Medication Tourism
အရည်အသွေးက အရေးကြီးပါတယ်။
ကျွမ်းကျင်မှု

လူနာစောင့်ရှောက်မှုတွင် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်သော bumrungrad နှင့် ပေါင်းစပ်လက်တွေ့ချဉ်းကပ်မှု

တိကျမှု

စက်ရုပ်ဖြင့် အတွင်းလူနာများအတွက် ဆေးဝါးများထုတ်ပေးသော အလိုလျောက်စနစ်

သန့်ရှင်းမှု

အဆင်သင့်အသုံးပြုနိုင်သော အဆင့်မြင့်ပိုးသတ်ထားသည့်ထိုးဆေးရည်များ ဖျော်စပ်ပြင်ဆင်ခြင်းအတွက် ကမ္ဘာ့အဆင့်မှီသန့်ရှင်းလုံခြုံသောအခန်းများ

ဒစ်ဂျစ်တယ်စနစ်

အမျိုးမျိုးသောအမိန့်ပေးစေခိုင်းမှုများကိုတုန့်ပြန်ပြင်ဆင်ပေးနိုင်သောဒစ်ဂျစ်တယ်စက်ရုပ်စနစ်

ယုံကြည်စိတ်ချနိုင်ခြင်း

တိကျသေချာတဲ့အာရုံခံကိရိယာများမှ ရာသီဥတုအ​​ပြောင်းအလဲပေါ်မူတည်သည့် ဆေးဝါးသိုလှောင်မှုကိုသေချာစေရန်ကူညီဆောင်ရွက်ပေးခြင်း

စေ့စပ်သေချာမှု

ဆေးညွှန်းတစ်ခုစီတိုင်းအတွက် ဆေးဝါးကျွမ်းကျင်ပညာရှင်မှ အသေးစိတ်ပြန်လည်စစ်ဆေးပေးခြင်း

ခရီးစဉ်ကို စီစဉ်လိုက်ပါ။
ပထမနေ့
ဘန်ကောက်မြို့သို့ဆိုက်ရောက်ခြင်း
ဒုတိယနေ့
ဆရာဝန်နှင့် ပြသဆွေးနွေးခြင်း
တတိယနေ့
ဆေးဝါးကုသမှုခံယူပြီး ထွက်ခွာခြင်း
VitalLife ၏အတုမရှိသောအရည်အသွေးများ
ကျွန်ုပ်တို့၏အုတ်မြစ်အဖွဲ့အစည်း

ကျန်းမာရေးရှုထောင့်ပေါင်းစုံမှရရှိနိုင်သောပညာရှင်ဆိုင်ရာထူးချွန်မှုများ

VitalLife သည် ကုသမှုအဆင့်မှီအရည်အသွေးပြည့်ဝသောကျန်းမာရေးစောင့်ရှောက်မှုများကိုရရှိစေရန် ဘမ်ရွန်ဂရက်ဆေးရုံကြီးနှင့် ပူးပေါင်းလက်တွဲလုပ်ဆောင်လျှက်ရှိသည်။ ဤနည်းအားဖြင့် သင်၏စိတ်နှင့်ခန္ဓာတို့ပါဝင်ဆက်စပ်နေသည့် သက်ရှည်ကျန်းမာခြင်းခရီးစဉ်တစ်လျှောက်တွင် ပြီးပြည့်စုံသောအထောက်အပံ့များကိုပေးစွမ်းနိုင်ရန်ရည်ရွယ်သည်။


ကျွန်ုပ်တို့၏အတတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုများ

ကမ္ဘာအနှံ့ဦးဆောင်နိုင်မှု

ဆေးပညာနှင့်နည်းပညာပိုင်းဆိုင်ရာတိုးတက်ပြောင်းလဲမှုများတွင်  ဆယ်စုနှစ်နှစ်ခုတိုင်ရှေ့တန်းမှဦးဆောင်နေသည့် ကျန်းမာရေးစင်တာတစ်ခုအနေဖြင့် ကျွန်ုပ်တို့၏ကမ္ဘာနှင့်ချီသောအသိအမှတ်ပြုကျွမ်းကျင်ပညာရှင်အဖွဲ့အစည်းမှ သင်တို့အတွက်အဆန်းသစ်ဆုံးသော နောက်ဆုံးပေါ်နည်းပညာများ၊ ကုသမှုများကိုပေးစွမ်းနိုင်သည်။ ထို့အတွက်ကျွန်ုပ်တို့၏အတွေ့အကြုံများကိုယုံကြည်စိတ်ချကာ သင့်ကျန်းမာရေးအတွက်အကြံပေးလမ်းပြမှုများကိုရယူနိုင်ပါသည်။

တစ်ဦးချင်းစီအတွက်သီးသန့်ဖြစ်သောကျန်းမာခြင်း

သင့်အတွက်ကိုယ်ပိုင်ဖြစ်သော

သင်၏ကျန်းမာခြင်းသည် သင်တစ်ဦးတည်းအတွက်သာသီးသန့်ဖြစ်စေရန်ရည်ရွယ်၍ သင့်လိုအပ်ချက်များအရသင့်တော်သောခေတ်မှီရောဂါရှာဖွေရေးနည်းလမ်းများ၊ ဖြေရှင်းရန်နည်းလမ်းများ၊ ကုသနည်းများအားလုံးကို ဖြည့်စွက်ရေးဆွဲပေးထားသည့် ကိုယ်ပိုင်ကျန်းမာရေးအစီအစဉ်များကိုရယူလိုက်ပါ။

