Ultherapy သည် အရေပြားလျော့တွဲခြင်းကို ပြန်လည်ပင့်တင်တင်းရင်းစေသည့် ခွဲစိတ်မှုမလိုအပ်သော ကုထုံးတစ်ခုဖြစ်ပါသည်။ ၎င်းကို မိမိတင်းရင်းစေလိုသည့် မျက်နှာ နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးတွင် အသုံးပြုနိုင်သည်။ Ultherapy ကုထုံးသည် အာလ်ထရာဆောင်းနည်းပညာ (ultrasound technology) ကို အသုံးပြုပြီး အရေပြားမျက်နှာပြင်အောက်ရှိ တစ်ရှူးများကို နက်ရှိုင်းစွာအပူဓာတ်ပေးကာ ကော်လာဂျင်အသစ်ဖြစ်ပေါ်မှုကိုလှုံ့ဆော်ပေးသည့် ကုထုံးတစ်ခုဖြစ်ပါသည်။
Ultherapy ကုထုံးဟာ ဘယ်သူတွေအတွက် အသင့်တော်ဆုံးဖြစ်မလဲ။
အရေပြားအမျိုးအစားမရွေး အသားရောင်မရွေး အရေပြားလျော့တွဲမှု အနည်းငယ် မှ အလယ်အလတ်အဆင့်ရှိသူများအားလုံးအနေဖြင့် Ultherapy ကုထုံးဖြင့် အကျိုးရလဒ်ကောင်းများရရှိခံစားနိုင်ပါသည်။
Ultherapy ကုထုံးရလဒ်များ
- မျက်နှာ၊ လည်ပင်းနှင့် မျက်ခုံးရှိ အရေပြားများတင်းရင်းလာကာ အသားရေပင့်တင်ထားသကဲ့သို့ ခံစားရစေသည်။
- မျက်လုံးများပိုမိုပေါ်လွင်လာစေခြင်းကြောင့် နုပျိုသောအသွင်အပြင်ကိုရရှိစေသည်။
- ရင်ဘတ်အရေးအကြောင်းများကိုလည်းလျော့ပါးစေကာ ပိုမိုနုပျိုသောအသွင်ရစေသည်။
- Ultherapy ကုထုံးကို မေးစေ့အရေပြားတွဲကျခြင်းအတွက်လည်း အသုံးများသည်။
- ရလဒ်များသည် တဖြည်းဖြည်းချင်းသိသာလာပြီးနောက် ၃ လ မှ ၆ လအတွင်း တိုးတက်မှုဆက်လက်ရရှိနိုင်သည်။
ကုထုံးကြာချိန်: မိနစ် ၆၀ ခန့်
Ultherapy ကုထုံးဘယ်နှစ်ကြိမ်ခံယူရန်လိုအပ်နိုင်သလဲ။
အကောင်းဆုံးရလဒ်များရရှိရန် ကုသမှု ၂ ကြိမ်အား ၃ လ - ၆ လစီခြားကာ ခံယူရန်အကြံပြုပါသည်။
ကုထုံးခံယူသူအများစုအနေဖြင့် ပထမအကြိမ်ပြီးဆုံးသည်နှင့် အသားအရေပင့်တင်တင်းရင်းမှုရလဒ်များကိုခံစားရပြီး ၄င်းရလဒ်များသည် ၁၂ လ မှ ၂၄ လ အထိကြာရှည်ခံသည်။
ပက်ကေ့ချ်အတွင်းပါဝင်မှုများ
- Ultherapy ကုထုံးလုပ်ဆောင်မှုအဆင့်ဆင့်
- အရေပြားအထူးကုဆရာဝန်မှ ညွှန်ကြားသော ဆေးဝါးများ
လိုက်နာရန်ညွှန်ကြားချက်များ
အကယ်၍သင်သည်နာတာရှည်ရောဂါခံစားနေရလျှင် သို့မဟုတ် ရောဂါတခုခုအတွက်ဆေးဝါးများသောက်သုံးနေရလျှင် သူနာပြုအားကြိုတင်၍အသိပေးထားရန် လိုအပ်ပါမည်။
ငွေပေးချေရန်နည်းလမ်းများ
- ငွေပေးချေရန်နည်လမ်းများ - နှိပ်ပါ။
