“Selective Lifting X” သည် အလွန်သေးငယ်သောအပ်များဖြင့် တိုတောင်းသောရေဒီယိုလှိုင်းများကို အရေပြားအတွင်းထပ်တလဲလဲထိုးပေးခြင်း သဘောတရား နှင့် နည်းပညာကိုအသုံးပြုကာ ရေဒီယိုလှိုင်းများထုတ်လွှင့်ခြင်းဖြင့် ကွဲပြားသောအသားအရေပြဿနာအမျိုးမျိုးကို ထိရောက်စွာကုသနိုင်သောကုထုံးဖြစ်သည်။
ပုံမှန်မဟုတ်သောသွေးကြော နှင့် တစ်ရှုးများကို ပစ်မှတ်ထားရွေးချယ်ခြင်းဖြင့် အရေပြား၏ကျန်းမာရေးပြန်လည်ကောင်းမွန်စေရန်ကူညီပေးသည်။ ဤတီထွင်ဆန်းသစ်ထားသောနည်းပညာသည် လျှပ်စစ်သံလိုက်စက်ကွင်းများကိုဖြစ်ပေါ်စေပြီး ပတ်ဝန်းကျင်တစ်ရှူးများထိခိုက်စေခြင်းမရှိပဲ အရေပြားအောက်ဆုံးအလွှာအထိထိုးဖောက်သွားနိုင်သည်။
တိကျမှန်ကန်စွာချိန်ညှိထားသော လျှပ်စီးတိုင်များဖြင့် သတ်မှတ်ထားသောအနက်သို့ အတိအကျရောက်ရှိသည့်အတွက် အကောင်းဆုံးရလဒ်များကိုပေးစွမ်းနိုင်သည်။ ဤကုထုံးသည် အမာရွတ် နှင့် အစက်အပျောက်များ၊ အရေးအကြောင်းများ၊ ဝက်ခြံအမာရွတ်များ၊ အရေပြားနီမြန်းခြင်း၊ ချွေးပေါက်ကျယ်ခြင်း နှင့် အသားရောင်မညီညာခြင်း စသည့်ပြဿနာအမျိုးမျိုးကို ဘေးအန္တရာယ်ကင်းစွာထိထိရောက်ရောက်ကုသပေးနိုင်ကြောင်း လက်တွေ့စမ်းသပ်ကုသမှုများစွာဖြင့် သက်သေပြထားပြီးဖြစ်သည်။
Selective Lifting X ကုထုံးသည် အောက်ဖော်ပါပြ အသားအရေပြဿနာအမျိုးမျိုးကို ထိရောက်စွာကုသနိုင်သည်။
- အရေပြားရောင်ရမ်းမှုကြောင့်ဖြစ်ပေါ်သော တင်းတိပ် နှင့် အမည်းစက်များ၊ အညိုအမည်းစွဲခြင်းများ
- အသားအရေနီမြန်းမှုကို လျော့ကျစေခြင်း
- ချွေးပေါက်ကျဉ်းစေခြင်း
- အသားအရေပြန်လည်သစ်လွင်နုပျိုစေခြင်း နှင့် တင်းရင်းလှပစေခြင်း
- ဦးရေပြားဆီသို့သွေးစီးဆင်းမှုအားကောင်းစေခြင်း
- မျက်လုံးတစ်ဝိုက်အရေးအကြောင်းများနှင့် မျက်အိတ်တွဲခြင်းများကိုလျော့ကျစေခြင်း
- Rosacea dermatitis ဟုခေါ်သော နာတာရှည်အရေပြားရောင်ရမ်းမှုကို ကုသပေးနိုင်ခြင်း
- အကြောပြတ်ရာများဖြစ်ပေါ်မှုကို လျော့နည်းစေခြင်း
- ဝက်ခြံနှင့် ဝက်ခြံအမာရွတ်များကို ထိရောက်စွာကုသပေးခြင်း
Selective Lifting X ကုသမှု၏အကျိုးကျေးဇူးများ
- အချိန်တိုတို နှင့် မြန်ဆန်စွာပြုလုပ်နိုင်သောကုထုံးဖြစ်သည်။
(၁၅ မိနစ် မှ မိနစ် ၃၀ အတွင်းပြီးမြောက်နိုင်သည်။) - ကုသမှုပြီးဆုံးပြီးနောက်ပိုင်း အသားအရေနီမြန်းခြင်းများဖြစ်ပေါ်လာနိုင်သော်လည်း နာရီအနည်းငယ်အတွင်း မြန်ဆန်စွာပျောက်ကင်းသွားမည်ဖြစ်သည့်အတွက် မိမိ၏နေ့စဉ်လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်းပြန်လည်ဆောင်ရွက်နိုင်သည်။
- နာကျင်မှုနည်းပါးပြီး အရေပြားပြန်လည်နုပျိုသစ်လွင်စေသည့်ကုသမှုအတွက် မေ့ဆေးသုံးရန်မလိုအပ်ပါ။
- ကုသမှုပြီးဆုံးသည်နှင့် မြင်သာသောရလဒ်များရရှိနိုင်သည်။
- ထိခိုက်လွယ်သောအရေပြားအပါအဝင် အသားအရေအမျိုးအစားအားလုံးအတွက် သင့်လျော်သည်။ အခြားကုသနည်းများနှင့်နှိုင်းယှဉ်လျှင် အရေပြားအပေါ်သက်ရောက်ထိခိုက်မှုနည်းပါးသည်။
- အသားအရေအမျိုးအစားအားလုံးအတွက် ဆိုးကျိုးမရှိ၊ ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်သည်။
ငွေပေးချေရန်နည်းလမ်းများ
- ငွေပေးချေရန်နည်လမ်းများ - နှိပ်ပါ။
လိုက်နာရန်ညွှန်ကြားချက်များ
- ကုသမှုမစတင်မီ ဆရာဝန်နှင့်ဦးစွာဆွေးနွေးတိုင်ပင်ရန် လိုအပ်ပါသည်။
- ထိခိုက်လွယ်သောအရေပြားအပါအဝင် အသားအရေအမျိုးအစားအားလုံးအတွက် သင့်လျော်သည်။
- အသားအရေပြဿနာအမျိုးမျိုးကို ထိရောက်စွာကုသပေးနိုင်ပြီး သိသာသောကုသမှုရလဒ်များကိုပေးစွမ်းသည်။
- ကုသမှုပြီးမြောက်ရန် အချိန် ၁၀ မိနစ်သာလိုအပ်သည်။