VitalLife အတွေ့အကြုံများ

ပြန်လည်ကုစားခြင်း နှင့် အဆင့်အတန်းမြင့်မားကောင်းမွန်သောဝန်ဆောင်မှုတို့ဆုံစည်းရာ

သက်တောင့်သက်သာရှိမှုနှင့် နုပျိုသစ်လွင်သောခံစားမှုများကိုရရှိစေရန်စီစဉ်ထားသည့် ကျွန်ုပ်တို့၏ဆိတ်ငြိမ်အေးချမ်းသောနေရာတွင် အဆင့်အတန်းမြင့်မားကောင်းမွန်သော ပြန်လည်ကုစားခြင်းအတွေ့အကြုံများကိုရယူခံစားလိုက်ပါ။ ကျွန်ုပ်တို့အဖွဲ့သားများအနေဖြင့်သင့်အတွက်ချွင်းချက်မရှိသော ကျန်းမာရေးစောင့်ရှောက်မှုများကိုပေးစွမ်းနိုင်ရန်၊ သင်၏ကျန်းမာရေးပြုပြင်ပြောင်းလဲမှုခရီးစဉ်တစ်လျှောက်အားဖြည့်ကူညီပေးရန်ကတိပြုထားပြီးဖြစ်သည်။

ကျွန်ုပ်တို့၏သိပ္ပံနည်းပညာအသိအမြင်များ

သက်ရှည်နုပျိုခြင်းအဆင့်မြှင့်တင်ခြင်း

ကျွန်ုပ်တို့တာဝန်မှာ သက်ရှည်ကျန်းမာနုပျိုခြင်းဆိုသည့် စည်းဘောင်များကိုပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်နိုင်ရန်ဖြစ်သည်။ ကမ္ဘာ့အဆင့်မှီသိပ္ပံပညာရှင်များ၊ သမားတော်များပါဝင်သည့်အဖွဲ့မှဦးဆောင်ကာ  တင်းကျပ်စွာစိစစ်ကောက်နှုတ်ထားသော သုတေသနလေ့လာချက်များကိုအခြေပြု၍ ခေတ်မှီဆန်းသစ်သောသိပ္ပံနည်းကျဖြေရှင်းနည်းများကို ထောက်ပံ့ပေးစွမ်းနေသည်။

ကျွန်ုပ်တို့၏ကတိ

သင့်အောင်မြင်မှု

ကျွန်ုပ်တို့၏တီထွင်ဆန်းသစ်သောကုသမှုနည်းပညာများဖြင့် မိမိတို့ရည်မှန်းထားသောကျန်းမာခြင်းကိုရယူထားနိုင်သည့် ထောင်သောင်းမကသောသူများတွင်သင်ပါဝင်လိုက်ပါ။ VitalLife အနေဖြင့် ရှင်းလင်းပြတ်သားသောလမ်းညွှန်မှုများ၊ လက်တွေ့လိုက်နာလုပ်ဆောင်ရန်လွယ်ကူသောအကြံပြုချက်များကိုပေးစွမ်း၍ သင့်ခရီးစဉ်တစ်လျှောက်တည့်မတ်စွာလျှောက်လှမ်းနိုင်ရန်ကူညီပေးလျှက်ရှိပါသည်။

ကမ္ဘာ့အဆင့်မီ ဓာတ်ခွဲခန်း

ကျွန်ုပ်တို့တွင် ဆေးဝါးများကို တစ်ခါသုံးအဆင်ပြေထုပ်ပိုးခြင်း၊ သိမ်းဆည်းခြင်းနှင့် ချိန်ညှိဖြန့်ဝေပေးခြင်းအတွက် အပြည့်အစုံသောစနစ်တစ်ခုရှိပါသည်။ ယင်းစနစ်သည် Swisslog မှ ထုတ်လုပ်ထားသော နောက်ဆုံးပေါ် နည်းပညာဖြစ်သည့် Pharmacy Robot ဟုခေါ်သော အော်တိုမတ်ဆေးဝါးစီမံခန့်ခွဲမှုစနစ်ဖြစ်ပြီး၊ အာရှတွင် ပထမဦးဆုံး အသုံးပြုထားသော စနစ်တစ်ခုဖြစ်ပါသည်။

ဤနည်းပညာသည် ဆေးဝါးအသုံးပြုမှုအမှားများကို လျော့ချနိုင်ပြီး၊ စဉ်းစားမှတ်မိရမည့်အဆင်ပြေအဆင်မပြေမှုများကိုလျှော့ချပေးပြီး၊ အရေးကြီးသောလုပ်ငန်းစဉ်များကိုလွယ်ကူအောင်ပြုပြင်ပေးပြီး၊ ထိရောက်မှုကိုတိုးမြှင့်စေပါသည်။ အဆိုပါစနစ်သည် လေ့လာသင်ကြားပြီးသော ဆရာဝန်ဆေးဖက်ဆရာများနှင့် နည်းပညာရှင်များအတွက် နေ့စဉ်လုပ်ရသော အကြမ်းဖျဉ်းလုပ်ငန်းများတွင် အသုံးချရသည့်အချိန်ကို လျှော့ချပြီး လူနာပြုစုမှုအပေါ် အချိန်ပိုမိုထည့်သွင်းနိုင်စေပါသည်။