VitalLife
  • သိပ္ပံနည်းဖြင့် ချဉ်းကပ်မှု
  • သက်တမ်းရှည်ရေး အစီအစဉ်
  • ဆိုင်
  • ဆရာဝန်များ
  • ဆက်သွယ်ရန်
  • အကြောင်းicon-navber-down
    • ကျွန်ုပ်တို့၏အတ္ထုပ္ပတ္တိ
    • ဖူးခက်
    • သတင်း
    • သက်သေခံချက်များ
  • icon-navber-search
  • Search
  • Banner LoginVTL Logo

    VitalLife


    VitalLife
icon-navber-search
Search
Banner LoginVTL Logo

VitalLife


VitalLife
icon-navber-down

ဆက်သွယ်ရန်

VitalLife ဘန်ကောက်
VitalLife ဖူးခက်
FAQ

ချိတ်ဆက်ရန်

Linkedin
Facebook
Youtube
Line
WeChat
Instagram
X

ဆေးဘက်ဆိုင်ရာ ခရီးသွားလာမှု

ဆေးဘက်ဆိုင်ရာ ခရီးသွားလာမှုလမ်းညွှန်ချက်များ
ဆေးဘက်ဆိုင်ရာ ခရီးသွားလုပ်ငန်း

ချိတ်ဆက်ရန်

Linkedin
Facebook
Youtube
Line
WeChat
Instagram
X

2024 © VitalLife Scientific Wellness Center မူပိုင်ခွင့်

ကွတ်ကီးမူဝါဒ
ကိုယ်ရေးအချက်အလက် မူဝါဒ
စည်းကမ်းချက်များ
DBD
DBD

2024 © VitalLife Scientific Wellness Center မူပိုင်ခွင့်

VitalLife
  • သိပ္ပံနည်းဖြင့် ချဉ်းကပ်မှု
  • သက်တမ်းရှည်ရေး အစီအစဉ်
  • ဆိုင်
  • ဆရာဝန်များ
  • ဆက်သွယ်ရန်
  • အကြောင်းicon-navber-down
    • ကျွန်ုပ်တို့၏အတ္ထုပ္ပတ္တိ
    • ဖူးခက်
    • သတင်း
    • သက်သေခံချက်များ
  • icon-navber-search
  • Search
  • Banner LoginVTL Logo

    VitalLife


    VitalLife
icon-navber-search
Search
Banner LoginVTL Logo

VitalLife


VitalLife
icon-navber-down
Home
Sofwave (300 Shots) Sofwave (အချက် ၃၀၀)

Aesthetics

ဈေးနှုန်း :

THB

ခန့်မှန်းခြေကုန်ကျစရိတ်

0 -

Sofwave (300 Shots) Sofwave (အချက် ၃၀၀)

Sofwave နည်းပညာဖြင့် အရေပြားကို ပိုမိုတင်းရင်းလာစေပြီး အရေးအကြောင်းများ လျော့နည်းစေပါသည်

Sofwave (300 Shots) Sofwave (အချက် ၃၀၀)

Sofwave နည်းပညာဖြင့် ပြီးပြည့်စုံသောအသားအရေလှပမှုကိုဖော်ထုတ်ခြင်း

  • Sofwave ကုထုံးသည် collagen နှင့် elastin ထုတ်လုပ်မှုကိုလှုံ့ဆော်ပေးနိုင်ပြီး အသားအရေအမျိုးအစားအားလုံးအတွက် သင့်လျော်ပါသည်။
    ဤကုထုံးသည် အလွန်စိတ်ချရပြီး အမေရိကန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး (US FDA) မှ ဘေးကင်းလုံခြုံရေးဆိုင်ရာသတ်မှတ်ချက်များနှင့်ပြည့်မီကြောင်း အတည်ပြုလက်မှတ်ရရှိထားပြီးဖြစ်သည်။
  • သုတေသနရှာဖွေတွေ့ရှိချက်များအရ Sofwave ကုထုံးကို တစ်ကြိမ်သာကုသမှုခံယူသူများ၏ ၈၆% တွင် သုံးလအတွင်း မျက်နှာအရေးအကြောင်းများ သိသိသာသာလျော့ပါးသွားသည်ကို တွေ့ရှိရကြောင်းဖော်ပြထားသည်။
  • Sofwave ကုထုံးခံယူပြီး ၄ ပတ်အကြာတွင် သိသာထင်ရှားသောပြောင်းလဲမှုများကို မြင်တွေ့နိုင်ပြီး အဆိုပါရလဒ်များသည် ၆ လ မှ ၁ နှစ်အထိ ကြာရှည်ခံသည့်အတွက် ထပ်ခါတလဲလဲကုသမှုခံယူရန်မလိုအပ်တော့ပေ။

