
ဖျားနာခြင်းဟူသောအရိပ်အောက်မှ ကြည်လင်တောက်ပသောကျန်းမာခြင်းလမ်းကြောင်းပေါ်သို့လှမ်းလာနေသည်ဟုစိတ်ကူးကြည့်ပါ - ၎င်းသည်သင်၏ရှင်သန်တိုးတက်ခြင်းအတွက်လမ်းပြမြေပုံပင်ဖြစ်သည်။ အဆုံးတစ်ဖက်တွင်ဖျားနာခြင်းနှင့်နာတာရှည်ရောဂါများကစောင့်ဆိုင်းလျှက်ရှိသည်။ သို့သော်သင်အရှေ့သို့ဆက်ပြီးလျှောက်လှမ်းလာလျှင် Neutral Zone ခေါ် ဖျားနာခြင်းမရှိသောနယ်မြေကိုဖြတ်ကျော်ပြီးနောက် စစ်မှန်သောကျန်းမာခြင်းနယ်မြေ သို့ရောက်ရှိလာလိမ့်မည်။ ဤနေရာတွင် အာဟာရဖြစ်စေသောအစားအစာများစားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ဆောင်ခြင်း၊ စိတ်ဖိစီးမှုများကိုကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်ခြင်းနှင့် အပြုသဘောဆောင်သောလူမှုဆက်ဆံရေးထားရှိခြင်း စသောသင်၏ကိုယ်ပိုင်ရွေးချယ်မှုများကအလွန်အရေးပါသည်။

အကန့်အသတ်မရှိသောစွမ်းအင်များပိုင်ဆိုင်ပြီး သင်၏ဝါသနာနှင့်စိတ်အားထက်သန်မှုများအတွက် အသက်အရွယ်အကန့်အသတ်မရှိ၊ ယိုယွင်းပျက်စီးမှုဖိအားများမရှိပဲ အရယူလုပ်ဆောင်နိုင်သော၊ ယိုင်နဲ့မှုမရှိသောကျန်းမာခြင်းနှင့်ပြည့်စုံနေသည့်ဘဝကိုစိတ်ကူးကြည့်ပါ။ VitalLife ၏တာဝန်မှာ သင်တို့အတွက်ရှည်ကြာသောဘဝသက်တမ်းနှင့် ကျန်းမာတက်ကြွစွာအိုမင်းခြင်းအခြေအနေနှစ်ခုတို့ ဟန်ချက်ညီမျှတနေသောသက်ရှည်ကျန်းမာခြင်းကိုရရှိစေရန် ကူညီလမ်းပြပေးရန်ဖြစ်သည်။ ကျွန်ုပ်တို့၏သိပ္ပံအခြေခံနည်းလမ်းများအရ သင်တို့နှင့်အတူလက်တွဲပြီး အသက်အရွယ်ကြီးရင့်ခြင်းနှင့်သက်ဆိုင်သောရောဂါဖြစ်နိုင်ချေများကိုလျှော့ချရုံသာမက သင်၏ရွှေရတုနှစ်များတွင်သက်ဝင်တက်ကြွမှု၊ အမှီအခိုကင်းစွာရှင်သန်နိုင်မှုနှင့် အကျိုးရှိစွာလုပ်ဆောင်တွေးခေါ်နိုင်မှုတို့ကိုထိန်းထားနိုင်ရန် စောင့်ရှောက်ကူညီပေးလျှက်ရှိပါသည်။
