INDIBA သည် CRMRF (Capacitive Resistive Monopolar Radiofrequency) ရေဒီယိုလှိုင်းနည်းပညာကိုအသုံးပြုသည့် ကုထုံးတစ်ခုဖြစ်သည်။ ကုသရေးနယ်ပယ်အတွင်းအသိအမှတ်ပြုလက်ခံထားပြီးဖြစ်သော ခွဲစိတ်ဖြတ်တောက်ရန်မလိုအပ်သည့် ဤအသားအရေတင်းရင်းစေသောကုထုံးသည် Proionic system ဖြင့် အရေပြား၏အတွင်းပိုင်းအလွှာများ - အထူးသဖြင့် ကော်လဂျင်အမျှင်များရှိသည့်အလယ်လွှာဆီသို့ ရေဒီယိုစွမ်းအင်များပို့လွှတ်ပေးသည်။ ဤသို့အရေပြားအပေါ်ယံ နှင့် အတွင်းပိုင်းဆဲလ်နှစ်မျိုးစလုံးကို လှုံ့ဆော်ပေးနိုင်သော INDIBA ကုထုံးသည် ထိရောက်သောကုသမှုရလဒ် (၃) မျိုးကို ပေးစွမ်းနိုင်သည်။
- ဇီဝလှုံ့ဆော်မှု (Biostimulation)
ဤအပူဓာတ်အသုံးပြုခြင်းမရှိသောကုထုံးသည် ဆဲလ်ဆိုင်ရာအပိုင်းတွင်လုပ်ဆောင်ပြီး ဆဲလ်ပြုပြင်ခြင်း၊ ပြန်လည်မွေးဖွားခြင်းနှင့် ကော်လာဂျင်ထုတ်လုပ်မှုအတွက်အရေးပါသော fibroblasts ဆဲလ်များကိုလှုံ့ဆော်ပေးခြင်းဖြင့် သဘာဝအတိုင်းနုပျိုတင်းရင်းမှုကို ရရှိစေသည်။ - သွေးကြောအသစ်များဖြစ်ပေါ်လာစေခြင်း (Vascularization)
သင့်တော်သောအပူချိန်ဖြင့် သွေးလည်ပတ်မှုစနစ်ကိုလှုံ့ဆော်ပေးသည့်အတွက် ဆဲလ်များဆီသို့ အောက်ဆီဂျင်ရောက်ရှိမှုပိုမိုကောင်းမွန်စေကာ သွေးစီးဆင်းမှုအားကောင်းသဖြင့် တစ်ရှူးဆဲလ်များကိုပိုမိုကျန်းမာစေသည်။ - လုပ်ဆောင်နိုင်စွမ်းကိုမြှင့်တင်ပေးခြင်း (Hyperactivation)
INDIBA ကုထုံးသည် မြင့်မားသောအပူချိန်ဖြင့် ဇီဝကမ္မဖြစ်စဉ်များကိုလှုံ့ဆော်ပေးကာ ခန္ဓာကိုယ်မှအဆိပ်အတောက်ဖယ်ရှားမှုဖြစ်စဥ်ကိုအရှိန်မြင့်တင်ပေးခြင်း၊ ဆဲလ်ဆိုင်ရာဇီဝဖြစ်စဉ်များကိုအားပေးခြင်း နှင့် ကော်လာဂျင်ထုတ်လုပ်မှုမြင့်မားစေခြင်း စသည့်အကျိုးကျေးဇူးများကိုပေးစွမ်းသည်။
INDIBA ကုထုံးဖြင့် မျက်နှာအားတင်းရင်းစေခြင်း
ဤကုထုံးတွင် အရေပြားတစ်ရှူးတို့၏အပူချိန်ကိုမြင့်တက်စေခြင်းနှင့် ဆဲလ်လုပ်ဆောင်မှုများကိုလှုံ့ဆော်ပေးခြင်းတို့ပါဝင်သည်။ ထိုလုပ်ဆောင်ချက်များကြောင့် ကော်လာဂျင်နှင့် အီလက်စတင်ထုတ်လုပ်မှုကို တိုးမြှင့်ပေးကာ သွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေသည်။ အကျိုးဆက်အနေဖြင့် တစ်ရှူးများနိုးကြွလာပြီး အောက်ဆီဂျင်ပေးပို့မှုအားကောင်းလာသည့်အတွက် အရေပြားအသစ်ပြန်လည်ဖြစ်ပေါ်ရန် နှင့် နုပျိုတင်းရင်းစေရန်အားပေးသည်။ ထို့အပြင် အောက်ဆီဂျင်ပမာဏမြင့်မားစေရုံသာမက အသားအရေ၏အစိုဓာတ်ကိုလည်းဖြည့်တင်းပေးနိုင်သည်။
INDIBA ရေဒီယိုကြိမ်နှုန်းမြင့်ကုထုံး၏အကျိုးကျေးဇူးများ
- ထိရောက်သောကုသမှု နှင့် အောင်မြင်သောရလဒ်များ
- နာကျင်မှုမရှိသော ကုသမှုလုပ်ငန်းစဉ်
- ဘဝတစ်သက်တာလုံး ထပ်တလဲလဲကုသမှုခံယူနိုင်ခြင်း
- သဘာဝကျသောဒဏ်ရာအနာမရှိသည့်ကုသမှုရလဒ်များ သို့မဟုတ် ပြန်လည်ကုစားမှုအတွက်အနားယူချိန်မလိုအပ်ခြင်း
- ကုသမှုပြီးဆုံးပြီးနောက် မိမိ၏နေ့စဉ်လုပ်ငန်းဆောင်တာများကို ချက်ချင်းပြန်လည်လုပ်ဆောင်နိုင်ခြင်း
- နောက်ကျော၊ တင်ပဆုံ၊၊ ဝမ်းဗိုက်၊ ခြေထောက်၊ လက်မောင်း၊ တင်ပါး၊ ဒူးခေါင်းအတွင်းပိုင်းနှင့် မေးနှစ်ထပ် စသည့် ကုသလိုသောနေရာများကို ပစ်မှတ်ထားကုသပေးနိုင်ခြင်း
- ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးတွင် အသုံးပြုနိုင်ခြင်း
လိုက်နာရန်ညွှန်ကြားချက်များ
- နှလုံးခုန်စက် သို့မဟုတ် ခန္ဓာကိုယ်အတွင်းစက်ပစ္စည်းထည့်သွင်းထားသူများအနေဖြင့် ကုသမှုမခံယူသင့်ပါ။
- ကိုယ်ဝန်ဆောင်အမျိုးသမီးများလည်း ကုသမှုမခံယူသင့်ပါ။
- သွေးပြန်ကြောရောင်ရမ်းခြင်း အထူးသဖြင့်သွေးပြန်ကြောသွေးခဲပိတ်ဆို့ရောင်ရမ်းခြင်းခံစားနေရသူများအနေဖြင့် ဤကုသမှုကိုရှောင်ကြဉ်သင့်ပါသည်။
ငွေပေးချေရန်နည်းလမ်းများ
- ငွေပေးချေရန်နည်လမ်းများ - နှိပ်ပါ။
