ပရိုတင်း နှင့် ပိုလျှံနေသောသကြားဓာတ်တို့ပေါင်းစပ်သည့်အခါ AEG ထုတ်လုပ်မှုကိုဖြစ်ပေါ်စေသည်။ ၄င်း AEG ထွက်လာခြင်းက ကော်လာဂျင် နှင့် အီလက်စတင်ထုတ်လုပ်မှုကိုအနှောင့်အယှက်ဖြစ်စေသည့်အပြင် အသားအရေကိုလည်းညိုမဲညစ်နွမ်းလာစေသည်။ ဤဂျပန်ဇီးသီးအဆီအနှစ်သည် glycation ဖြစ်စဥ်ကိုလျှော့ချကာ AEG ထုတ်လုပ်မှုကိုဟန့်တားပေးသောကြောင့် အသားအရေကိုကြည်လင်ဝင်းပစေသည်။ - Brightenyl®:
Tri-Hydroxybenzoic Acid နှင့် Brighlette™ တို့မှ ဆင်းသက်လာသောအဆိုပါဒြပ်ပေါင်းသည် စပိန်နိုင်ငံ တီနာရီဖ်ကမ်းခြေကျွန်းမှရယူထားသော Plankton အဆီအနှစ်ဖြစ်ပြီး melanin ထုတ်လုပ်မှုကိုဖြစ်ပေါ်စေသည့် tyrosinase အင်ဇိုင်းကိုတားဆီးပေးနိုင်ခြင်းကြောင့် အသားအရေကိုပိုမိုဝင်းပစေသည်။ အသားရောင်မညီမညာဖြစ်နေခြင်းကိုကောင်းမွန်စေပြီး ခရမ်းလွန်ရောင်ခြည်များမှလည်း ကာကွယ်ပေးပါသည်။ - Botanical Extract Complex B:
Scutellaria၊ Mulberry၊ Jujube၊ Artemisia Capillaris နှင့် Japanese Licorice အစရှိသော အကျိုးပြုဆေးဖက်ဝင်အပင် (၅) မျိုးမှထုတ်ယူထားသောအဆီအနှစ်ဖြစ်ပြီး tyrosinase အင်ဇိုင်းကို တားဆီးပေးသဖြင့် အသားအရေကိုကြည်လင်ဝင်းပစေပြီး အသားရောင်မညီမညာဖြစ်နေခြင်းကိုလည်းကောင်းမွန်စေသည်။ - ငွေသွေးရိုးပင်အဆီအနှစ် သို့မဟုတ် Matatabi ပန်းအဆီ
ဂျပန်ငွေသွေးရိုးပင် အဆီအနှစ် သို့မဟုတ် Matatabi ပန်းအဆီသည် glycation ဖြစ်စဉ်ကိုလျော့ချပေးသည့်အတွက် အသားအရေကိုဖြူစင်ဝင်းပစေသည်။ (အသားအရေကြည်လင်စေရန်အားပေးသောပစ္စည်း)။
Powerful Healthy Concentrate
- Panadoxine™ P:
ဗီတာမင် B6 အစပျိုးဒြပ်ပေါင်း (Pro-Pyridoxine) သည် အသားအရေအတွင်းအဆီအလွန်အကျွံထုတ်လုပ်မှုကို လျှော့ချပေးပြီး အဆီဂလင်းများ၏လုပ်ငန်းကိုပျက်ယွင်းစေသော 5α-Reductase အင်ဇိုင်းကိုပါတားဆီးပေးခြင်းကြောင့် ချွေးပေါက်များကိုကျဉ်းစေသည်။ - Revivyl™:
