PICO Laser ကုထုံးသည် photoacoustic စွမ်းအင်အပေါ်အခြေခံထားသည့်အရေပြားကုထုံးဖြစ်ပြီး ပြီးပြည့်စုံသောအရေပြားမျက်နှာပြင်အလွာပြန်လည်ပြုပြင်ခြင်း နည်းလမ်းအသစ်ဖြစ်သည်။ ယခုနောက်ပိုင်းတွင် PICO Laser toning solution အားအသုံးပြုနိုင်သည့်နယ်ပယ်ပိုမိုကျယ်ပြန့်လာသည်။
အကျိုးကျေးဇူးများ
- PICO + NANO - နှစ်မျိုးပေါင်းစပ်ကုသမှုကြောင့် အကျိုးသက်ရောက်မှုနှစ်ဆရရှိစေသည်။
- နက်ရှိုင်းစွာထိရောက်မှု
အရေပြားအတွင်းထဲရှိ အမည်းစက်ဖြစ်စေသောရောင်ခြည်များကို တစ်စစီဖြိုခွဲ၍အကုန်အစင်ဖယ်ရှားပေးနိုင်ပြီး အချိန်တိုအတွင်းအကောင်းဆုံးရလဒ်များကိုရရှိစေသည်။ - ပြန်လည်ကုစားရန်ကြာချိန်တိုတောင်းခြင်း
အနာကျက်ပိုမိုမြန်ဆန်ကောင်းမွန်မှုကြောင့် ပြန်လည်ကုစားချိန်တိုတောင်းပြီး နာကျင်မှု နှင့် ဘေးထွက်ဆိုးကျိုးနည်းကာ အသားအရေအမျိုးအစားအားလုံးအတွက်သင့်လျော်သည်။ - ဘက်စုံအသုံးပြုနိုင်ခြင်း
အသုံးများသည့် တက်တူးမှင်အရောင်များကို ထိရောက်စွာဖျက်စီးဖယ်ရှားပေးနိုင်သည်။
PICO Laser ကုထုံးဖြင့် အောက်ပါအရေပြားပြဿနာများကို ကုသနိုင်သည်။
- အမည်းစက် နှင့် အရေပြားအညိုအမည်းစွဲခြင်းများ
- အသားအရေပြန်လည်နုပျိုသစ်လွင်စေရန် နှင့် တင်းရင်းစေရန်
- အသားအရေမညီညာခြင်း
- အရေပြားမျက်နှာပြင်အလွာပြန်လည်တည်ဆောက်ခြင်း
- မျက်နှာအရေးအကြောင်းများဖယ်ရှားခြင်း (rhytides)
- နေရောင်ခြည်ကြောင့်အသားအရေထိခိုက်ပျက်စီးခြင်း
- ခရမ်းလွန်ရောင်ခြည်များကြောင့်အမည်းစက်၊ အညိုကွက်များဖြစ်ခြင်း
- တက်တူးဖျက်ခြင်း
- ဝက်ခြံအမာရွတ်များဖယ်ရှားခြင်း
- တင်းတိပ်
ကုသမှုလုပ်ထုံးလုပ်နည်းများ
- အသားအရေပြန်လည်နုပျိုသစ်လွင်ရန်အတွက် - ၄ ပတ် မှ ၆ ပတ်အတွင်း ၃ ကြိမ် မှ ၄ ကြိမ်
- တက်တူးဖျက်ခြင်းအတွက် - ၆ ပတ် မှ ၈ ပတ်အတွင်း ၆ ကြိမ် မှ ၈ ကြိမ်
- အမဲစက်ကုသခြင်းအတွက် - ၄ ပတ် မှ ၆ ပတ်အတွင်း ၃ ကြိမ် မှ ၄ ကြိမ်
- ဝက်ခြံအမာရွတ်
ကုသမှုကြာမြင့်ချိန် - ၄၅ မိနစ်မှ မိနစ် ၆၀
* ကုသမှုလုပ်ထုံးလုပ်နည်း နှင့် ရလဒ်များသည် လူနာတစ်ဦးချင်းစီနှင့် ဖြစ်ပေါ်နေသည့်အရေပြားပြဿနာအခြေအနေပေါ်မူတည်၍ ကွဲပြားမှုရှိနိုင်သည်။
လိုက်နာရန်ညွှန်ကြားချက်များ
- ကုသမှုမတိုင်မီ နှင့် လုပ်ဆောင်ပြီးနောက် ၂ ပတ်အတွင်း နေရောင်ခြည်နှင့်ထိတွေ့ခြင်းအားရှောင်ကြဉ်ရပါမည်။
- အကယ်၍သင့်တွင် လက်ရှိရောင်ရမ်းနေသောဝက်ခြံများပေါက်နေပါက ရောင်ရမ်းမှုကျသွားသည်အထိစောင့်ဆိုင်းရန်လိုအပ်ပါသည်။
- ၂၄ နာရီအတွင်း မျက်နှာသစ်ခြင်း၊ မိတ်ကပ်လိမ်းခြင်းများရှောင်ကြဉ်ရပါမည်။
- တက်တူး၊ ဝက်ခြံ နှင့် အမာရွတ်များရှိနေလျှင် အခြားကုသမှုတချို့ပြုလုပ်ထားလျှင် အရွယ်အစားအပေါ်မူတည်၍ ၇ ရက်မှ ၁၄ ရက်အထိ သေးငယ်သောအမာရွတ်အရာလေးများကျန်ရှိနိုင်ပါသည်။
- ဆေးများကိုဆရာဝန်မှညွှန်ကြားထားသည့်အတိုင်းလိမ်းရန်။
ငွေပေးချေရန်နည်းလမ်းများ
- ငွေပေးချေရန်နည်လမ်းများ - နှိပ်ပါ။