 

ယနေ့ခေတ်တွင် နည်းပညာတီထွင်ဖန်တီးမှုများသည် အသားအရေတင်းရင်းစေရန်၊ အရေပြားလျော့တွဲမှုများသက်သာစေရန်၊ အရေးအကြောင်းများပြေလျော့စေရန်၊ collagen ထုတ်လုပ်မှုအားကောင်းစေရန်၊ အမည်းစက်များလျော့ပါးစေရန် နှင့် အသားရောင်ညီညာစေရန်တို့အတွက် တီထွင်ဆန်းသစ်ထားသော အသားအရေထိန်းသိမ်းပြုပြင်မှုနည်းလမ်းများစွာရှိပါသည်။ ထို့ကြောင့် မိမိကိုယ်ပိုင်အသားအရေပြဿနာအတွက် အသင့်တော်ဆုံးဖြစ်မည့်နည်းပညာကိုရွေးချယ်ရန် အရေးကြီးသည်။

 

"Sofwave" သည် အရေပြားလျော့တွဲမှုများကိုသက်သာစေခြင်း၊ အရေပြားပင့်တင့်ပေးခြင်း၊ အရေးအကြောင်းများကိုလျော့နည်းစေခြင်းနှင့် အသားအရေနူးညံ့ချောမွေ့စေခြင်း စသည့်ပြဿနာများစွာကိုကုသပေးနိုင်သော နည်းပညာအသစ်တစ်ခုဖြစ်ပြီး ထိရောက်သောနောက်ဆုံးပေါ်အရေပြားကုသမှုနည်းလမ်းများထဲမှ တစ်ခုအဖြစ်သတ်မှတ်ကြသည်။ 

 

Sofwave ကုထုံးလုပ်ဆောင်ပုံ

Sofwave ကုထုံးသည် FDA မှ အသိအမှတ်ပြုထားသည့် ကြိမ်နှုန်းမြင့် ultrasound ကိရိယာတစ်ခုဖြစ်ပြီး အရေးအကြောင်းများကိုလျော့နည်းစေရန်နှင့် အရေပြားလျော့တွဲမှုအနည်းငယ် မှ အလယ်အလတ်အခြေအနေရှိသူများအတွက် အသားအရေပြန်လည်တင်းရင်းစေရန် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။ 
အဆိုပါကုထုံးသည် SUPERB™ ခေါ် ultrasound ရောင်ခြည်များကိုတပြိုင်နက်ပေးခြင်းနည်းပညာကိုအသုံးပြု၍ ခန္ဓာကိုယ်မှ collagen ထုတ်လုပ်မှုကိုလှုံ့ဆော်ပေးသည်။

 

ပစ်ချက်တစ်ချက်စီတိုင်းတွင် စွမ်းအင်ကိုအရေပြားအတွင်းသို့ ဆလင်ဒါပုံစံရောင်ခြည်တန်း ၇ ခုဖြင့်တပြိုင်နက်ပေးပို့ပြီး အရေးအကြောင်းများကုသရာတွင် အသင့်တော်ဆုံးအတိမ်အနက်ဖြစ်သည့် အနက် ၁.၅ mm ရှိ အရေပြားအလယ်လွှာသို့ရောက်ရှိစေရန် ပစ်မှတ်ထားပေးပို့သည်။

ဤအလွှာတွင် collagen နှင့် elastin များစွာရှိသည့်အတွက် အပူဓာတ်သည်အရေပြားအလယ်လွှာအတွင်း ၀.၅ မှ ၂ mm ထုအထိဖြန့်ကျက်ပေးနိုင်ပြီး ၄င်းအလွှာတစ်ခုလုံးကိုစွမ်းအင်ရရှိစေသည်။ ထိုအပူချိန်သည် ၆၀ မှ ၇၀ ဒီဂရီဆဲလ်စီယပ်အထိရောက်ရှိပြီး ရောင်ခြည်ထုတ်လွှတ်သည့်ကိရိယာထိပ်မှ တစ်သမတ်တည်းဖြစ်သော ရောင်ခြည်တန်းများတိကျစွာပေးပို့နိုင်စေရန်စီမံထားသည်။
 