Orobanche rapum အပင်မှထုတ်ယူထားသောအဆီအနှစ်သည် Crenatoside နှင့် Acteoside ဆိုသော အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝစွာပါဝင်သည့်အတွက် အသားအရေကိုဓာတ်တိုးပစ္စည်း နှင့် လေထုညစ်ညမ်းမှုများမှကာကွယ်ပေးပြီး အရေပြားအသစ်ပြန်လည်ဖြစ်ပေါ်လာစေရန်လှုံ့ဆော်ပေးသည်။ - Sensityl™:
Phaeodactylum Tricornutum အဆီအနှစ်များကြွယ်ဝစွာပါဝင်ပြီး ရောင်ရမ်းမှုဖြစ်စေသောချိတ်ဆက်ဓာတုပစ္စည်း (IL-8) နှင့် အရေပြားနှင့်စိတ်ခံစားမှုကို ချိတ်ဆက်ထားသောဓာတုပစ္စည်း (TRPV1) တို့ကိုလျှော့နည်းစေသည်။
ထို့ကြောင့် ဝက်ခြံနှင့် အသားအရေနီမြန်းခြင်းမှဖြစ်ပေါ်လာသော စိတ်ဖိစီးမှုနှင့်အရေပြားပူစပ်ခြင်းများကိုသက်သာစေပါသည်။ - Neurophroline® ကို အာယုဗေဒဆေးပညာတွင်အသုံးပြုသည့် အိန္ဒိယတိုင်းရင်းဆေးပင် Wild Indigo မှ ရှာဖွေတွေ့ရှိထားပြီး အီလက်စတင်နှင့် ကော်လာဂျင်ထုတ်လုပ်မှုကို အထောက်အကူပြုကြောင်းနှင့် beta-endorphin ထုတ်လုပ်မှုကို သိသိသာသာမြှင့်တင်ပေးနိုင်ကြောင်း စမ်းသပ်ကုသမှုတွေ့ရှိချက်များအရ အတည်ပြုထားပြီးဖြစ်သည်။
- Galactomyces Ferment Filtrate သည်အာဟာရဓာတ်သိပ်သည်းစွာပါဝင်သောတဆေးတစ်မျိုးဖြစ်သည်။ အလှကုန်များတွင်အစိုဓာတ်ဖြည့်ပေးသောပစ္စည်းအဖြစ်အသုံးပြုလေ့ရှိပြီး ၄င်းတွင်ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများလည်းရှိသဖြင့် အရေပြား၏အစိုလွှာကိုအားဖြည့်ပေးကာ ပတ်ဝန်းကျင်ညစ်ညမ်းမှုများမှ ကာကွယ်ပေးနိုင်သည်။
- Niacinamide:
ဗီတာမင် B3 သည် အရေးအကြောင်း နှင့် အနီစက်၊ အမည်းစက်များကိုလျော့ပါးစေခြင်း၊ ကော်လာဂျင်နှင့် ceramide ထုတ်လုပ်မှုကိုလှုံ့ဆော်ပေးခြင်း၊ အရေပြားကိုကြံ့ခိုင်သန်မာစေခြင်း၊ ယားယံမှုနှင့် အဆီထုတ်လုပ်မှုကိုလျှော့ချပေးနိုင်ခြင်း အစရှိသည့်အကျိုးကျေးဇူးများစွာကိုပေးစွမ်းသည်။
ညွှန်ကြားချက်များ
လူတစ်ဦးချင်းစီ၏ အသားအရေအခြေအနေအပေါ်မူတည်၍ ရလဒ်များကွဲပြားနိုင်သည်။
အသုံးပြုရန်လမ်းညွှန်
Essence လိမ်းပြီးနောက် မျက်နှာအနှံ့ညင်သာစွာပွတ်လိမ်းပေးပါ။ (မနက်နှင့်ညအိပ်ရာမဝင်မီအချိန်တွင်အသုံးပြုပါ။)
ငွေပေးချေရန်နည်းလမ်းများ
- ငွေကြေးနှင့်အာမခံဆိုင်ရာအချက်အလက်များသိရှိလိုပါက - နှိပ်ပါ။
