အသားအရေအတွက်နေရောင်ခြည်ဒဏ်မှအပြည့်အဝကာကွယ်ပေးနိုင်သော SPF50 PA++++ ပါဝင်သည့် ခရင်မ်ဖြစ်ပြီး အလွန်နူးညံ့သော သို့ ထိခိုက်လွယ်သောအသားအရေများပါအသုံးပြုနိုင်သည်။
စွတ်လန်းဆန်းစေကာ စေသောအသားအရေဖြစ်ရန်အတွက် အထူးဂရုပြုရွေးချယ်ထားသောပါဝင်ပစ္စည်းများကိုသာအသုံးပြုထားခြင်းကြောင့် အရေပြားအစိုဓာတ်ကိုထိန်းပေးပြီး တင်းရင်းစိုပြေကျန်းမာသောအသားအရေရရှိစေရန်ကူညီပေးနိုင်သည်။
- Encapsulated Silasoma MEA နှင့် REA ပါဝင်မှု
ဂျပန်လိုင်စင်ရရှိထားသော နေရောင်ကာပစ္စည်းများဖြစ်ပြီး ထိခိုက်လွယ်သောအသားအရေနှင့် ကလေးတို့၏အရေပြားတွင်ပါ အသုံးပြုနိုင်သည်အထိနူးညံ့သည်။
Encapsulated နည်းပညာဖြင့်ထုတ်လုပ်ထားသည့်အတွက် UV-A နှင့် UV-B ခရမ်းလွန်ရောင်ခြည် ၂ မျိုးလုံးကိုထိရောက်စွာစုပ်ယူနိုင်သည်။ ပိုးသားမှထုတ်ယူထားသော ပရိုတိန်းကိုအသုံးပြုထားခြင်းကြောင့် အလွန်ပေါ့ပါးနူးညံ့ပြီး သက်တောင့်သက်သာဖြစ်သောအထိအတွေ့ကိုပေးစွမ်းနိုင်သည်။ - Eliorelys™
အော်ဂဲနစ်ချယ်ရီပန်းအဆီအနှစ်ဖြစ်ပြီး လျှပ်စစ်ပစ္စည်းများမှထုတ်လွှတ်သော အပြာရောင်အလင်းတန်းကိုကာကွယ်ပေးနိုင်သည့်အတွက် အသားအရေ၏ DNA ပျက်စီးမှုကို ၇၅% အထိကာကွယ်တားဆီးပေးနိုင်သည်။ - UNIMER U-6
အရေပြားပေါ်တွင်အလွှာတစ်ခုအနေဖြင့်ကာရံပေးထားခြင်းကြောင့် အသားအရေကိုဆေးကြောဖယ်ရှားရခက်ခဲသော ရေနှင့်ချွေးများမှကာကွယ်ပေးပြီး အစိုဓာတ်ကိုလည်းထိန်းပေးနိုင်သည်။ - Skinpro QM
ပင်လယ်နက်ထဲရှိ ဂျယ်လီငါးမှထုတ်ယူသော Mucin ကြောင့် အရေပြားပေါ်တွင်အလွှာလေးသဖွယ်ကာရံထားပေးပြီး ရောင်ရမ်းမှု၊ လေထုညစ်ညမ်းမှု နှင့် free radicals များမှကာကွယ်ပေးပြီး ရေဓာတ်ခန်းခြောက်နေသောအသားအရေကို အမြန်ဆုံးပြန်လည်ပြုပြင်ထိန်းညှိပေးသည်။ - Magic Red Sap
နဂါးသွေးပင် (Dragon Blood Tree) မှထုတ်ယူသောအဆီအနှစ်ဖြစ်ပြီး အသားအရေရောင်ရမ်းမှုနှင့် ဘက်တီးရီးယားများစုဝေးပေါက်ဖွားမှုကိုလျော့နည်းစေသည်။ ဒဏ်ရာအနာတရများကိုလဲမြန်ဆန်စွာကုစားပေးနိုင်ပြီး ဝက်ခြံနှင့်ယားယံမှုကြောင့်ဖြစ်သော အရေပြားနီမြန်းခြင်းကိုလည်း လျော့ကျစေသည်။
ညွှန်ကြားချက်များ
လူတစ်ဦးချင်းစီ၏ အသားအရေအခြေအနေအပေါ်မူတည်၍ ရလဒ်များကွဲပြားနိုင်သည်။
အသုံးပြုရန်လမ်းညွှန်
မနက်ခင်းတွင် နေရောင်ကာခရင်မ်ကို မျက်နှာနှင့်လည်ပင်းတစ်ဝိုက်တွင်လိမ်းပေးရန်။
ငွေပေးချေရန်နည်းလမ်းများ
- ငွေကြေးနှင့်အာမခံဆိုင်ရာ အချက်အလက်များ သိလိုပါက - နှိပ်ပါ။