ဤကုထုံးသည် collagen နှင့် elastin ထုတ်လုပ်မှု (neocollagenesis, neoelastogenesis) ကိုလှုံ့ဆော်ပေးသည်။ ထို့အပြင် Sofwave ကုထုံးတွင် SofCool ဆိုသည့် ထူးခြားသောတုံ့ပြန်ထိန်းချုပ်မှုစနစ်ဖြင့် အရေပြားအေးမြစေသည့်စနစ်ပါ ပေါင်းစပ်ထားခြင်းကြောင့် ကုထုံးလုပ်ဆောင်နေစဉ်အတွင်း အသားအရေပြင်ပအလွှာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည်။

 

Sofwave ကုထုံး၏အဓိကအသားပေးအချက်များ

  • ၁။ SofCool နည်းပညာ 
    အရေပြားပြင်ပအလွှာကိုကာကွယ်ပေးသည့် အအေးပေးနည်းပညာပါဝင်သောကြောင့် ကုထုံးလုပ်ဆောင်နေစဉ်အတွင်း မသက်မသာခံစားရမှုကိုလျော့နည်းစေကာ ကုထုံးလုပ်ဆောင်ပြီးနောက်တွင်လည်း အနာသက်သာရန်အနားယူရချိန်ကို နည်းပါးစေသည်။ 
  • ၂။ တစ်ကြိမ်သာကုသရန် 
    တစ်နှစ်တစ်ကြိမ်သာကုသရန်လိုအပ်သည့်အတွက် (အသားရေအခြေအနေအပေါ်မူတည်၍) အဆင်ပြေပြီး အချိန်တိုတိုနှင့်ထိရောက်မှုရှိသည်။ 
  • ၃။ Collagen နှင့် Elastin ထုတ်လုပ်မှုကိုလှုံ့ဆော်ခြင်း 
    Collagen နှင့် Elastin ထုတ်လုပ်မှုကိုအားကောင်းစေသည့်အတွက် အရေပြား၏ကျုံ့နိုင်ဆန့်နိုင်စွမ်းနှင့် တင်းရင်းမှုကိုတိုးမြင့်စေသည်။ 
  • ၄။ အသားအရေ အမျိုးအစားအားလုံးအတွက်သင့်လျော်ခြင်း 
    အသားဖြူသူမှ ညိုသူအထိ Fitzpatrick အရေပြားအမျိုးအစားအားလုံးတွင်အသုံးပြုနိုင်သည်။ 
  • ၅။ ဘေးကင်းလုံခြုံရေးစံနှုန်းမြင့်မားမှု ကုသရေးလုပ်ဆောင်နေစဥ်အတွင်း ဘေးကင်းလုံခြုံမှုအဆင့်မြင့်မားသောကြောင့် FDA မှအသိအမှတ်ပြုထားပြီးဖြစ်သည်။ 

  • ၆။ ခန္ဓာကိုယ်ခွဲစိတ်ထိုးဖောက်မှုမရှိသည့်ကုထုံး 
    အရေပြားအတွင်းသို့  ၂ mm ထက်မပိုသော ultrasound စွမ်းအင်ထိုးဖောက်ဝင်ရောက်မှုသည် အာရုံကြော၊ အရိုး၊ အဆီလွှာ နှင့် အသားအရေပြင်ပအလွှာများကိုထိခိုက်မှုမရှိနိုင်ပါ။ 
  • ၇။ ခွဲစိတ်မှုမပါဝင်ခြင်း၊ အမာရွတ်မကျန်ရစ်ခဲ့ခြင်း
    ခွဲစိတ်ကုသမှုမဟုတ်သည့်အတွက် ခွဲစိတ်ရာ သို့မဟုတ် ကုသပြီးနောက်အမာရွတ်ကျန်ရစ်ခဲ့ခြင်းများမရှိပါ။ 
  • ၈။ နာလန်ထူချိန်မလိုအပ်ခြင်း
    ကုသမှုပြီးပြီးချင်း နေ့စဉ်လုပ်ငန်းဆောင်တာများကိုပုံမှန်အတိုင်းဆက်လက်လုပ်ဆောင်နိုင်သည်။ 
  • ၉။ ဘေးထွက်ဆိုးကျိုးမရှိ 
    ကုသမှုအား ခံနိုင်ရည်ရှိစေရန်စီမံထားသည့်အတွက် ဘေးထွက်ဆိုးကျိုးခံစားရခြင်းများမတွေ့ရှိရပါ။
  • ၁၀။ ကုထုံးလုပ်ဆောင်မှုကြာချိန် 
    ပုံမှန်အားဖြင့် ကုသမည့်နေရာအရွယ်အစားပေါ်မူတည်၍ မိနစ် ၃၀ မှ ၆၀ အထိကြာမြင့်နိုင်သည်။