VitalLife တွင် သက်ရှည်ကျန်းမာခြင်းဆိုင်ရာပြဿနာများကိုတွန်းလှန်နိုင်ရန် Longevity Program ဟုခေါ်သည့်အစီအစဉ်တစ်ခုရှိသည်။ ဤအစီအစဉ်သည်ကျွန်ုပ်တို့၏အခြေခံစည်းမျဉ်းလေးခုဖြစ်သည့် Analyze, Optimize, Personalize နှင့် Rejuvenate စသောအချက်များအပေါ်တွင်တည်ဆောက်ဖန်တီးထားသည် : ၎င်းအချက်အလက်လေးခုတို့အတူတကွပေါင်းစည်းထားခြင်းသည် အသက်ရှည်စေရန်သာမက ကောင်းမွန်စွာရှင်သန်နေထိုင်နိုင်ရန်အတွက်ပါကူညီအားဖြည့်ပေးနိုင်သည့် ပြီးပြည့်စုံသောဗျူဟာတစ်ခုဖြစ်လာစေသည်။
ကျွန်ုပ်တို့၏သက်ရှည်ကျန်းမာခြင်းအစီအစဉ်စတင်မိတ်ဆက်ခြင်းနှင့်အတူ ကျန်းမာခြင်းခေတ်သစ်သို့တက်လှမ်းရန်ဖိတ်ခေါ်အပ်ပါသည်။ ဤစာရင်းပေးအသင်းဝင်ခြင်းဖြင့်ရယူနိုင်သောဝန်ဆောင်မှုသည် သင်၏သက်ရှည်ကျန်းမာခြင်းလမ်းစဉ်တစ်လျှောက် အဆက်မပြတ်သောထောက်ပံ့မှုများဖြင့် လမ်းပြကူညီပေးနိုင်မည့် ဘက်ပေါင်းစုံမှခြုံငုံစောင့်ရှောက်ခြင်း၏အထွတ်အထိပ်ရလာဒ်တစ်ခုဖြစ်သည်။ သင့်အားကျန်းမာခြင်း၏အထွတ်အထိပ်နေရာတစ်ခုတွင်ထားရှိရန် အစဉ်အမြဲတိုးတက်ပြောင်းလဲမှုများပြုလုပ်နေသည့်ဝန်ဆောင်မှုစင်တာတွင် ခေတ်ရှေ့ပြေးဆန်းသစ်သော သင့်အတွက်အံဝင်ခွင်ကျဖြစ်နေမည့် သီးသန့်ဝန်ဆောင်မှုအစီအစဉ်များကိုရရှိနိုင်သည်ဟုစိတ်ကူးကြည့်လိုက်ပါ။
VitalLife ခရီးစဉ်သည် သင့်တင့်မျှတသောကျန်းမာခြင်းရရှိရုံနှင့်မပြီးဆုံးနိုင်ပါ။ သင့်ဘဝခရီးစဉ်အဆင့်တိုင်းအတွက် ဘဝတစ်လျှောက်လုံး ရေရှည်ထိန်းထားနိုင်ရန်ဖြစ်သည်။ ဤသက်ရှည်ကျန်းမာခြင်းအစီအစဉ်သည် ကျန်းမာခြင်းအတွက်သာမက အသက်ရှည်ခြင်း၊ ရှင်သန်နုပျိုခြင်းတို့နှင့်ပြည့်နှက်နေသောဘဝတစ်ခုကိုရရှိစေမည့် ကတိတစ်ခုပင်ဖြစ်သည်။
ရက်ချိန်းရယူရန်။ ကျွန်ုပ်တို့၏သက်ရှည်ကျန်းမာခြင်းအစီအစဉ်ကိုရှာဖွေလေ့လာပါ။
အိုမင်းရင့်ရော်ခြင်းအကြောင်းကိုသိရှိနားလည်ခြင်း : ဝိသေသလက္ခဏာ ၁၂ ချက်ရှင်းလင်းခြင်း
အိုမင်းရင့်ရော်ခြင်းဆိုသည်မှာ အချိန်ကြာလာသည်နှင့်အမျှ ကျွန်ုပ်တို့၏အသွင်အပြင်နှင့်ခံစားမှုများကိုပြောင်းလဲပစ်ရန် အပိုင်းအစလေးများအတူတကွပေါင်းစည်းထားသည့် ပဟေဠိတစ်ခုနှင့်တူသည်။ ထိုအပိုင်းအစလေးများကိုရိုးရှင်းသောအခေါ်အဝေါ်များဖြင့်ခွဲခြမ်းလေ့လာကြမည်။