အာနိသင်ပြည့်ဝသော သဘာဝအဆီအနှစ်များက အသားအရေကိုပိုမိုကျန်းမာစေရန်ကူညီပေးနိုင်သည်။
-
Acqua Cells များပါဝင်မှု
ဖရဲသီးအခွံ၊ မျှစ်နှင့်ပန်းသီးခွံတို့မှထုတ်ယူထားသော အဆီအနှစ်များသည် အရေပြား၏သဘာဝအစိုဓာတ်ဖြစ်သည့် Filaggrin ထုတ်လုပ်မှုကိုလှုံ့ဆော်ပေးသည်။၄င်းတို့သည် Aquaporin-3 ဟုခေါ်သည့် အရေပြားအတွင်းရေဓာတ်စီးဆင်းမှုအားကောင်းစေသောပရိုတိန်းပမာဏကိုလည်း မြင့်မားစေသည့်အတွက် ၁၅ မိနစ်အတွင်းအသားအရေကိုအစိုဓာတ်ဖြည့်ပေးပြီး ၂ နာရီအတွင်း ခြောက်သွေ့နေသောအရေးအကြောင်းများကိုလျော့နည်းစေသည်။ ထို့အပြင်အရေပြားအတွင်းရှိရေဓာတ်ကိုလည်း ၂ ပတ်အတွင်း နှစ်ဆတိုးမြင့်စေနိုင်သည်။
- Galactomyces Ferment Filtrate သည်အာဟာရဓာတ်သိပ်သည်းစွာပါဝင်သောတဆေးတစ်မျိုးဖြစ်သည်။ အလှကုန်များတွင်အစိုဓာတ်ဖြည့်ပေးသောပစ္စည်းအဖြစ်အသုံးပြုလေ့ရှိပြီး ၄င်းတွင်ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများလည်းရှိသဖြင့် အရေပြား၏အစိုလွှာကိုအားဖြည့်ပေးကာ ပတ်ဝန်းကျင်ညစ်ညမ်းမှုများမှ ကာကွယ်ပေးနိုင်သည်။
- ExpoZen® ပါဝင်မှု
Halymenia durvillei ဟုခေါ်သော အပင်မှထုတ်ယူထားသည့်အဆီအနှစ်ဖြစ်ပြီး Phycocolloids ဓာတ်ကြွယ်ဝကာ ထိခိုက်လွယ်သော Sensitive အသားအရေများကိုအေးမြသက်သာစေခြင်း၊ အရေပြားရောင်ရမ်းမှုနှင့် နီမြန်းမှုတို့ကိုလျော့ကျစေခြင်းတို့အပြင် မိုက်ခရိုဘိုင်အိုတာ (Microbiota) ဟုခေါ်သည့် အရေပြားပေါ်ရှိကောင်းမွန်သောဘက်တီးရီးယားများကို ထိန်းညှိပေးခြင်းဖြင့် အသားအရေကိုအတွင်းပိုင်းမှပိုမိုကြံ့ခိုင်စေရန်ကူညီပေးသည်။ - Sopholiance™ ပါဝင်မှု
ဇီဝအချဉ်ဖောက်ခြင်းလုပ်ငန်းစဉ် (Biological Fermentation Process) ဖြင့် ကနိုလာပန်း (Canola flower) နှင့် ဂျုံမြက် (Wheatgrass) တို့မှထုတ်ယူထားသောအဆီအနှစ်များသည် အဆီပြန်မှုကိုထိန်းချုပ်နိုင်ပြီး ဝက်ခြံဖြစ်စေသောဘက်တီးရီးယားများကိုတိုက်ဖျက်ပေးသည်။ - AJIDEW® ZN-100 ပါဝင်မှု
အထူးအမျိုးအစားဇင့် (Zinc) ဖြစ်ပြီး အသားအရေတွင်း အဆီထုတ်လုပ်မှုကိုလျော့နည်းစေခြင်း၊ အရေပြားပြန်လည်နုပျိုစေခြင်း၊ ရောင်ရမ်းမှုများကိုလျော့ကျစေခြင်း၊ UV-A ခရမ်းလွန်ရောင်ခြည်များကြောင့် အသားရေပျက်ဆီးမှုကိုလျော့ကျစေခြင်းစသည့် အကျိုးကျေးဇူးများအပြင် အသားအရေစိုပြေစေရန်လည်းကူညီပေးနိုင်သည်။ - KGK Collagen Water ပါဝင်မှု
ဂျပန်တီလာပီးယားငါး (Tilapia) ၏အကြေးခွံမှ အထူးထုတ်ယူထားသော အဆီအနှစ်ပြည့်ဝသည့်ကော်လာဂျင်ဖြစ်ပြီး ရေဓာတ်ဖြည့်ပေးနိုင်သောဓာတ်များကိုအားကောင်းစေခြင်းကြောင့် အသားအရေကိုတစ်နေ့တာလုံးအေးမြစိုပြေနေစေသည်။ - ဘဘာဝရှားစောင်းလက်ဖက်အဆီအနှစ် (Organic Aloe Vera Extract)
ဂလိုက်ကိုပရိုတိန်း (Glycoprotein) နှင့် ပိုလီဆက်ခရိုက် (Polysaccharide) များကြွယ်ဝစွာပါဝင်ပြီး နေရောင်ခြည်ထိတွေ့မှုများသောအရေပြားများတွင် ယားယံမှုနှင့်ရောင်ရမ်းမှုတို့ကိုလျော့ကျစေသည့်အပြင် အမာရွတ်များကိုလည်းအနာကျက်မြန်စေသည်။ - Witch Hazel
တန်နင် (Tannin) ပါဝင်သည့်အတွက် ရောင်ရမ်းမှုပြန့်ပွားခြင်းကိုလျော့ကျစေပြီး ဘက်တီးရီးယားများကိုတိုက်ခိုက်ကာ ပျက်စီးနေသောအရေပြားကိုပြန်လည်ကုစားပေးသည်။
ညွှန်ကြားချက်များ
လူတစ်ဦးချင်းစီ၏ အသားအရေအခြေအနေအပေါ်မူတည်၍ ရလဒ်များကွဲပြားနိုင်သည်။
အသုံးပြုရန်လမ်းညွှန်
Essence ၂-၃ စက်ခန့်ကို မျက်နှာအရေပြားပေါ် သို့မဟုတ် လက်ဖဝါးပေါ်တွင်တင်ပြီး အသားအရေထဲသို့သေချာစိမ့်ဝင်သည်အထိ နူးညံ့ညင်သာစွာပွတ်လိမ်းပေးပါ။ အသားအရေထိန်းသိမ်းမှုနောက်တစ်ဆင့်မစတင်မီ (မနက်နှင့်ညအချိန်) အသုံးပြုပါ။
ငွေပေးချေရန်နည်းလမ်းများ
- ငွေကြေးနှင့်အာမခံဆိုင်ရာအချက်အလက်များသိရှိလိုပါက - နှိပ်ပါ။