 

Sofwave ကုသမှုမှ ရရှိနိုင်သောရလဒ်များ

  • ၁။ အရေးအကြောင်းများလျော့ပါးစေခြင်း 
    မျက်နှာ၊ နဖူး၊ မျက်လုံးပတ်လည် နှင့် ပါးတစ်ဝိုက်ရှိ အရေးအကြောင်းများကိုလျော့နည်းစေပြီး အသားအရေကိုချောမွေ့စေသည်။
  • ၂။ မျက်ခုံးပင့်တင်ခြင်း
    မျက်ခုံးမြှင့်တင်ခြင်း နှင့် မျက်ခွံတွဲကျခြင်းကို ကုသပေးသည်။ 
  • ၃။ မေးအောက်တင်းရင်းစေခြင်း 
    မေးစေ့အောက်ဧရိယာတစ်ဝိုက်ကို တင်းရင်းစေပြီး မျက်နှာသဏ္ဍန်ပေါ်လွင်ထင်ရှားစေသည်။ 
  • ၄။ လည်ပင်းအရေပြား တင်းရင်းစေခြင်း 
    လည်ပင်းတဝိုက်အရေပြားများကို တင်းရင်းစေပြီး လည်ပင်းအရေးအကြောင်းများကိုလည်းလျော့နည်းစေသည်။ 
  • ၅။ အကြောပြတ်ရာများကိုသက်သာစေခြင်း  
    အကြောပြတ်ရာများကိုလည်းခေတ္တသက်သာစေသည်။
  • ၆။ ဝက်ခြံအမာရွတ်များကုသခြင်း 
    ဝက်ခြံအမာရွတ်များလျော့ပါးစေပြီး အသားအရေကိုချောမွေ့ပြေပြစ်စေသည်။ 
  • ၇။ လက်မောင်းအပေါ်ပိုင်းအရေပြားလျော့ရဲမှုသက်သာစေခြင်း 
    လက်မောင်းအပေါ်ပိုင်းအရေပြားလျော့ရဲမှုကိုပါ ပြုပြင်ပေးပြီး ပိုမိုတင်းရင်းသောအရေပြားကိုရရှိစေသည်။

 

Sofwave ကုထုံးလုပ်ဆောင်ရာတွင် သတိပြုရန်အချက်များနှင့် ကန့်သတ်ချက်များ

နှလုံးခုန်စက်တပ်ဆင်ထားသူများ၊ ဆိုးရွားသောပြည်ဝက်ခြံ ရှိသူများ နှင့် ကိုယ်ဝန်ဆောင်များအနေဖြင့် Sofwave ကုသမှုကို မခံယူသင့်ပါ။

 

အခြားသတိပြုရန်အချက်များအနေဖြင့် ဖွင့်ဟအနာရှိသောနေရာများတွင် ကုသမှုမပြုလုပ်ရန်ဂရုပြုပါ။
Vitamin A ပါဝင်သောဆေးအမျိုးအစားများနှင့် သွေးကျဲဆေးသောက်သုံးနေရသူများအနေဖြင့် ကုသမှုမခံယူမီ သက်ဆိုင်ရာဆရာဝန်သို့ အကြောင်းကြားရန်အကြံပြုလိုပါသည်။

 

Sofwave ကုထုံးလုပ်ဆောင်ရန် သင့်လျော်သူများ

  • အသက် ၂၂ နှစ်နှင့်အထက်ပြည့်ပြီးသူများအတွက် သင့်လျော်ပြီး သုတေသနလေ့လာချက်များအရ အသက် ၈၀ အထိတိုင် ကုသမှုခံယူနိုင်ပါသည်။
  •  မျက်နှာနှင့် လည်ပင်းတစ်ဝိုက် အရေပြားလျော့တွဲမှုအနည်းငယ် မှ အလယ်အလတ်အခြေအနေရှိသူများအတွက် အထူးသင့်တော်သည်။
  • မျက်နှာနှင့် လည်ပင်းတစ်ဝိုက်တွင် အရေးအကြောင်းအနည်းငယ် မှ အတန်အသင့်ရှိသူများအတွက်လည်း အထူးသင့်တော်သည်။
  • ခွဲစိတ်မှုမလိုအပ်ဘဲ အသားအရေတင်းရင်းစေသည့်နည်းလမ်းများကို ရှာဖွေနေသူများအတွက်လည်းအထူးသင့်တော်ပါသည်။

 

Sofwave ကုထုံးလုပ်ဆောင်ပြီးနောက် လုပ်ဆောင်ရန်အချက်များ

  • ကုသမှုပြီးပြီးချင်းတွင် နီမြန်းခြင်းနှင့်သေးငယ်သောအဖုအပိန့်လေးများ အနည်းငယ်ဖြစ်ပေါ်နိုင်ပြီး အများအားဖြင့် ၂၄ နာရီအတွင်း သက်သာပျောက်ကင်းသွားမည်ဖြစ်သည်။ အကယ်၍ နီရဲရောင်ရမ်းခြင်းများရှိလာပါက ရေခဲကပ်ပေးရန် အကြံပြုပါသည်။ 
  • မျက်နှာကို နူးညံ့သောမျက်နှာသစ်ဆပ်ပြာ၊ ရေဖြင့် ပုံမှန်အတိုင်းဆေးကြောသန့်စင်နိုင်ပါသည်။
  • အစိုဓာတ်ထိန်းခရင်ခ် နှင့် နေရောင်ကာခရင်ခ်တို့ကိုလည်း ပုံမှန်အတိုင်း အသုံးပြုနိုင်သည်။
  • ကုသမှုပြီးဆုံးပြီးနောက် သီးသန့်အနားယူရန်မလိုအပ်သည့်အတွက် မိတ်ကပ်ချက်ချင်းပြန်လည်လိမ်းခြယ်နိုင်ပါသည်။

 

Sofwave ကုထုံးဆိုင်ရာ သုတေသနအချက်အလက်များ

  • Sofwave ကုထုံးတစ်ကြိမ်သာခံယူပြီးနောက် ၈၆% သောသူများ၏ မျက်နှာအရေးအကြောင်းများမှာ သိသာစွာတိုးတက်မှုရှိသည်ကို တွေ့ရှိရသည်။
  •  Sofwave ကုထုံးခံယူသူ ၇၂% မှာ ရလဒ်အပေါ် စိတ်ကျေနပ်မှုရှိကြောင်းဖော်ပြခဲ့ပြီး မှတ်ချက်များအနေဖြင့် “တိုးတက်မှုရှိ” မှ “အလွန်တိုးတက်မှုရှိ” ဟုသတ်မှတ်ဖော်ပြခဲ့ကြသည်။

 

ငွေပေးချေရန်နည်းလမ်းများ

  • ငွေပေးချေရန်နည်လမ်းများ - နှိပ်ပါ။

ဆက်သွယ်ရန်

VitalLife ဘန်ကောက်
VitalLife ဖူးခက်
FAQ

ချိတ်ဆက်ရန်

Linkedin
Facebook
Youtube
Line
WeChat
Instagram
X

ဆေးဘက်ဆိုင်ရာ ခရီးသွားလာမှု

ဆေးဘက်ဆိုင်ရာ ခရီးသွားလာမှုလမ်းညွှန်ချက်များ
ဆေးဘက်ဆိုင်ရာ ခရီးသွားလုပ်ငန်း

ချိတ်ဆက်ရန်

Linkedin
Facebook
Youtube
Line
WeChat
Instagram
X

2024 © VitalLife Scientific Wellness Center မူပိုင်ခွင့်

ကွတ်ကီးမူဝါဒ
ကိုယ်ရေးအချက်အလက် မူဝါဒ
စည်းကမ်းချက်များ
DBD
DBD

2024 © VitalLife Scientific Wellness Center မူပိုင်ခွင့်